Sunday, July 13, 2025

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး...

စင်ကာပူ တာတိုဖလား ကနူး /...

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက...

ရလဒ်များကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးကြိုးစားသွားရန်...

ပြီးခဲ့သည့် ပြိုင်ပွဲများတွင် ကြုံတွေ့ခဲ့သည့် ရလဒ်ဆိုးများကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးယှဉ် ပြိုင်ကြိုးစားသွားရန် အမျိုးသမီးဘောလုံး ကော်မတီဥက္ကဌ ဒေါ် ခင်စံပယ်ကြည် က...
HomeInternationalဘင်္ဂလားဒေ့ရှ်လုပ်သားများပါဝင်သည့်အိုင်အက်စ်ကွန်ရက်မလေးရှားဖြိုခွင်း

ဘင်္ဂလားဒေ့ရှ်လုပ်သားများပါဝင်သည့်အိုင်အက်စ်ကွန်ရက်မလေးရှားဖြိုခွင်း

ဆိုရှယ်မီဒီယာကိုသုံးကာ နိုင်ငံတွင်းရှိ ဘင်္ဂလားဒေ့ရှ်လုပ်သားများအကြား အယူဝါဒများ ဖြန့်ဝေခြင်း၊ အိုင်အက်စ်အကြမ်းဖက်အုပ်စုအတွက် ရန်ပုံငွေစုဆောင်းခြင်းတို့ပြုလုပ်သည့် ကွန်ရက်တစ်ခုကို မလေးရှားအာဏာပိုင်များက ဖြိုခွင်းခဲ့သည်ဟု ထိပ်တန်းရဲအရာရှိတစ်ဦးက ဇူလိုင် ၄ ရက်တွင် ပြောကြားခဲ့သည်။

၂၀၁၆ က ကွာလာလမ်ပူတွင် တို-က်ခို-က်မှုဖြစ်ပွားခဲ့ပြီးနောက် မလေးရှားနိုင်ငံတွင် အိုင်အက်စ်နှင့် ဆက်စပ်သည်ဟု သံသယရှိသော မွတ်ဆလင်စစ်သွေးကြွလှုပ်ရှားမှုများကို ရာနှင့်ချီ၍ ထိန်းသိမ်းခဲ့သော်လည်းဒေသတွင်း နှိမ်နင်းမှုပြုလုပ်ခဲ့အပြီး မကြာခင်နှစ်များတွင်မူ ဖမ်းဆီးမှုများသည် လျော့ကျသွားခဲ့သည်။

မလေးရှားနိုင်ငံသည် စက်ရုံ၊ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ပြည်ပအလုပ်သမား အများအပြားကို အမှီပြုနေရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် ထောင်နှင့်ချီ၍ နှစ်စဉ် မလေးရှားသို့ သွားရောက်နေကြသည်။

ဧပြီလက စတင်ခဲ့သော စီမံချက်များစွာတွင် အာဏာပိုင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၆ ဦးကို ထိန်းသိမ်းခဲ့ကြောင်းနှင့် ၎င်းတို့သည် စက်ရုံများ သို့မဟုတ် ဆောက်လုပ်ရေးနှင့် ဝန်ဆောင်မှုကဲ့သို့ကဏ္ဍများအတွင် အလုပ်လုပ်ရန် မလေးရှားသို့ ရောက်ရှိနေသူများဖြစ်ကြောင်း ရုပ်သံသတင်းစာရှင်းလင်းပွဲတွင် ရဲချုပ်မွတ်ခါလစ် အီစမိုင် က ပြောကြားခဲ့သည်။

ကွန်ရက်သည် အခြားဘင်္ဂလားဒေ့ရှ်အလုပ်သမားများကို ပစ်မှတ်ထားကာ အဖွဲ့ဝင်သစ်စုဆောင်းခြင်းနှင့် ဆိုရှယ်မီဒီယာနှင့် အွန်လိုင်းစာပို့ပလက်ဖောင်းများကိုသုံး၍ အစွန်းရောက် အတွေးအခေါ်အယူဝါဒများ ဖြန့်ဝေသွတ်သွင်းခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု ရဲထောက်လှမ်းရေးကို ကိုးကားကာ ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် ကွန်ရက်သည် နိုင်ငံတကာ ငွေကြေးလွှဲပြောင်းဝန်ဆောင်မှုများ၊ e-wallet များသုံး၍ ဆီးရီးယားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများရှိ အိုင်အက်စ်အုပ်စုများထံ ပေးပို့ရန် ရန်ပုံငွေများကောက်ခံကြောင်းလည်း ၎င်းက ပြောကြားခဲ့ပြီး ရန်ပုံငွေပမာဏ မည်မျှအထိရှိသည်ကိုမှု အသေးစိတ်ပြောကြားရန် ငြင်းဆိုခဲ့သည်။

ထိန်းသိမ်းခဲ့သူများအနက် ငါးဦးကို အကြမ်းဖက်အုပ်စုတွင် ပါဝင်မှုဖြင့် စွဲချက်တင်ထားကာ ၁၅ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။

ကျန်ရှိသော ၁၆ ဦးကိုမူ နောက်ထပ် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ရန် ရဲတပ်ဖွဲ့က ဖမ်းဆီးထားဆဲဖြစ်ကြာင်းနှင့် နောက်ထပ် ဖမ်းဆီးမှုများလည်း ရှိလာနိုင်ကြောင်း ဒါတွတ် မွတ်ခါလစ်က ပြောကြားခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး စိတ်(၁)သိန်းကို စိုက်ထည့်ပေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှလည်း ငါးမျိုးစိတ်များကိုစိုက်ထည့်ပေးခဲ့သည်။ ယနေ့တွင် ရေဆင်းဆည်အတွင်းသို့ (၂)လက်မအရွယ် ရွှေဝါငါးချင်းကောင်ရေ(၅,၀၀၀)၊ ငါးမြစ်ချင်းကောင်ရေ(၄၅,၀၀၀)၊ ငါးခုံးမကြီးကောင်ရေ (၅၀,၀၀၀)(စုစုပေါင်း ငါးမျိုးကောင်ရေ (၁၀၀,၀၀၀)ကို /စိုက်ထည့်ပေးခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ရေ ဆင်းဆည်အတွင်းသို့ ငါးမျိုးစိတ်စိုက်ထည့်မှု (၁၀) ကြိမ်နှင့် ယခုအကြိမ်အပါအဝင်(၁၁)ကြိမ်၌...

စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာ‌ ရွှေသုံးခု ၊ ‌ငွေတစ်ခု ၊‌ ကြေးသုံးခုရရှိထား

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup)၌ မြန်မာနိုင်ငံကိုယ်စားဝင်ရောက်ယှဉ်ပြိုင်သည့် လှေလှော်အားကစားအဖွဲ့‌မှာ ရွှေသုံးခု ၊ ‌ ငွေတစ်ခု ၊ ကြေးသုံးခု ဆွတ်ခူးရရှိထား‌ကြောင်းသိရသည်။ အဆိုပါ ပြိုင်ပွဲတွင် U17 + U18 ကယက် တစ်ယောက်လှော် မီတာ ၁၀၀၀ ပြိုင်ပွဲ၌‌ မြန်မာမှ ဇေယျာထွန်းက ပထမ(ရွှေတံ...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင် ဆင်ထား

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ပြောသည်။ လက်ရှိ တောင်ငူမြို့ စစ်တောင်းမြစ်ရေသည် ယနေ့ နံနက် ၆နာရီခွဲအချိန်၌ ၄၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၄ နာရီအတွင်း ၆၅ စင်တီမီတာ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။ တောင်ငူမြို့ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ၆၀၀ စင်တီမီတာတွင်ရှိသည်ဟုဆိုသည်။ " ကျွန်တော်တို့ မိတ်ဖက်အဖွဲ့တွေ ပူး ပေါင်းပြီး စုဖွဲ့ပြင်ဆင်တာရှိသလို အချို့ အသင်းအဖွဲ့တွေလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071