ဧပြီလ ၂၈ ရက် တနင်္လာနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မိုးကြိုးပစ်မှုများ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ရာ လူကိုးဦးထက်မနည်းေ-သဆုံးခဲ့သည်ဟု သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် Cumilla ခရိုင်ရှိ နယ်မြေဒေသများတွင် လူလေးဦး၊Kishorganj ခရိုင်တွင် ၃ ဦးနှင့် Sunamganj နှင့် Netrokona ခရိုင်များတွင် တစ်ဦးစီေ-သဆုံးခဲ့ပြီး စုစုပေါင်း ၉ ဦးအထိရှိလာကြောင်းသိရသည်။
မိုးကြိုးပစ်ေ-သဆုံးမှုအများစုသည် ကျေးလက်နေပြည်သူများဖြစ်ကြပြီး ၎င်းတို့၏လယ်မြေများတွင် အလုပ်လုပ်နေစဉ် မိုးကြိုးပစ်ခံရပြီးေ-ဆုံးကြခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မိုးကြိုးပစ်ခြင်းကြောင့် လူေ-သဆုံးမှုများမှာ ခြောက်သွေ့သော နွေရာသီမှ မိုးရာသီသို့ ပြောင်းလဲလာချိန်၌ဖြစ်ပွားလေ့ရှိပြီး ၂၀၁၆ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ၎င်းအခြေအနေကို နိုင်ငံ၏သဘာဝဘေးအဖြစ် ကြေငြာခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၌ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ စက်တင်ဘာလအတွင်း မိုးကြိုးပစ်မှုကြောင့် အမျိုးသား ၂၄၂ ဦးနှင့် အမျိုးသမီး (၅၅) ဦးစုစုပေါင်း (၂၉၇) ဦးသေဆုံးခဲ့ကြောင်း Save the Society and Thunderstorm Awareness Forum (SSTF) က အောက်တိုဘာလက သတင်းထုတ်ပြန်ခဲ့သည်။
Source : ရှင်းဟွာ