သရုပ်ဆောင် မာန်ဟိန်းက မွေးရပ်မြေဖြစ်တဲ့ မြန်အောင်နဲ့ဟင်္သာတကြားက ဆယ်ရွာတွင် တည်ထား ကိုးကွယ်မယ့် မာန်အောင်စင်္ကြာရွာဦး စေတီနဲ့ နဂါးရုံ ဘုရား ကြီးတည်ထားကိုးကွယ်ဖို့အတွက် အနုပညာကြေး တွေ စုပြီး အလှူငွေထည့်ဝင်ခဲ့ပါတယ်။ ဒါ့အပြင် ရွာဖွံ့ဖြိုးရေးတွေလည်း အများကြီး ထပ်လုပ်သွားဦးမှာ လို့ သူကပြောပါတယ်။
”ဘဝဆိုတာ မမေ့ကောင်းတဲ့အရာပါ။ ကိုယ်ဘယ် ဘဝကတက်လှမ်းလာခဲ့သလဲဆိုတာ အမြဲပြန်ကြည့်သင့် တယ်လို့ ရှေးစာဆိုကြီးတွေက ပြောခဲ့သလိုပါပဲ။ ကျွန်တော် ရွာသားပါ။ မြန်အောင်နဲ့ ဟင်္သာတကြားထဲက ဆယ်ရွာဆို တဲ့ ဖွံ့ဖြိုးမှုနှေးကွေးနေသေးတဲ့ ရွာကချာတိတ်လေး တစ် ယောက်ပါ။ လက်ရှိကျွန်တော် နေရာတစ်နေရာရောက်လာ တဲ့ အချိန်မှာ ကျွန်တော့်ရွာလေးကိုတစ် ထောင့်တစ်နေရာ က အကျိုးပြုချင်တာပါပဲ။ ရွာမှာ တည်ထားကိုးကွယ် မယ့် မာန်အောင်စင်္ကြာရွာဦးစေတီနဲ့ နဂါးရုံဘုရားကြီးတည် ထားကိုးကွယ်ဖို့အတွက် ကျွန်တော်တတ်နိုင်သလောက် ချွေး နဲစာထဲက လှူဒါန်းခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါ တယ်။ TV ထဲမှာပါခွင့်ရတဲ့ သူတို့ ရွာသားဆိုပြီး ဝမ်းသာ ဂုဏ်ယူစွာ ကြိုဆိုပေးကြတဲ့ အမျိုးတွေကိုလည်း ကျေးဇူးအ များကြီးတင်ပါတယ်။ ကျွန်တော်အလုပ်တွေရနေတယ် အောင်မြင်လာတယ်ဆိုရင်လည်း ကျွန်တော်ကတော့ ကိုယ့် ရပ်ကိုယ့်ရွာ ကိုယ့်ဆွေကိုယ်မျိုးတွေအတွက် ဖြစ်တည်လာ တာပါ။ ဘယ်တော့မှ ဘဝမမေ့အောင်ကြိုးစားနေဦးမှာပါ ပဲ”လို့ သရုပ်ဆောင် မာန်ဟိန်းကပြောပါတယ်။
လင်းအက္ခရာ