ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်နှင့် သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး (၂) ဦး ခန့်အပ်လိုက်ကြော င်း ယနေ့ မေလ (၇) ရက်ထုတ် နိုင်ငံပိုင် သတင်းစာ၌ ဖော်ပြချက်အရ သိရသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန် ကြီးချုပ်မှ နိုင်ငံခြားရေးဝန်ကြီးဌာန သံအမတ်ကြီး ဦးကျော်စိုးမိုးအား ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော မြန်မာနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့် အပ်ပြီးဖြစ်ကြောင်း ယနေ့မေလ (၇)ရက်ထုတ် သတင်းစာတွင် ကြေညာထားသည်။
ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာသန်းထိုက် ကိုလည်း သီရိလင်္ကာ နိုင်ငံဆိုင်ရာ အ ထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော မြန်မာနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
