Thursday, May 22, 2025

တရုတ်နှင့်ဆက်ဆံရေးကြောင့်ယူအက်စ်နှင့်ကုန်သွယ်ရေးမထိခိုက်–အန်ဝါ

မလေးရှားနိုင်ငံသည် ဝါရှင်တန်၏ အဓိကပြိုင်ဘက် တရုတ်နှင့် ဆက်ဆံရေးကို ခိုင်မာစေရန် ကြိုးပမ်းနေသော်လည်း စည်းကြပ်ခွန်များ လျှော့ချပေးရေး ၎င်း၏ ပန်ကြားချက်ကို နားလည်စာနာစွာဖြင့် ပြန်လည်သုံးသပ်သွားရန်...

အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦး ဝါရှင်တန်ဒီစီ ဂျူးပြတိုက်အနီးတွင်...

ဝါရှင်တန်ဒီစီရှိ အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦး ဗုဒ္ဓဟူးနေ့ညက Capital Jewish Museum အနီးတွင် ပ-စ်ခတ်ခံရပြီး ‌ေ-သဆုံးခဲ့ကြောင်း ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem...

(၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့်...

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပမည့် (၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၉) ကြိမ်မြောက် တရုတ် (ကူမင်း)ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲတွင်...

ရုရှားနှင့် မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို အီရန် ပါလီမန်...

မော်စကိုနှင့်တေရန်တို့အကြား နှစ် ၂၀ကြာရှည်သော မဟာဗျူဟာမြောက် မိတ်ဖက်ဆောင်ရွက်မှုကို အီရန်ပါလီမန်က ဗုဒ္ဓဟူးနေ့တွင် အတည်ပြုလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။ သဘောတူညီချက်အရ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု...
HomeNewsLocal Newsဘန်ကောက်တွင် အမှိုက်သိမ်းမူဝါဒအသစ် ထုတ်ပြန်

ဘန်ကောက်တွင် အမှိုက်သိမ်းမူဝါဒအသစ် ထုတ်ပြန်

ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ (BMA) သည် အမှိုက်သိမ်းခကို လျှော့ချရန်အတွက် နေအိမ်များမှ အမှိုက်များကို ခွဲခြားထုတ်​ပေးထားရန်ထုတ်ပြန်ကြေညာခဲ့သည့် ၂၀၂၂ ခုနှစ်မှ စတင်ခဲ့သည့်အစီအစဉ်သည် ယခုနှစ်တွင် တိုးတက်လာခဲ့ပါသည်။

ဘန်ကောက်မြို့ အုပ်ချုပ်ရေးမှူး ကအမှိုက်သိမ်းမှုနှင့် ဝန်​ဆောင်ခများကို ၂၀၂၅ ခုနှစ် အောက်တိုဘာလမှ စတင်ကာပြောင်းလဲ​တော့မည်ဖြစ်ပြီး အမှိုက်များကို ခွဲခြား​ပေးရန် တိုက်တွန်းကြောင်း ဧပြီလ ၁၁ ရက်နေ့တွင် ကြေညာခဲ့သည်။

လက်ရှိတွင် BMA သည် အမှိုက်သိမ်း​ပေးခြင်းနှင့် စွန့်ပစ်​ပေးခြင်းအတွက်တစ်နှစ်လျှင် ဘတ်ငွေ သန်း ၇,၀၀၀ ခန့်  သုံးစွဲနေရာ အိမ်ထောင်စုများမှ တစ်နှစ်လျှင် ဘတ်သန်း ၅၀၀ သာ ကောက်ခံရရှိပါသည်။

၂၀၂၄ခုနှစ်စာရင်းအရ တစ်နေ့လျှင် အမှိုက်တန်ချိန် ၁၀,၀၀၀ ခန့် သိမ်းရာတွင် ထက်ဝက်နီးပါးမှာ အစားအစာ စွန့်ပစ်ပစ္စည်းများဖြစ်သည်။

ထွက်ရှိလာမည့်နှုန်းထားအသစ်များသည် အမှိုက်အမျိုးအစားပေါ် မူတည်ပြီးကွဲပြားပါသည်။

မိလ္လာနှင့် အဆီများ စွန့်ပစ်ခြင်းအတွက် ဝန်ဆောင်ခမှာ တစ်ကုဗမီတာလျှင် ဘတ် ၆၀၀ (အမှိုက်သိမ်းခနှင့် သယ်ယူပို့ဆောင်ခမှာ ဘတ် ၃၀၀ ဖြစ်ပြီး စွန့်ပစ်ခမှာ ဘတ် ၃၀၀) ဖြစ်သည်။

အထွေထွေအမှိုက်အတွက် အခကြေးငွေကို လစဉ်​ပေး​ချေမှုနှင့် အကြိမ်လိုက်​ပေး​ချေမှုဟု ခွဲခြားထားသည်။

အမှိုက်သိမ်းဝန်​ဆောင်မှုအတွက် အက်ပ်ပလီ​ကေးရှင်းဖြစ်သည့် BKK Waste Pay ကိုလည်းလုပ်ထား​ပေးသဖြင့် တဦးချင်း၊ အိမ်ယာအလိုက်၊ကွန်ဒိုအလိုက်ပါဝင်​ လျှောက်ထားနိုင်သည်။အမှိုက်အမျိုးအစားခွဲ​ပေးခြင်းဖြင့်အမှိုက်လျော့ချရာတွင် ပါဝင်ကြဖို့ နိုး​ဆော်ထားသည်။

“သင့်အမှိုက်​အမျိုးအစားတွေကိုခွဲပါ၊ သင့်ငွေကို ချွေတာပါ”

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်နှင့်ဆက်ဆံရေးကြောင့်ယူအက်စ်နှင့်ကုန်သွယ်ရေးမထိခိုက်–အန်ဝါ

မလေးရှားနိုင်ငံသည် ဝါရှင်တန်၏ အဓိကပြိုင်ဘက် တရုတ်နှင့် ဆက်ဆံရေးကို ခိုင်မာစေရန် ကြိုးပမ်းနေသော်လည်း စည်းကြပ်ခွန်များ လျှော့ချပေးရေး ၎င်း၏ ပန်ကြားချက်ကို နားလည်စာနာစွာဖြင့် ပြန်လည်သုံးသပ်သွားရန် အမေရိက,က ကတိပြုထားသည်ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က ပြောကြားခဲ့သည်။ စည်းကြပ်ခွန်များနှင့် ပတ်သက်၍ မလေးရှားနှင့် အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်များ စတင်ဆွေးနွေးမှုများ မလုပ်မီရက်သတ္တတစ်ပတ်ခန့်ဖြစ်သော ဧပြီလ လယ်က မလေးရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့သော တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဒါတွတ် ဆရီ အန်ဝါ အီဘရာဟင်မ်က ချီးကျူးခဲ့ကာ သဘောတူညီချက် ၃၁ ခုကို...

အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦး ဝါရှင်တန်ဒီစီ ဂျူးပြတိုက်အနီးတွင် ပ-စ်ခတ်ခံရပြီး ‌ေ-သဆုံး

ဝါရှင်တန်ဒီစီရှိ အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦး ဗုဒ္ဓဟူးနေ့ညက Capital Jewish Museum အနီးတွင် ပ-စ်ခတ်ခံရပြီး ‌ေ-သဆုံးခဲ့ကြောင်း ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem က ပြောကြားခဲ့သည်။ “ဝါရှင်တန်ဒီစီရှိ ဂျူးပြတိုက်အနီးမှာ အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦး အဓိပ္ပာယ်မဲ့စွာ ‌ေ-သဆုံးခဲ့ပါတယ်” ဟု Noem က X တွင် ရေးသားခဲ့သည်။ “ကျွန်ုပ်တို့ တက်ကြွစွာ စုံစမ်းစစ်ဆေးနေပြီး အခုထက် ပိုမိုသိရှိရအောင် ကြိုးစားနေပါတယ်” ဟု သူမက ဆိုသည်။ ပ-စ်ခတ်မှုမှာ ‌ေ-သနတ်သမားတစ်ဦးတည်းက ကျူးလွန်ခဲ့သည်ဟု ယူဆရပြီး ၎င်းအား ဖမ်းဆီးထားပြီဖြစ်ကြောင်း...

(၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၉) ကြိမ်မြောက် တရုတ် (ကူမင်း)ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ မြန်မာလုပ်ငန်းရှင်များပါဝင်ပြသမည်

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပမည့် (၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၉) ကြိမ်မြောက် တရုတ် (ကူမင်း)ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲတွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသမည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။ အဆိုပါ ကုန်စည်ပြပွဲကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၉) ရက်မှ (၂၄) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကုန်စည်ပြပွဲတွင် စာရင်းပေးသွင်းထားသည့် ကုမ္ပဏီများအား ကုန်စည် ပြပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ပြသမည့် လုပ်ငန်းရှင်များ အနေဖြင့် ကျောက်မျက်ရတနာများ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071