Saturday, May 24, 2025

လေပိုင်နက်သုံးခွင့်ပိ-တ်ထားခြင်းကိုအိန္ဒိယနှင့်ပါကစ္စတန် သက်တမ်းတိုး

ပါကစ္စတန်နိုင်ငံသည် အိန္ဒိယလေယာဉ်အားလုံးကို ၎င်း၏ လေပိုင်နက်အသုံးပြုခွင့်ကို ပိ-တ်ပင်ထားခြင်းကို တစ်လသက်တမ်းတိုးလိုက်သည်ဟု ပါကစ္စတန်မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့(PCAA) က သောကြာနေ့တွင် ကြေညာခဲ့သည်။ PCAA ၏ ထုတ်ပြန်ကြေညာခဲ့သော...

ငလျင်ဘေးသင့်ဒေသများသို့ လှူဒါန်းရန် ဂီတရံပုံငွေပွဲ ပြုလုပ်မည်

ငလျင်ဘေးသင့်ဒေသများသို့ လှူဒါန်းရန်အတွက်နိုင်ငံကျော် တေးသံရှင်များပါဝင်သည့် ဂီတရံပုံငွေပွဲတစ်ခုကို မေလ (၂၄)ရက်၊ ညနေ(၆)နာရီအချိန်တွင် မန္တလေးမြို့ The Square Theatre တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း...

အီတလီသံရုံးနှင့် AWBA Group တို့...

မြန်မာကျောင်းသားများအတွက် ရန်ကုန်ရှိ အီတလီသံရုံးနှင့် AWBA Group တို့ပူးပေါင်းဆောင်ရွက်သောပညာသင်ဆုကို လျှောက်ထားနိုင်ရန် လျှောက်လွှာများခေါ်ယူထားသည်။ အီတလီနိုင်ငံ၌ ပညာသင်ကြားလိုသော မြန်မာကျောင်းသားများအား ပံ့ပိုးကူညီနိုင်ရန်အတွက် ရန်ကုန်ရှိ အီတလီသံရုံးမှ...

ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း...

ပြန်ကြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနတို့က ကြီးမှူး၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) က စီစဉ်ကျင်းပသော "ငလျင်ဘေးအလွန်...
HomeNewsLocal Newsဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည်...

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ဟု မိုးဇလခန့်မှန်း

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ဟု မိုးဇလခန့်မှန်း

မြန်မာနိုင်ငံ မိုးရေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းနှင့်ပတ်သက်၍ သြဂုတ် ၁၃ ရက်(ယနေ့)နေ့လည် ၃ နာရီခွဲက တိုင်းထွာရရှိချက်များအား ညနေ ၄ နာရီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

ယင်း လေဖိအားနည်းရပ်ဝန်းသည် အနောက်-အ နောက်မြောက်ဘက်သို့ ရွေ့လျားပြီးပိုမိုအားကောင်းလာနိုင်ကာ ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

 

ထို့ကြောင့် မနက်ဖြန်မနက်အထိ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ပဲခူးတိုင်း၊ချင်းပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးဇလကခန့်မှန်းထားသည်။

 

ထို့အတူ နေပြည်တော်၊စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊မန္တလေးတိုင်း၊မကွေးတိုင်း၊တနင်္သာရီတိုင်းနှင့်ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ် ကျန်တိုင်းနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်သည်ဟု မိုးဇလ၏ခန့်မှန်းချက်အရ သိရသည်။

ထို့ပြင် မြစ်ဝကျွန်းပေါ်၊ရခိုင်ကမ်းရိုးတန်းတစ် လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလျင် မိုင် ၄၀ အထိတိုက်ခတ်နိုင်သည့် မိုးသက်လေပြင်းကျရောက်နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေပိုင်နက်သုံးခွင့်ပိ-တ်ထားခြင်းကိုအိန္ဒိယနှင့်ပါကစ္စတန် သက်တမ်းတိုး

ပါကစ္စတန်နိုင်ငံသည် အိန္ဒိယလေယာဉ်အားလုံးကို ၎င်း၏ လေပိုင်နက်အသုံးပြုခွင့်ကို ပိ-တ်ပင်ထားခြင်းကို တစ်လသက်တမ်းတိုးလိုက်သည်ဟု ပါကစ္စတန်မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့(PCAA) က သောကြာနေ့တွင် ကြေညာခဲ့သည်။ PCAA ၏ ထုတ်ပြန်ကြေညာခဲ့သော လေပိုင်နက်အသုံးပြုခွင့်ဆိုင်ရာ သတိပေးချက်(NOTAM) အရ ပိ-တ်ပင်မှုသည် အိန္ဒိယတွင် မှတ်ပုံတင်သော၊ အိန္ဒိယလေကြောင်းလိုင်းများနှင့် အော်ပရေတာများက ပြေးဆွဲသော၊ ပိုင်ဆိုင်သော သို့မဟုတ် ငှားရမ်းထားသော လေယာဉ်အားလုံးနှင့် သက်ဆိုင်သည်ဟု ဆိုသည်။ လေပိုင်နက် အသုံးပြုခွင့် ပိ-တ်ပင်မှုသည် ၂၀၂၅ ခုနှစ် ဇွန်လ ၂၃ ရက်အထိ အာဏာ သက်ရောက်မည်ဖြစ်သည်။ အဆိုပါတားမြစ်ချက်ကို ၂၀၂၅...

ငလျင်ဘေးသင့်ဒေသများသို့ လှူဒါန်းရန် ဂီတရံပုံငွေပွဲ ပြုလုပ်မည်

ငလျင်ဘေးသင့်ဒေသများသို့ လှူဒါန်းရန်အတွက်နိုင်ငံကျော် တေးသံရှင်များပါဝင်သည့် ဂီတရံပုံငွေပွဲတစ်ခုကို မေလ (၂၄)ရက်၊ ညနေ(၆)နာရီအချိန်တွင် မန္တလေးမြို့ The Square Theatre တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဂီတရံပုံငွေပွဲတွင် ဇော်ပိုင်၊ ဝေလ၊ ဂျီလတ်၊ အောင်ထက်၊ ဖြိုးပြည့်စုံ၊ စိုးထက်(ဝါဆို)၊ ချောစုခင်၊ အိမ့်ချစ်၊ ဂျူဝယ်၊ ကေကေမိုး၊ ချမ်းမြေ့မောင်ချိုအပါအဝင် အခြားအဆိုတော်များအားဖြည့်၍ MC နှင့် Mystery Band Mandalay တေးဂီတဝိုင်းတော်သားများက အားဖြည့်ကူညီတီးခတ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂီတရံပူံငွေပွဲအား Main Sponsor အဖြစ် ထိပ်တန်းရွှေဘုရင်...

အီတလီသံရုံးနှင့် AWBA Group တို့ ပူးပေါင်းဆောင်ရွက်သော ပညာသင်ဆုအတွက် လျှောက်လွှာများခေါ်ယူ

မြန်မာကျောင်းသားများအတွက် ရန်ကုန်ရှိ အီတလီသံရုံးနှင့် AWBA Group တို့ပူးပေါင်းဆောင်ရွက်သောပညာသင်ဆုကို လျှောက်ထားနိုင်ရန် လျှောက်လွှာများခေါ်ယူထားသည်။ အီတလီနိုင်ငံ၌ ပညာသင်ကြားလိုသော မြန်မာကျောင်းသားများအား ပံ့ပိုးကူညီနိုင်ရန်အတွက် ရန်ကုန်ရှိ အီတလီသံရုံးမှ Myanma Awba Group နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ Awba Group အနေဖြင့် 2025-2026 ပညာသင်နှစ်တွင် အီတလီနိုင်ငံရှိ တက္ကသိုလ်တစ်ခုတွင် စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်၊ ရေရှည်တည်တံ့မှု သို့မဟုတ် စားနပ်ရိက္ခာဖူလုံရေးနှင့် အစားအသောက်ဆိုင်ရာ သိပ္ပံဘာသာရပ်များတွင် ဘွဲ့ သို့မဟုတ် မဟာဘွဲ့ ပညာသင်ဆုအတွက် ပညာသင်နှစ် (၄) ခု ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ထို့အပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071