Tuesday, April 22, 2025

လူဦးရေတိုးပွားရေး ရည်မှန်းချက်အတွက် မိခင်လောင်းများကို X...

အီလွန်မက်စ်သည် သူ၏ အနာဂတ်ရှုမြင်ချက်နှင့်ကိုက်ညီမည့် သားသမီးများဖြင့် "တပ်စုကြီး" တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် သူ၏ လူမှုမီဒီယာပလက်ဖောင်း X ကို အသုံးပြုကာ အမျိုးသမီးများအား...

လားရှိုးမြို့သို့ ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်းများ တပ်နေရာချမှု...

ယနေ့ ဧပြီ(၂၂)ရက် နံနက်ပိုင်းအချိန်က လားရှိုးမြို့သို့ စတင်ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်း အနေဖြင့်ထောက်ပို့တပ် အပါအဝင် ခလရ (၄၁) တပ်တို့တွင် တပ်နေရာနေရာချထားမှုများ ဆောင်ရွက်လျက်ရှိသည်ဟု...

ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ပမှဘိလပ်မြေများ...

ငလျင်ဒဏ်သင့်ဒေသများတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ပမှ တင်သွင်းခွင့်ပြုထားသည့် ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။ ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်၍ နိုင်ငံတစ်ဝန်း၌ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်...

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ...

မြန်မာ့တပ်မတော်မှ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၂ ရက်မှ ၂၂ ရက်အထိသတ်မှတ်ခဲ့ရာမှ ယင်း ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးကာလကို ဧပြီ ၃၀ ရက်အထိထပ်မံတိုးမြှင့်ခဲ့ကြောင်း...
HomeMoviesဘန်ကောက်မြို့၊ ဘန်ဘောဈေးရှိ ရွှေဆိုင်တစ်ဆိုင်ကို...

ဘန်ကောက်မြို့၊ ဘန်ဘောဈေးရှိ ရွှေဆိုင်တစ်ဆိုင်ကို ဝင်ရောက် လုယက်ပြီး ရဲအရာရှိတစ်ဦး၏ အိမ်တွင်ပုန်းအောင်းနေသည့် မြန်မာလုပ်သား တစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ဘောဈေးရှိ ရွှေဆိုင်တစ်ဆိုင်ကို ဝင်ရောက် လုယက်ပြီး ရဲအရာရှိတစ်ဦး၏ အိမ်တွင်ပုန်းအောင်းနေသည့် မြန်မာလုပ်သား တစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြချက်အရ သိရသည်။

မြန်မာလုပ်သားတစ်ဦးသည် ဒီဇင်ဘာ ၂၄ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ဘောဈေးအနီး အေကချိုင်လမ်းရှိ ဟန်းထောင်ထိုင်းစီးလီး အမည်ရှိရွှေဆိုင်ကို ၀င်ရောက်လုယက်ခဲ့ခြင်းဖြစ်သည်။

ရွှေဆိုင်မှ အရောင်းဝန်ထမ်းများ လိုက်လံအော်ဟစ် ဖမ်းဆီးရာ ဈေးထဲ ဝင်ပြေးသွားသည့်အတွက် လွတ်မြောက်သွားခဲ့သော်လည်း ဈေးအနီးရှိ ရဲအရာရှိတစ်ဦး၏ နေအိမ်ခြံ၀င်းအတွင်းရှိသော သစ်ပင်၌ ပုန်းအောင်းနေစဉ် ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံခဲ့ရသည့် အဆိုပါအမျိုးသားသည် လုပ်ခလစာ မလုံလောက်ဘဲ အကြွေး ဘတ် ၇၀၀၀၀ ကျော် တင်နေသည့်အတွက် လုယက်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်ဟုလည်း သတင်းများတွင်ဖော်ပြထားသည်။

လုယက်မှုကျူးလွန်ခဲ့သည့် မြန်မာအမျိုးသားအား သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ခေါ်ဆောင်သွားခဲ့ပြီး ဆက်လက်စစ်ဆေးမှုများပြုလုပ်မည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူဦးရေတိုးပွားရေး ရည်မှန်းချက်အတွက် မိခင်လောင်းများကို X ပလက်ဖောင်းမှတစ်ဆင့် အီလွန်မက်စ် စုဆောင်းနေ

အီလွန်မက်စ်သည် သူ၏ အနာဂတ်ရှုမြင်ချက်နှင့်ကိုက်ညီမည့် သားသမီးများဖြင့် "တပ်စုကြီး" တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် သူ၏ လူမှုမီဒီယာပလက်ဖောင်း X ကို အသုံးပြုကာ အမျိုးသမီးများအား သူနှင့် သားသမီးရယူရန် အဆိုပြုခဲ့ကြောင်း ဝေါစထရိဂျာနယ်(WSJ) က မကြာသေးမီက ရေးသားဖော်ပြခဲ့သည်။ အမေရိကန်မှ ဆယ်လီ ကလောင်ရှင် အမျိုးသမီးတစ်ဦးဖြစ်သူ အက်ရှ်လေစိန့်ကလဲယား(အသက် ၂၉)သည် X လူမှုကွန်ရက်တွင် အီလွန်မက်စ်နှင့် စတင်ဆက်သွယ်မိခဲ့ပြီး၊ သူတို့၏ အွန်လိုင်းစကားပြောဆိုများမှတစ်ဆင့် ရင်းနှီးသောအဆင့်သို့ ရောက်ရှိခဲ့သည်။ စိန့်ကလဲယားသည် နောက်ပိုင်းတွင် မက်စ်၏ ကုမ္ပဏီဌာနချုပ်သို့ သွားရောက်ခဲ့ပြီး၊ ၂၀၂၃...

လားရှိုးမြို့သို့ ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်းများ တပ်နေရာချမှု ဆောင်ရွက်နေဟုဆို

ယနေ့ ဧပြီ(၂၂)ရက် နံနက်ပိုင်းအချိန်က လားရှိုးမြို့သို့ စတင်ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်း အနေဖြင့်ထောက်ပို့တပ် အပါအဝင် ခလရ (၄၁) တပ်တို့တွင် တပ်နေရာနေရာချထားမှုများ ဆောင်ရွက်လျက်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက‌ ပေါ်ပြူလာနယူးစ်ကို ပြောသည်။ " မြို့တွင်းမှာအေးဆေးပါဘဲ၊ အခု (၆၂၆)ထောက်ပို့တပ်နဲ့ ခလရ (၄၁) တပ်တွေမှာ တပ်နေရာချထားတာတွေလုပ်နေတာတွေ့ရပါတယ်" ဟု ၎င်းက ဆိုသည်။ ထို့ပြင် ယနေ့ ဝင်ရောက်လာသည့် တပ်မတော် စစ်ကြောင်းတွင် တပ်မိသားစုဝင်များ ပါဝင်လာသည်ကို တွေ့ရသော်လည်း ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများပါဝင်လာသည်ကိုမတွေ့ရှိရကြောင်း ၎င်းက သူမြင်တွေ့ရသည်ကို ပြောကြားသည်။ လားရှိုးမြို့အုပ်ချုပ်ရေးဆိုင်ရာအတွက် တပ်မတော်နှင့်...

ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ပမှဘိလပ်မြေများ ထပ်မံရောက်ရှိလာ

ငလျင်ဒဏ်သင့်ဒေသများတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ပမှ တင်သွင်းခွင့်ပြုထားသည့် ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။ ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်၍ နိုင်ငံတစ်ဝန်း၌ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ တည်ဆောက်မှု လုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သည့် ပြည်တွင်းဘိလပ်မြေ လိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှ ဘိလပ်မြေများကို တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေရေယာဉ်များ စဉ်ဆက်မပြတ်ရောက်ရှိလျက်ရှိပြီး ယခုတန်ချိန် (၂၄၀၀) တင်ဆောင်လာသည့်ရေယာဉ်သည် ရန်ကုန်မြို့ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း သာကေတဆိပ်ခံတံတားသို့ ဧပြီ (၂၀)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071