ဒါကာ၊စက်တင်ဘာ ၃၀
ဘင်္ဂလားဒေ့ရှ်၌ လေထုသန့်စင်ရေးစီမံချက်ကို အကောင်အထည်ဖော်ရန် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၃၀၀ ထောက်ပံ့မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အရာရှိတစ်ဦးကပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ၏ သဘာဝပတ်ဝန်းကျင်၊သစ်တော၊ရာသီဥတုပြောင်းလဲမှုနှင့် ရေအရင်းအမြစ်ဝန်ကြီးဌာ အကြံပေး မစ္စ Syeda Rizwana Hasan ကမူ အဆိုပါစီမံချက်သည် လေထုအရည်အသွေးစီမံခန့်ခွဲမှုကောင်းမွန်စေရန်နှင့် အဓိကကဏ္ဍများမှ ဓါတ်ငွေ့ထုတ်လွှတ်မှု ကိုလျှော့ချနိုင်ရန် ရည်ရွယ်သည်ဟုလည်းပြောကြားခဲ့သည်။
အဆိုပါ စီမံချက်ကို အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအသင်းက ထောက်ပံ့မည်ဖြစ်ပြီး နိုင်ငံတော်လေထုအရည်အသွေးစီမံခန့်ခွဲမှုအစီအစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် သန့်ရှင်းသောစွမ်းအင်အသုံးပြုရေးအတွက် ထောက်ပံ့ငွေများကိုလည်းပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
မစ္စဆီဒါကမူ ယခုစီမံချက်အတွက် တောင်အာရှဆိုင်ရာကမ္ဘာ့ဘဏ် ဒုတိယဥက္ကဋ္ဌနှင့် ကမ္ဘာ့ဘဏ်၏ဘင်္ဂလားဒေ့ရှ်နှင့်ဘူတန်နိုင်ငံဆိုင်ရာ ဒါရိုက်တာတို့နှင့်ပါတွေ့ဆုံခဲ့ကြောင်းလည်းပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးအတွင်း မစ္စဆီဒါက အမှိုက်စီမံခန့်ခွဲမှုနှင့်ဒါကာ၏တူးမြောင်းပြန်လည်ထူထောင်ရေးတွင် ကမ္ဘာ့ဘဏ်၏အကူအညီရရှိရန်လည်းတောင်းဆိုခဲ့သည်။
ထို့ပြင် ရေအရင်းအမြစ် စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုလာများကိုလျော့ပါးရေးအတွက် နည်းလမ်းပေါင်းစုံဖြင့်ချဉ်းကပ်မှုများကိုအလေးပေး၍ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အစိုးရ၏ခိုင်မာသောကတိကဝတ်ကိုလည်း အလေးပေးပြောကြားခဲ့သည်ဟုဆိုသည်။
Source : ရှင်းဟွာ