ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် လူ ၄၄ ဦးထက်မနည်း ေ-သဆုံးပြီး လူ ၁ သန်းကျော် ရေးဘေးကြုံနေခဲ့ကာ ဇူလိုင်လ ၁၁ ရက်နေ့တွင် အာဏာပိုင်များသည် ပျ-က်စီးဆုံးရှုံးမှုများသော ရပ်ရွာများသို့ အကူအညီများပေးပို့ရန် အလျင်စလိုလုပ်ဆောင်လျက်ရှိသည်။
စစ်တကောင်းနှင့် ကော့ဘဇား အပါအဝင် ခရိုင်ခုနစ်ခုတွင် ရေကြီးရေလျှံမှုများကြောင့် နေ့စဉ်သွားလာလှုပ်ရှားမှုများကို အခက်ကြုံစေကာ မိသားစုထောင်ပေါင်းများစွာ အဆက်အသွယ်ပြ-တ်နေပြီး အိမ်ထောင်စု ၂၆၇,၉၁၈ ခုသည် ရေကြီးမှုအတွင်း ပိတ်မိနေခဲ့ကြောင်း သဘာဝဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
လျှပ်စစ်ဓာတ်အားပြ-တ်တေ-ာက်မှု၊ လမ်းများပျ-က်စီးမှုနှင့် ဆက်သွယ်ရေးပြ-တ်တေ-ာက်မှုများကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို နှောင့်နှေးစေခဲ့သည်။ နေအိမ်များ ရေမြုပ်နေသောကြောင့် ဒေသခံများစွာသည် ရက်များစွာ အစားအသောက်ချက်ပြုတ်နိုင်ခြင်းမရှိဘဲ အချို့သူများမှာလည်း မီးဖိုချောင်များနှင့် နေအိမ်များပေါ်တွင် ရွှံ့များထူထပ်စွာဖုံးနေသောကြောင့် ဒုက္ခများလျက်ရှိသည်။
“အိမ်ထဲမှာ ရေတွေရှိနေသေးတယ်၊ ချက်ပြုတ်ရဖို့ လမ်းလည်းမမြင်ဘူး၊ အစာခြောက်တွေလည်း ကုန်သွားပါပြီ၊ လျှပ်စစ်မီးမရှိလို့ ကလေးတွေနဲ့အတူ ညအမှောင်ထဲမှာပဲ နေရပါတယ်” ဟု စစ်တကောင်းရှိ ရေဘေးသင့်ဒေသခံတစ်ဦးဖြစ်သူ နူရယ်လ် အစ္စလမ်က ပြောကြားခဲ့သည်။
မိသားစုထောင်ပေါင်းများစွာသည် အစာခြောက်များ၊ ဆန်မုန့်များ၊ ဘီစကွတ်များနှင့် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများအပေါ် မှီခိုနေကြရသည်။ သို့သော် ရေကြီးနေခြင်းနှင့် တံတားများပျ-က်စီးနေခဲ့ခြင်းကြောင့် အကူအညီပေးရေးလုပ်သားများသည် ရေဘေးဒ-ဏ်အဆိုးဆုံးခံနေရသော ရပ်ရွာအချို့သို့ မရောက်ရှိနိုင်ဖြစ်နေသည်။
Ref: သယ်စထရိတ်တိုင်းမ်စ်
