ဘဏ္ဍာရေးစည်းမျဉ်းများ ချိုးဖောက်မှုများရှိသည်ဟုဆိုကာ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်က တရားစွဲဆိုထားကြောင်း The Times သတင်းဌာနက ယနေ့ (ဖေဖော်ဝါရီလ ၆ ရက်) ရက်စွဲဖြင့် ဖော်ပြထားသည်။
မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်မှ ချိုးဖောက်မှုပေါင်း ၁၀၀ ကျော်ဖြင့် တရားစွဲဆိုထားပြီး မန်စီတီးအသင်းသည် တန်းဆင်းရသည်အထိိ ရင်ဆိုင်ရမည်ဟုဆိုသည်။
ပရီးမီးယားလိဂ်သည် မန်စီတီးအသင်းအား 2009-10 ခုနှစ်မှ 14 ရာသီထိ စည်းကမ်းဖောက်ဖျက်မှုဖြင့် စွဲချက်တင်ထားကြောင်း ၎င်း၏ ၀က်ဘ်ဆိုဒ်တွင် ကြေညာထားသည်ကိုလည်း တွေ့ရသည်။
ပရီးမီးယားလိဂ်သည် လေးနှစ်ကြာ စုံစမ်းစစ်ဆေးပြီးနောက် စွဲချက်တင်ခဲ့ခြင်းဖြစ်ပြီး စည်းမျဥ်းချိုးဖောက်ကြောင်း သက်သေပြနိုင်ပါက မန်စီတီးအသင်းသည် လိဂ်မှ ထုတ်ပယ်ခံရခြင်း၊ အမှတ်ဖြတ်ခံရခြင်းအပါအဝင် ပိတ်ဆို့အရေးယူမှု အများအပြား ကြုံတွေ့ရမည်ဖြစ်သည်။
လွတ်လပ်သော စည်းကမ်းထိန်းသိမ်းရေး ကော်မရှင်သည် ယခု ကြားနာစစ်ဆေးမှုကို သီးသန့်ပြုလုပ်နေပြီး စွဲချက်များကို ကိုင်တွယ်ဖြေရှင်းမည်ဟု သိရသည်။

