ဒါကာ၊ဇွန် ၈
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရာစုနှစ်ဝက်အတွင်း အပြင်းထန်ဆုံးသောအပူဒဏ်ကိုခံစားနေရပြီး ကျောင်းများထောင်ချီပိတ်ထားရကာ လျှပ်စစ်မီးများပါပြတ်တောက်နေကြောင်းသိရှိရသည်။ဒါကာမြို့နှင့်အနီးတစ်ဝိုက်တွင် အပူချိန် ၄၀ ဒီဂရီအထိမြင့်တက်လာသည်ဟုဆိုသည်။
“၁၉၇၁ မှာ ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးရပြီးကတည်းက အခုလောက်ထိမြင့်တဲ့အပူချိန်မျိုး တစ်ခါမှမကြုံဖူးပါဘူး”ဟုလည်း မိုးလေဝသမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
ဇွန် ၅ ရက် တနင်္လာနေ့၌လည်း အစိုးရက ၎င်း၏အကြီးဆုံးဓာတ်အားပေးစက်ရုံတွင် ကျောက်မီးသွေးလောင်စာမတတ်နိုင်တော့သဖြင့် လုပ်ငန်းရပ်ဆိုင်းထားခဲ့ရသည်ဟုဆိုသည်။
အချို့သောတောနယ်ဒေသလေးများ၌ လျှပ်စစ်မီးကြာမြင့်စွာပြတ်တောက်မှုများဖြစ်ပေါ်နေကာ တစ်နေ့လျှင်ခြောက်နာရီမှ ဆယ်နာရီအထိမီးပြတ်တောက်မှုများရှိသည်ဟုလည်းဆိုသည်။
အပူချိန်လွန်ကဲမှုကြောင့် ဝင်ငွေထွက်ရှာရာ၌လည်း အခက်အခဲရှိကြသဖြင့် မိသားစုဝင်ငွေများကျဆင်းပြီးအခက်အခဲဖြစ်နေကြကြောင်းလည်းပြောကြားခဲ့သည်။
Source : AFP