ဒါကာ၊စက်တင်ဘာ ၂၉
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၁,၂၂၁ ဦးအထိရှိခဲ့ကာ ယခုနှစ်အတွက် တစ်ရက်အတွင်းကူးစက်မှုအမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ခြင်မှ တဆင့် ကူးစက်သည့်ရောဂါဖြင့်ေ-သဆုံးသူမှာလည်း ရှစ်ဦးရှိခဲ့ပြီး ယခုနှစ်အတွက် ေ-သဆုံးသူသည် ၂၅၈ ဦးအထိတိုးလာခဲ့ကြောင်းပြောကြားခဲ့သည်။
ကူးစက်မှုအသစ်များကြောင့် ဘင်္ဂလားဒေ့ရှ်တစ်ခွင်၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ အရေအတွက်သည် စုစုပေါင်း ၂၉,၇၈၆ ဦးအထိ မြင့်တက်လာခဲ့ပြီဖြစ်ကြောင်းလည်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမြင့်တက်လာခြင်းကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်ကျန်းမာရေးအာဏာပိုင်များက ခြင်ပေါက်ဖွားမှုကိုစစ်ဆေးနှိမ်နင်းကာ ပိုးလောက်လန်းများနှင့် ခြင်ပေါက်ဖွားမှုဖြစ်စေနိုင်သည့်အကြောင်းအရာများကို လိုက်လံစိစစ်ဆောင်ရွက်နေသည်ဟုလည်းသိရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ခြင်မှကူးစက်သည့်ရောဂါအဖြစ်အများဆုံးနိုင်ငံအဖြစ်သတ်မှတ်ထားပြီး နှစ်စဉ် ဇွန်လမှစက်တင်ဘာလအတွင်း ကျရောက်သည့်မုတ်သုန်ရာသီကာလများသည် ဘင်္ဂလားဒေ့ရှ်၌ သွေးလွန်တုပ်ကွေးရောဂါအဖြစ်များသောရာသီဖြစ်သည်။
Source : ရှင်းဟွာ