Tuesday, December 16, 2025

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင်...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌...

ယူကရိန်းသည် ‘နယ်မြေကို ဆုံးရှုံးပြီးသား’ ဟု...

ယူကရိန်းသည် ၎င်း၏ နယ်မြေအချို့ကို ဆုံးရှုံးပြီးသားဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် စီစဉ်ထားသော လုံခြုံရေးအာမခံချက်များသည် ကိယက်ဗ်မှ နယ်မြေဆိုင်ရာ...
HomeCelebrities' Newsဘယ်အခန်း ကဏ္ဍမဆို မိန်းကလေးတွေ...

ဘယ်အခန်း ကဏ္ဍမဆို မိန်းကလေးတွေ ဦးဆောင် ဦးရွက်ပြုနိုင်တာ ဂုဏ်ယူတယ် နေခြည်ဦး (Beauty Blogger)

နိုင်ငံတစ်နိုင်ငံရဲ့ အရေးကြီးတဲ့ အထိမ်းအမှတ်တစ်ခုကနေ ပါဝင်လုပ်ဆောင်နေကြတဲ့အထဲမှာ အမျိုးသမီးတွေ လည်း အများကြီး ပါပါ တယ်။ ဒါကလည်း နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်ပြောင်းလဲလာမှုတွေကြောင့် ဖြစ်တယ် လို့လည်း နေခြည်ဦး (Beauty Blogger) က ပြောပါတယ်။

“နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်ပြောင်းလဲလာမှုပေါ်မှာလည်း အများကြီးမူတည်တယ်လို့ နေခြည်  ထင်ပါတယ်။ တခြားနိုင်ငံတွေမှာလည်း အမျိုးသမီးတွေက အခန်းကဏ္ဍတစ်ခု တကယ်ကိုအရေးကြီးတဲ့ အစိတ် အပိုင်းတွေက ဦးဆောင်ဦးရွက်ပြုနေတာတွေလည်း အများကြီးရှိတယ်။ ဒီလိုမှမဟုတ်ဘူး။ ကိုယ့်ရဲ့နေ့စဉ် လုပ်ငန်းတာဝန်မှာလည်း မိန်းကလေးတွေက တကယ်ကို ရာထူးကြီး၊ တကယ့်အခန်းကဏ္ဍကြီး အရင်တုန်းက မလုပ်နိုင်ဘူးထင်တဲ့နေရာတွေမှာ လုပ်ဆောင်နိုင်တဲ့အခွင့်အရေးအများကြီးရှိတယ်။ နိုင်ငံကလည်း အခုတိုးတက်လာတဲ့အတွက် မိန်းကလေးတွေက အခန်းကဏ္ဍအမျိုးမျိုးမှာ ရှေ့ဆက်တိုးရဲလာတယ်။

အရှေ့က ဦးဆောင်ဦးရွက်ပြုတဲ့သူလည်း အများကြီးရှိလာပြီ။ ခေါင်း ဆောင်ကောင်းတွေလည်း ပေါ်ထွက်လာတဲ့အတွက်ရော၊ ပြီးတော့ မိန်းကလေးတွေက မကြောက် မရွံတော့ဘဲနဲ့ အရင်ကလို အိမ်ထဲမှာပဲနေတော့တာမဟုတ်ဘူး။ ကိုယ့်ရဲ့ဘဝကို ဒီ့ထက်ပိုပြီး တိုးတက်ချင်တယ်။ ကိုယ့်ရဲ့ဘဝမှာ ဒီလိုမျိုး ရှေ့ဆက်တိုးလာတာမြင်ရတဲ့အတွက် ဝမ်းသာဂုဏ် ယူပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ငယ်ငယ်လေးကတည်းက မိဘတွေရဲ့ ပြုစု ပျိုးထောင်မှုတွေကြောင့် မိန်းကလေးဆိုပြီး သိမ်ငယ်တဲ့စိတ်တစ်ခါမှ မဖြစ်ခဲ့ဘူး။ ကျောင်းမှာဆိုရင်လည်း သူငယ်ချင်းယောက်ျားလေးတွေနဲ့ တန်းတူရင်ဆိုင်တယ်။ ယောက်ျားလေးမှ စာတော်တယ်ဆိုတာလည်း အဖြစ်မခံဘူး။ ငယ်ငယ်လေးကတည်းက မခံချင်စိတ်ကလည်း အမြဲ တမ်းရှိပြီးသား။

အသက်အရွယ်ကြီးလာ တော့ လည်း Beauty Blogger အနေနဲ့ တစ်ယောက်တည်း ရပ်တည်နိုင်အောင် ကိုယ့်စိတ်ကိုယ် မွေးတယ်။ ဒီလိုမျိုးမိန်းကလေးတွေက ဘယ်အခန်းကဏ္ဍမဆို  ဦးဆောင်ဦးရွက်ပြုနိုင်တာကို အလွန်ပဲ ဂုဏ်ယူပါတယ်။ မိန်းကလေးတွေဟာ ခေါင်းဆောင် ဖြစ်နိုင်ရမယ်ဆိုတဲ့ စိတ်ကိုမွေးပါ။ ခေါင်းဆောင် ဖြစ်နိုင်မယ့်စိတ်ကိုမွေးထားမှ တကယ်လို့ ခေါင်းဆောင် ဖြစ်မလာဘဲ Follow လုပ်သူ ဖြစ်လာရင် င်္သူသတ လုပ်နိုင် သူကောင်း ဖြစ်နိုင်မှာပါ”လို့ နေခြည်ဦးက ဆိုပါတယ်။

အမျိုးသမီးတွေအနေနဲ့ ခွဲခြားဆက်ဆံခံရရင် ငြိမ်ခံနေစရာ မလိုကြောင်းကိုလည်း နေခြည်ဦးက…

“အဲဒီလို ခွဲခြားဆက်ဆံခံရရင် ငြိမ်ခံနေစရာ မလိုဘူးလို့ နေခြည်ပြောချင်ပါတယ်။ ကိုယ်ကမိန်းကလေးမို့လို့ အိမ် မှာပဲနေရမယ်။ ကိုယ်ကမိန်းကလေးမို့လို့ အလုပ်မလုပ်ရဘူးဆိုတာမျိုးလုံးဝမရှိဘူး။ မီဒီယာတွေကြည့်ပါ။ ပတ်ဝန်းကျင်ကို အမြဲလေ့လာပါ။ တစ်ကမ္ဘာလုံးမှာ ဘာတွေဖြစ်နေသလဲ။ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေသလဲဆိုတာ အမြဲတမ်းလေ့ လာပါ။ လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံခံရရင်လည်း ကိုယ့်ရဲ့သူဋ္ဌေးက ဒီလိုမျိုးရှိမှာ မဟုတ်တဲ့အတွက် Follow ကိုကောင်း ထုတ်ပြပေးပါ။ အလုပ်ရှင်က ခွဲခြားဆက်ဆံခဲ့မယ်ဆိုရင်တော့ ဒီအလုပ်ကကိုယ့်အတွက် ဘယ်လောက် အခွင့်အရေးရှိပါ တယ်ပြောပြောမလုပ်စေချင်ပါဘူး။ မိန်းကလေးတွေက ယောက်ျားလေး အလုပ်လုပ်နိုင်တဲ့စိတ်မွေးပါ” လို့ ပြောပါ တယ်။

ခိုင်ဝေလွင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071