Tuesday, December 16, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeNewsLocal Newsဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းသွားရောက်လုပ်ကိုင်ခဲ့သည့် ရခိုင်ပြည်နယ်...

ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းသွားရောက်လုပ်ကိုင်ခဲ့သည့် ရခိုင်ပြည်နယ် လှေလုပ်သား (၇) ဦးထံမှ ကိုဗစ်ပိုးတွေ့

ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းသွားရောက်လုပ်ကိုင်ခဲ့သည့် ရခိုင်ပြည်နယ် လှေလုပ်သား (၇) ဦးထံမှ ကိုဗစ်ပိုးတွေ့

တစ်ဖက်နိုင်ငံဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း များ လုပ်ကိုင်နေကြသည့် လှေလုပ်သား (၇)ဦးထံမှ ကိုဗစ်ပိုးတွေ့ရှိမှု ဒီဇင်ဘာလ ၇ရက်နေ့က ဖြစ်ပေါ်ခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံကသိရသည်။

ငွေတင်းပြည့်ကုမ္ပဏီ၊ စီးပွားအောင် (၁) ရေယာဉ်နှင့် မောင်ဖြူနှင့်သား များကုမ္ပဏီ၊ ပြည့်ဖြိုးလှုံ (၁) ရေယာဉ် တို့သည် တစ်ဖက်နိုင်ငံမှ စစ်တွေမြို့သို့ ပြန်လည်ဝင်ရောက် လာပြီး အခေါက်ရေ (၄) ကြိမ် ပြည့်သွားပြီဖြစ်ပါ၍ စစ်တွေ(ရွှေမင်းဂံ) ဆိပ်ကမ်းတွင် ၂၉-၁၁-၂၀၂၁ ရက်နေ့နှင့် ၁ – ၁၂ -၂၀၂၁ ရက်နေ့မှစ၍ Quarantine ဝင်ရောက်ခဲ့ရာ Quarantine ဝင်ရောက်နေသည့် ကာလအတွင်း စီးပွားအောင် (၁) ရေယာဉ်မှ လုပ်သား (၇) ဦးနှင့် ပြည့်ဖြိုးလျှံ (၁) ရေယာဉ်မှ လုပ်သား (၆) ဦးတို့အား ကိုဗစ်ဆိုင်ရာ စည်းကမ်း ချက်များနှင့်အညီ ၇ – ၁၂ – ၂၀၂၁ ရက်နေ့တွင် RDT Test Kit ဖြင့် Swab စစ်ဆေးခဲ့ရာမှ လှေလုပ်သား (၇) ဦးထံမှ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးနှင့်ကိုဗစ် -၁၉ရောဂါကာကွယ်တားဆီး နိုင် ရေး နှင့် စစ်တွေ (ရွှေမင်းဂံ) ကုန်သွယ် ရေး လုပ် ငန်း များ ကြီး ကြပ် ရေး အ ဖွဲ့က ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြထားသည်။

“၇-၁၂ -၂၁ နေ စစ်တွေ ပိုးတွေ့များရတာက နယ်စပ်ကုန်သွယ်ရေးစက်လှေလုပ်သားတွေကို မပြတ်စစ်ဆေးနေလို့ပါ။နယ်စပ်ကုန်သွယ်ရေးအရှိန်အဟုန် ကောင်းနေပါတယ်။အစိုးရပိုင်းက အမြဲမပြတ်စောင့်ကြည့်နေပါတယ်”ဟု တာဝန်ရှိသူတို့က ပြောကြားထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ၁ရက်နေ့ကလည်း ရခိုင်ပြည်နယ်စစ်တွေတွင် ကိုဗစ်ပိုးကူးစက်ခံရသူ ၁၁ဦးရှိခဲ့ရာတွင် နယ်စပ်ကုန်သွယ်ရေး စက်လှေ လုပ်သား(၉)ဦး ပါဝင်နေကြောင်း သိရသည်။

(Zawgyi)

ဘဂၤလားေဒ့ရွ္သို႔ နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းသြားေရာက္လုပ္ကိုင္ခဲ့သည့္ ရခိုင္ျပည္နယ္ ေလွလုပ္သား (၇) ဦးထံမွ ကိုဗစ္ပိုးေတြ႕

တစ္ဖက္နိုင္ငံဘဂၤလားေဒ့ရွ္သို႔ နယ္စပ္ကုန္သြယ္ေရးလုပ္ငန္း မ်ား လုပ္ကိုင္ေနၾကသည့္ ေလွလုပ္သား (၇)ဦးထံမွ ကိုဗစ္ပိုးေတြ႕ရွိမွု ဒီဇင္ဘာလ ၇ရက္ေန႔က ျဖစ္ေပၚခဲ့ေၾကာင္း ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ထံကသိရသည္။

ေငြတင္းျပည့္ကုမၸဏီ၊ စီးပြားေအာင္ (၁) ေရယာဥ္ႏွင့္ ေမာင္ျဖဴႏွင့္သား မ်ားကုမၸဏီ၊ ျပည့္ၿဖိဳးလွုံ (၁) ေရယာဥ္ တို႔သည္ တစ္ဖက္နိုင္ငံမွ စစ္ေတြၿမိဳ႕သို႔ ျပန္လည္ဝင္ေရာက္ လာၿပီး အေခါက္ေရ (၄) ႀကိမ္ ျပည့္သြားၿပီျဖစ္ပါ၍ စစ္ေတြ(ေရႊမင္းဂံ) ဆိပ္ကမ္းတြင္ ၂၉-၁၁-၂၀၂၁ ရက္ေန႔ႏွင့္ ၁ – ၁၂ -၂၀၂၁ ရက္ေန႔မွစ၍ Quarantine ဝင္ေရာက္ခဲ့ရာ Quarantine ဝင္ေရာက္ေနသည့္ ကာလအတြင္း စီးပြားေအာင္ (၁) ေရယာဥ္မွ လုပ္သား (၇) ဦးႏွင့္ ျပည့္ၿဖိဳးလၽွံ (၁) ေရယာဥ္မွ လုပ္သား (၆) ဦးတို႔အား ကိုဗစ္ဆိုင္ရာ စည္းကမ္း ခ်က္မ်ားႏွင့္အညီ ၇ – ၁၂ – ၂၀၂၁ ရက္ေန႔တြင္ RDT Test Kit ျဖင့္ Swab စစ္ေဆးခဲ့ရာမွ ေလွလုပ္သား (၇) ဦးထံမွ ကိုဗစ္-၁၉ ပိုးေတြ႕ရွိခဲ့ျခင္းျဖစ္သည္ဟု ကုန္စည္စီးဆင္းမွုျမန္ဆန္ေရးႏွင့္ကိုဗစ္ -၁၉ေရာဂါကာကြယ္တားဆီး နိုင္ ေရး ႏွင့္ စစ္ေတြ (ေရႊမင္းဂံ) ကုန္သြယ္ ေရး လုပ္ ငန္း မ်ား ႀကီး ၾကပ္ ေရး အ ဖြဲ႕က ျပည္နယ္ဝန္ႀကီးခ်ဳပ္ထံ တင္ျပထားသည္။

“၇-၁၂ -၂၁ ေန စစ္ေတြ ပိုးေတြ႕မ်ားရတာက နယ္စပ္ကုန္သြယ္ေရးစက္ေလွလုပ္သားေတြကို မျပတ္စစ္ေဆးေနလို႔ပါ။နယ္စပ္ကုန္သြယ္ေရးအရွိန္အဟုန္ ေကာင္းေနပါတယ္။အစိုးရပိုင္းက အျမဲမျပတ္ေစာင့္ၾကည့္ေနပါတယ္”ဟု တာဝန္ရွိသူတို႔က ေျပာၾကားထားသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာ၁ရက္ေန႔ကလည္း ရခိုင္ျပည္နယ္စစ္ေတြတြင္ ကိုဗစ္ပိုးကူးစက္ခံရသူ ၁၁ဦးရွိခဲ့ရာတြင္ နယ္စပ္ကုန္သြယ္ေရး စက္ေလွ လုပ္သား(၉)ဦး ပါဝင္ေနေၾကာင္း သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071