ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပဋိဇီဝဆေးဝါးများကို ခုခံနိုင်သည့် ပိုမိုဆေးယဉ်ပါးလာသော အသက်အန္တရာယ်ရှိသည့် တို-က်ဖွိုက်(အူရောင်ငန်းဖျား) ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ရန်အတွက် နိုင်ငံတစ်ဝန်းရှိ သန်းနှင့်ချီသောကလေးများကို ကာကွယ်ဆေးထိုးပေးသည့် အစီအစဉ်ကို စတင်လိုက်ပြီဖြစ်သည်။
တနင်္ဂနွေနေ့တွင် စတင်လိုက်သည့် လနှင့်ချီကြာရှည်မည့် အစီအစဉ်သည် အသက်ကိုးလမှ ၁၅ နှစ်အကြား ကလေး သန်း ၅၀ ခန့်ကို တို-က်ဖွိုက်ကာကွယ်ဆေး(တီစီဗီ) တစ်ကြိမ်ထိုးရုံဖြင့် ရောဂါကာကွယ်ရန် ရည်မှန်းထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ထောက်ခံအတည်ပြုထားသော ယင်းကာကွယ်ဆေးသည် ငါးနှစ်အထိ အကာအကွယ်ပေးနိုင်ပြီး အစိုးရ၏တိုးချဲ့ကာကွယ်ဆေးထိုးအစီအစဉ်(အီးပီအိုင်) အရ အခမဲ့ဖြန့်ဝေခြင်းဖြစ်သည်။
တောင်အာရှဒေသတစ်ဝန်းပျံ့နှံ့နေသည့် ဆေးယဉ်ပါး တို-က်ဖွိုက်မျိုးကွဲများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများမြင့်တက်လာမှုကြောင့် ယခုအစီအစဉ်ကိုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ပါကစ္စတန်နိုင်ငံတွင် ၂၀၁၆ ခုနှစ်မှစကာ ပဋိဇီဝဆေးတစ်မျိုးမှလွဲ၍ ကျန်ဆေးအားလုံးနီးပါးကို ခံနိုင်ရည်ရှိသော တို-က်ဖွိုက်မျိုးကွဲဖြစ်ပွားမှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
ဆယ်မိုနဲလားတိုက်ဖီဘက်တီးရီးယားကြောင့်ဖြစ်ပွားသော တို-က်ဖွိုက်ရောဂါသည် မသန့်ရှင်းသောအစားအစာနှင့် ရေမှတဆင့် ကူးစက်ပျံ့နှံ့သည်။ ၎င်းသည် အဖျားတက်ခြင်း၊ ဗိုက်နာဖြင်း၊ ပျို့အန်ခြင်းတို့ကို ဖြစ်ပေါ်စေပြီး မကုသပါက အသက်ဆုံးရှုံးနိုင်သော နောက်ဆက်တွဲဝေဒနာများကို ဖြစ်စေနိုင်သည်။
Ref: အယ်လ်ဂျာဇီးယား
