ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ဟု မိုးဇလခန့်မှန်း
မြန်မာနိုင်ငံ မိုးရေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းနှင့်ပတ်သက်၍ သြဂုတ် ၁၃ ရက်(ယနေ့)နေ့လည် ၃ နာရီခွဲက တိုင်းထွာရရှိချက်များအား ညနေ ၄ နာရီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်း လေဖိအားနည်းရပ်ဝန်းသည် အနောက်-အ နောက်မြောက်ဘက်သို့ ရွေ့လျားပြီးပိုမိုအားကောင်းလာနိုင်ကာ ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။
ထို့ကြောင့် မနက်ဖြန်မနက်အထိ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ပဲခူးတိုင်း၊ချင်းပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးဇလကခန့်မှန်းထားသည်။
ထို့အတူ နေပြည်တော်၊စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊မန္တလေးတိုင်း၊မကွေးတိုင်း၊တနင်္သာရီတိုင်းနှင့်ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ် ကျန်တိုင်းနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်သည်ဟု မိုးဇလ၏ခန့်မှန်းချက်အရ သိရသည်။
ထို့ပြင် မြစ်ဝကျွန်းပေါ်၊ရခိုင်ကမ်းရိုးတန်းတစ် လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလျင် မိုင် ၄၀ အထိတိုက်ခတ်နိုင်သည့် မိုးသက်လေပြင်းကျရောက်နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။