Thursday, November 13, 2025

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့တွင် အိမ်နီးချင်းနိုင်ငံများကဝိုင်းဝန်းထိန်းချုပ်ပေးရန်ပြော

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့တွင် အိမ်နီးချင်းနိုင်ငံများကဝိုင်းဝန်းထိန်းချုပ်ပေးရန် ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများမှ ယနေ့ နိုဝင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့အခြေစိုက်၊ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်...

(၂)နှစ်ကျော်အတွင်း နိုင်ငံပေါင်း(၅၂)နိုင်ငံမှ နိုင်ငံခြား သား...

(၂)နှစ်ကျော်အတွင်း နိုင်ငံပေါင်း(၅၂)နိုင်ငံမှ နိုင်ငံခြားသား (၆၇,၉၈၂)ဦးကို သက်ဆိုင်ရာနိုင်ငံများထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေကပြောကြားခဲ့ကြောင်း သိရသည်။ ယနေ့ နိုဝင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့အခြေစိုက်၊...

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေက သံတမန်များအားရှင်းလင်းပြောကြား

လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ အပိုင်းလိုက်ကျင်းပမည့် လွတ်လပ်၍တရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ ယနေ့ နိုဝင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့အ...

အမှိုက်အမျိုးအစားများ ခွဲခြားပစ်နိုင်ရန် ရန်ကုန်စည်ပင်က ဆောင်ရွက်နေသော်လည်း...

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လှုံ့ဆော်တိုက်တွန်းကာ ဆောင်ရွက်နေသော်လည်း ပြည်သူများ လိုက်ပါမှု အားနည်းနေသေးကြောင်း သိရသည်။ ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ Shopping...
HomeNewsLocal Newsဘင်္ဂလားပင်လယ်အော်နှင့်ကပ္ပလီပင်လယ်ပြင်တို့ ၌ ဖြစ်ပေါ်နေသည့်...

ဘင်္ဂလားပင်လယ်အော်နှင့်ကပ္ပလီပင်လယ်ပြင်တို့ ၌ ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည် နယ် ၁၄ ခု၌မိုးရွာသွန်းနိုင်

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ နိုဝင်ဘာ ၁၇ ရက်(ယနေ့)တွင်တိုင်းထွာရရှိချက်များနှင့်ပတ်သက်၍ မွန်းလွဲ ၂ နာရီတွင် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မိုးဇလ၏ တိုင်းထွာချက်များအရ ဘင်္ဂလားပင် လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက် စပ်လျက်ရှိသည့် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှာ ဆက်လက်တည်ရှိလျက်ရှိပြီး အနောက်-အ နောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး နိုဝင်ဘာ ၁၉ ရက်၌ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်မုန်တိုင်းငယ်အဖြစ် တဖြည်းဖြည်းအားကောင်းလာနိုင်သည်ဟု ခန့်မှန်းထားသည်။

ယင်း လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နိုဝင် ဘာ ၁၇ ရက်(ယနေ့)နေ့လည်မှ နိုဝင်ဘာ ၂၀ ရက်အတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မိုးရွာသွန်းနိုင်သည်ဟု မိုးလဇကခန့်မှန်းထားသည်။

ထို့ပြင် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည် နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု မိုးဇလ၏ခန့်မှန်းချက်အရ သိရသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင် လယ်ပြင်တို့တွင်လည်း တစ်နာရီလျင် ၃၅ မိုင်ခန့်အထိ မိုးသက်လေပြင်းများတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာလည်း ၈ ပေမှ ၁၀ ပေခန့်အထိရှိနိုင်သည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက် ခတ်ခြင်း၊မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုနေထိုင်ကြရန်နှင့်ပြည်တွင်းလေ ကြောင်းပျံသန်းရေး၊မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်ကြိုတင်သတိပြုနိုင်ရန် မိုးဇလကအသိပေးထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့တွင် အိမ်နီးချင်းနိုင်ငံများကဝိုင်းဝန်းထိန်းချုပ်ပေးရန်ပြော

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့တွင် အိမ်နီးချင်းနိုင်ငံများကဝိုင်းဝန်းထိန်းချုပ်ပေးရန် ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများမှ ယနေ့ နိုဝင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့အခြေစိုက်၊ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ် သည်။ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရာတွင် မြန်မာနိုင်ငံ၌မထုတ်လုပ်နိုင်သည့် ဓာတုအခြေပြုမူးယစ်ဆေးဝါးများ နယ်စပ်နိုင်ငံများမှ တစ်ဆင့်ဝင်ရောက်နေမှုများထိန်းချုပ်နိုင်ရေး၊ EAOs များ အဓိကပါဝင်နေပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးတည်ငြိမ်မှုနှင့် တိုက်ရိုက်သက်ဆိုင်နေခြင်းတို့ကြောင့် အလေးထားဆောင်ရွက်နေသည်ဟု ပြော သည်။ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများက ဝိုင်းဝန်းထိန်းချုပ်ပေးရန်နှင့် အလေးထားစောင့်ကြည့်အရေးယူပေးရန် မေတ္တာရပ်ခံလိုသည်ဟုလည်း  ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများက ပြောသည်။ ထို့ပြင် KK Park ရှိ အဆောက်အဦးပေါင်း(၆၂၅)လုံးအ နက်...

(၂)နှစ်ကျော်အတွင်း နိုင်ငံပေါင်း(၅၂)နိုင်ငံမှ နိုင်ငံခြား သား (၆၇,၉၈၂)ဦးကို သက်ဆိုင်ရာနိုင်ငံများထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်

(၂)နှစ်ကျော်အတွင်း နိုင်ငံပေါင်း(၅၂)နိုင်ငံမှ နိုင်ငံခြားသား (၆၇,၉၈၂)ဦးကို သက်ဆိုင်ရာနိုင်ငံများထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေကပြောကြားခဲ့ကြောင်း သိရသည်။ ယနေ့ နိုဝင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့အခြေစိုက်၊ သံတမန်များနှင့် ကုလသမဂအဖွဲ့အစည်းမှ ကိုယ်စားလှယ်များအားတွေ့ဆုံ၍ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ  ၂ နှစ်ကျော်အတွင်း မြန်မာနယ်စပ်သို့ အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် တရားမဝင်ရောက်ရှိနေသည့် နိုင်ငံပေါင်း(၅၂)နိုင်ငံမှ နိုင်ငံခြားသား(၆၇,၉၈၂) ဦးကို အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။ အိမ်နီးချင်းနယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ မဲ့ထော်သလေး...

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေက သံတမန်များအားရှင်းလင်းပြောကြား

လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ အပိုင်းလိုက်ကျင်းပမည့် လွတ်လပ်၍တရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ ယနေ့ နိုဝင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့အ ခြေစိုက်၊ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းမှ ကိုယ်စားလှယ်များအား ရှင်းလင်းပြောကြားခဲ့သည်။ မကြာမှီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍တရားမျှတပြီး အားလုံးပါ ဝင်သောရွေးကောက်ပွဲဖြစ်စေရန်ပြင်ဆင်နေမှုများ၊ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမည့်အစီအစဉ်များ၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသည့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများအား  ကန့်သတ်ထားခြင်းမရှိဘဲ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ မှတ်ပုံတင်ခွင့်ပြုခဲ့မှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်စေရန်အတွက် ပြည်တွင်း/ပြည်ပမှ လေ့လာသူအဖွဲ့များ၊ နိုင်ငံတကာမှ သံတမန်များနှင့် အဖွဲ့အစည်းများအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071