Tuesday, January 20, 2026

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ...

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့်...

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ် (၁၂၀)...

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ်(၁၂၀)ပြည့်အထိမ်းအမှတ်ပွဲတော်ကို ယခုလ (ဇန်နဝါရီ ၃၀) က စတင်ကာ ပြုလုပ်မည်ဟု သိရသည်။ ဖွင့်ပွဲအခမ်းအနားကိုမူ (ဇန်နဝါရီ ၃၁) ရက်တွင်...
HomeNewsLocal Newsဘင်္ဂလားဒေ့ရှ်နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲများ ဖေ‌ဖော်ဝါရီမှာကျင်းပမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲများ ဖေ‌ဖော်ဝါရီမှာကျင်းပမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲအသစ်ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲမင်းကြီးချုပ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ လူရာနှင့်ချီ ‌ေ-သဆုံးကာ ထောင်နှင့်ချီ၍ ဒ-ဏ်ရာရရှိခဲ့သော ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ပြုတ်ကျစေခဲ့သည့် သီတင်းပတ်ချီကြာသော လူထုအုံကြွမှုများဖြစ်ပြီးနောက် ၁၈ လအကြာတွင် ရွေးကောက်ပွဲအသစ်အတွက် အချိန်ဇယားထွက်ပေါ်လာခြင်းဖြစ်သည်။

ရွေးကော်မင်းကြီးချုပ်အေအမ်အမ် နာဆီရ်အူဒင်က နိုင်ငံတော်သို့ ပြောကြားသောမိန့်ခွန်းတွင် ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်ကို အတည်ပြုသွားခဲ့ပြီး ဥပဒေပြုအမတ် ၃၀၀ ကို ရွေးကောက်တင်မြှောက်ရမည့် ရွေးကောက်ပွဲနေ့တွင်ပင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပသွားမည်ဟုလည်း ပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၁၂ ရက် နေ့မှ ၁၉ ရက်နေ့အထိ ရွေးကောက်ခံကိုယ်စားလှယ်လောင်းအမည်စာရင်း မှတ်ပုံတင်ခြင်းဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်စတင်မည်ဖြစ်ကာ ဒီဇင်ဘာလ ၃၀ ရက်နေ့မှ ဇန်နဝါရီလ ၄ ရက် နေ့အထိ ကိုယ်စားလှယ်လောင်းများကို စိစစ်သွားမည်ဖြစ်သည်။ ဇန်နဝါရီ လ၂၀ ရက်နေ့ကို အမည်စာရင်းတင်သွင်းမှုများကို ရုပ်သိမ်းရမည့် နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားသည်။

နိုင်ငံတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက နောက်ဆုံးရွေးကောက်ပွဲများ ကျင်းပခဲ့ပြီး ဟာစီနာသည် လေးကြိမ်ဆက်တိုက် ဝန်ကြီးချုပ်ရာထူးကို ပြန်လည်ရယူနိုင်ခဲ့သည်။ အဆိုပါရွေးကောက်ပွဲကို သူ၏ အဓိကပြိုင်ဘက်များက သပိတ်မှောက်ခဲ့ပြီး မဲမသမာမှုများလုပ်ခဲ့ကြောင်း သူ့အစိုးရကို စွပ်စွဲခဲ့ကြသည်။

ယခုကျင်းပမည့် ရွေးကောက်ပွဲသည် ၁၉၇၁ ခုနှစ်စစ်ပွဲအပြီး ပါကစ္စတန်ထံမှ လွတ်လပ်ရေးရရှိခဲ့ပြီးနောက်ပိုင်း ၁၃ ကြိမ်မြောက် ရွေးကောက်ပွဲဖြစ်လာမည်ဖြစ်သည်။

ပါတီကို ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းပေးရန် ဟာစီနာ၏ ပါတီက တောင်းဆိုထားသကဲ့သို့ ဟာစီနာ၏ သားဖြစ်သူကလည်း အားလုံးပါဝင်သော ရွေးကောက်ပွဲဖြစ်ပါက ဘင်္ဂလားဒေ့ရှ်သည် တည်တည်ငြိမ်ငြိမ်ဖြစ်နိုင်ကြောင်း အေပီသတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောဆိုထားခဲ့သည်။

Ref: အေပီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို စတင်ရန် ကြိုးပမ်းမှုအဖြစ် ဝါရှင်တန်က ယင်းဖိတ်ကြားချက်ကို နိုင်ငံများစွာသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက ဝါရှင်တန်နှင့် ခက်ခဲသောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိထားသော ပေကျင်းသည် ဖိတ်ကြားချက်ကို လက်ခံမည်လား ငြင်းပယ်မည်လားဆိုသည်ကိုမူ မပြောခဲ့ပေ။ ထရမ့်ပ်၏ အဆိုပါအစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ကမ္ဘာတစ်ဝန်းမှ အစိုးရများက ယခုအထိ ချိန်ချိန်ဆဆဖြင့် တုန့်ပြန်ခဲ့ကြပြီး ယင်းအစီအစဉ်သည် ကုလသမဂ္ဂကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ ပါရမီများအတွက် ပေါင်းကူးဖြစ်လာ

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏ မိခင်ဘာသာစကားဖြင့် အွန်လိုင်းအသုံးပြုသူများအား မိတ်ဆက်ပေးနေသည်။ “အရင်က ကျွန်မဟာ နယ်စပ်ဖြတ်ကျော် အီးကောမတ်စ် အလုပ်မှာ အတွေ့အကြုံမရှိသေးတဲ့ စရောင်းသူတစ်ဦးသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကျွန်မဘာသာ စီမံခန့်ခွဲနိုင်နေပါပြီ" ဟု ထိုင်းနိုင်ငံရှိ နည်းပညာသိပ္ပံတစ်ခုမှ ကွန်ပျူတာအဓိကကျောင်းသူ ယန်ဒရူးက ပြောကြားခဲ့ပါသည်။ သူသည် နိုင်ငံတကာဖလှယ်ရေးအစီအစဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ဟဲပေ့ဆော့ဖ်ဝဲလ်အင်စတီကျုတွင် တစ်နှစ်ကြာ လာရောက်ပညာသင်ကြားနေခြင်း...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့် ကားများ သည် နှင်းအောက်သို့ မြုပ်ခြင်းများ ဖြစ်ပေါ်နေကြောင်း ရို-က်တာသတင်းဌာန၏ မှတ်တမ်းများနှင့် မိုးလေဝသစောင့်ကြည့်ရေးစခန်းများအရ သိရသည်။ မိုးလေဝသစခန်းများ၏ အဆိုအရ အချို့ဒေသများတွင် ဒီဇင်ဘာလအတွင်း နှင်းထု ၃.၇ မီတာအထိ ကျခဲ့ပြီးနောက် ယခု ဇန်နဝါရီလ ပထမလဝက်အတွင်းမှာပင် နှင်း ၂ မီတာ (၆.၅ ပေ) ကျော် ထပ်မံကျခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071