Friday, May 23, 2025

အလွန်ပါး‌သော Galaxy S25 Edge...

ဆမ်ဆောင်းအီလက်ထရွန်းနစ်၏ အပါးလွှာဆုံးစမတ်ဖုန်းအသစ်ဖြစ်သော Galaxy S25 Edge သည် ၅.၈ မီလီမီတာပရိုဖိုင်ရှိပြီး ပေါ့ပါးသော ဒီဇိုင်းဖြင့် ၁၆၃ ဂရမ်သာ လေးသည်။...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၀)ကျော်ရှိ ရပ်ရွာလူထုနှင့်...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၅)မြို့နယ်ရှိ ရပ်ရွာလူထုနှင့် ကလေးများအနေဖြင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်အား သိရှိသတိပြုမိစေရန် အသိပညာပေးခြင်းအစီအစဉ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို...

ရုရှားနှင့်အကျဉ်းသားလဲလှယ်ရေးပြင်ဆင်ဆောင်ရွက်နေ–ယူကရိန်း

ကိဗ်၊မေ ၂၂ ယူကရိန်းသမ္မတဇယ်လန်းစကီးက ရုရှားနှင့် အကျဉ်းသား (၁,၀၀၀) လဲလှယ်ရန်အတွက် ပြင်ဆင်ရန်အစည်းအဝေးကျင်းပခဲ့ကြောင်း ကြာသပတေးနေ့တွင် ကြေငြာလိုက်သည်။ အဆိုပါအစည်းအဝေးအပြီး၌ ယူကရိန်းသမ္မတက ကာကွယ်ရေးဝန်ကြီးသည် မေလ ၁၆...

MNL League Cup-2025 ပြိုင်ပွဲ...

ရတနာပုံ FC အသင်းသည် MNL League Cup-2025 အုပ် စုပွဲစဉ် (၃)ပွဲကစားပြီးနောက် ရမှတ်(၉)မှတ်ဖြင့် Quarter Final အဆင့်သို့...
HomeCelebrities' Newsဘန်ကောက်မှာ အကသင်တန်းသွားတက်မယ့် ဧငြိမ်းဖြူ

ဘန်ကောက်မှာ အကသင်တန်းသွားတက်မယ့် ဧငြိမ်းဖြူ

သရုပ်ဆောင် ဧငြိမ်းဖြူက ဒါရိုက်တာ သီတာလင်း ရိုက်ကူးမယ့် ‘မိရိုးဖလာ’ ရုပ်ရှင်ဇာတ်ကားကြီးမှာ ရန်အောင်၊ ရဲအောင်၊ ကျော်ရဲအောင်၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ စောယုနန္ဒာတို့နဲ့အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ‘မိရိုးဖလာ’ ရုပ်ရှင်ဇာတ်ကားကြီးအတွက် သူမရဲ့ ပြင်ဆင်မှုအပိုင်းကိုတော့ ဧငြိမ်းဖြူက “ဒီဇာတ်ကားလေးထဲမှာ နိုင်ငံခြားကနေ စာတန်းပြုစုဖို့ ပြန်ရောက် ရှိလာတဲ့ ကာရိုက်တာလေးနဲ့ပါ။ စာတန်းပြုစုတဲ့ ကာရိုက်တာအတွက် တောင်ပြုံး အကြောင်းတွေ လေ့လာထားပါတယ်။ ညီမသိသလောက်တော့ တောင်ပြုံးပွဲက အရမ်းနတ်ကြီးတယ်လို့သိတယ်။ အဲဒီအတွက် ညီမစကားပြောတာတွေ ဝတ်တာ စားတာတွေကို အရမ်းဂရုစိုက်ရမယ် ထင်တယ်။ ဒီဇာတ်ကားက ရုပ်ရှင်ဇာတ်ကား ကြီးအနေနဲ့ ဒုတိမြောက်ဇာတ်ကားပါ”  လို့ ပြောပါတယ်။

ဧငြိမ်းဖြူက တတိယမြောက် ရုပ်ရုင်ဇာတ်ကားကို ဒါရိုက်တာဝိုင်းနဲ့ ရိုက်ကူးဖို့ အတွက် လေ့လာပြင်ဆင်နေကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။ ” တတိယမြောက် ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာဝိုင်းနဲ့ ရိုက်ကူးဖို့ စီစဉ်ထား ပါတယ်။ အဲဒီဇာတ်ကားကတော့ ကြာမယ်။ အကနဲ့ပတ်သက်တာ လေ့လာဦးမယ်။ ညီမက ငယ်ငယ်လေးကတည်းက ကတဲ့အတွက်တော့ ထွေထွေထူးထူး အခက်အခဲ မရျိဘူး။ ပိုပြီး အဆင်ပြေအောင် ဘန်ကောက်မှာ အကသင်တန်းကျောင်းသွားတက်ဖို့ ရှိတယ်။ ဒါရိုက်တာဝိုင်း ရိုက်ကူးမှာဆိုတော့ ညီမတော်တော်လေး ကြိုးစားရမယ်။ ဒါရိုက်တာဝိုင်းက အကနဲ့ပတ်သက်ပြီး တစ်ခါမှ မရိုက်ကူးဖြစ်ခဲ့သေးဘူး။ အကဇာတ် ကားဆိုတော့ တော်တော်လည်း လေ့ကျင့်ဖို့ အချိန်ယူရမယ်” လို့ ဧငြိမ်းဖြူက ဆိုပါတယ်။ သရုပ်ဆောင် ဧငြိမ်းဖြူက အခုလတ်တလော ရုပ်ရှင်ကား ဇာတ်ကားတွေ ရိုက်ကူး သွားဖို့ရှိပြီး ကြော်ငြာ၊  တွေလည်း ရိုက်ကူးဖို့ရှိကြောင်းလည်း သိရပါတယ်။

ချယ်ရီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071