ဒါကာ၊ဩဂုတ် ၅
လူဦးရေထူထပ်သောဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု များလွန်းနေသဖြင့် ဆေးရုံများ၌ လူနာများအတွက် နေရာပေးနိုင်ရန်ပင် ခက်ခက်ခဲခဲလုပ်ဆောင်နေရကြောင်းသိရသည်။
ဘင်္ဂလားဒေ့သည် ၂,၀၀၀ ပြည့်နှစ်မှစ၍ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုစာရင်းအား စတင်မှတ်တမ်းတင်ခဲ့ရာ ၂၀၂၃ ခုနှစ်သည် ကူးစက်သေဆုံးနှုန်းအများဆုံးနှစ်ဖြစ်လာခဲ့ပြီး ယခုအချိန်အထိ ၂၉၃ ဦးသေဆုံးကာ ၆၁,၅၀၀ ဦးကူးစက်ခံထားရသည်ဟုဆိုသည်။
ဆေးရုံများ အထူးသဖြင့် မြို့တော်ဒါကာရှိဆေးရုံများသည် အဖျားကြီးခြင်း၊အဆစ်အမြစ်ကိုက်ခဲခြင်းနှင့် အော့အန်ခြင်းဝေဒနာခံစားနေရသည့် လူနာအများအပြားအတွက် နေရာရရှိရန်ရုန်းကန်နေရသည်ဟုလည်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။
တောင်အာရှ၌ အများဆုံးဖြစ်လေ့ရှိပြီး ကာကွယ်ကုသနိုင်သည့် ဆေးဝါးတိတိကျကျမရှိသော သွေးလွန်တုပ်ကွေးရောဂါကြောင့် ယခုလနှင့်စက်တင်ဘာလများတွင် ကူးစက်သေဆုံးနှုန်းဆက်မြင့်လာနိုင်သည်ဟုလည်း ကျွမ်းကျင်သူများကဆိုထားသည်။
Source : Reuters