Saturday, July 12, 2025

အပူပိုင်းဒေသ (၁၃)ခရိုင်အတွင်း မိုးရာသီသစ်ပင်စိုက်ပွဲတွင် သစ်ပင်...

နိုင်ငံတော်အဆင့် ပထမအကြိမ်အဖြစ်အပူပိုင်းဒေသ(၁၃)ခရိုင်မှ မြို့နယ်(၂၉)မြို့နယ် တွင် ယနေ့ ဇူလိုင် ၁၁ ရက်နံနက်ပိုင်းက တစ်ပြိုင်တည်းပြုလုပ်သည့် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်ပေါင်း(၃၄,၉၅ဝ)ပင်ကို...

မိတ္ထီလာတွင် တပ်မတော်နှင့်နိုင်ငံပိုင်စက်ရုံများလည်ပတ်လျက်ရှိ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ)နှင့် အမှတ် (၃)ဘိလပ်မြေစက်ရုံ(တန် ၁၂ဝဝ)တို့လည်း လည် ပတ်လုပ်ကိုင်လျက်ရှိရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ...

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ဝါဆိုဦးအလှူ

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုသင်္ကန်းနှင့် စာသင်တိုက်များအတွက် ဗလာစာအုပ်နှင့်လှူဖွယ်ဝတ္ထုများကို ဇူလိုင် ၁၀ ရက်နှင့် ၁၁ ရက်တို့က လှူဒါန်းခဲ့ကြသည်။ ဇူလိုင် ၁၀ ရက်နံနက်...

မော်လိုက်တွင် မြေနိမ့်ပိုင်း‌ရပ်ကွက်များအတွင်း မြစ်ရေများဝင်ရောက်လျက်ရှိ

ချင်းတွင်းမြစ် အထက်ပိုင်း၌ မိုးများနေသည့်အတွက် မြစ်တလျောက် ရေကြီးရေလျံလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်တွင်လည်း မြေနိမ့်ပိုင်း‌များတွင် မြစ်ရေများစတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် မော်လိုက်မြို့နယ် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများ...
HomeNewsLocal Newsဘင်းမ်စတက် သဘာဝဘေးဒဏ်စီမံခန့်ခွဲရေးဌာန ထူထောင်ရန်...

ဘင်းမ်စတက် သဘာဝဘေးဒဏ်စီမံခန့်ခွဲရေးဌာန ထူထောင်ရန် အိန္ဒိယနိုင်ငံ အဆိုပြုမှု အချိန်ခါသင့်ကြောင်း မြန်မာသံရုံးယာယီတာဝန်ခံ ဆွေးနွေးပြောကြား

ဘင်းမ်စတက် သဘာဝဘေးဒဏ်စီမံခန့်ခွဲရေးဌာန ထူထောင်ရန် အိန္ဒိယနိုင်ငံ အဆိုပြုမှုမှာ လွန်စွာအချိန်ခါ သင့်ကြောင်း ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေးတွင် မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးသက်ဝင်းက ဆွေးနွေးပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

(၇၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ဆက်စပ်၍ ဘင်းမ်စတက်နိုင်ငံခြားရေး ဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေးကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ Hotel Lotte New York Palace ၌ စက်တင်ဘာ(၂၇) ရက်က အိန္ဒိယသမ္မတနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ အလွတ်သဘောအစည်းအဝေးသို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးသက်ဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်၍ ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေး၌ အိန္ဒိယပြည်ပရေးရာ ဝန်ကြီး ဒေါက်တာ အက်စ် ဂျိုင်ရှန်ကာက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အကြံပေးပုဂ္ဂိုလ် မစ္စတာ မိုဟာမက် တိုဟိဒ် ဟူစိန်၊ ဘူတန် နိုင်ငံခြားရေးနှင့် ပြည်ပကုန်သွယ်မှုဝန်ကြီး မစ္စတာ ဒီ၊ အန်၊ ဒွန်ဂဲလ်၊ နီပေါနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အာဇူ ရာနာ ဒူဘာ၊ ကုလသမဂ္ဂဆိုင်ရာ သီရိလင်္ကာ အမြဲတမ်းကိုယ်စားလှယ် မစ္စတာ မိုဟန်ပိုင်ယာရစ်၊ ကုလသမဂ္ဂဆိုင်ရာ ထိုင်းအမြဲတမ်း ကိုယ်စားလှယ် မစ္စတာ ချာချိုင်း ချိုင်ဗိုင်ဗစ်နှင့် ဘင်းမ်စတက် အတွင်းရေးမှူးချုပ် သံအမတ်ကြီး မစ္စတာ အင်ဒရာ မာနီ ပန်ဒေး တို့ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေး၌ မြန်မာသံရုံးယာယီတာဝန်ခံက မြန်မာနိုင်ငံ၌ စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေး အကြီးအကဲအစည်းအဝေးကို လက်ခံကျင်းပခဲ့ကြောင်း၊ ဆွေးနွေးမှု အနှစ်ချုပ်ကို အဖွဲ့ဝင် နိုင်ငံများသို့ ဖြန့်ဝေပြီးဖြစ်ပြီး၊ (၆)ကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ တင်ပြသွားမည် ဖြစ်ကြောင်း၊ (၆)ကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး၌ ခေါင်းဆောင်များသည် Bangkok Vision 2030 နှင့် လုပ်ထုံး လုပ်နည်း ဆိုင်ရာ Rules of Procedures (RoP) များကို အတည်ပြုမည်ဖြစ်ရာ အရေးကြီးသည့် အစည်းအဝေးတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် စိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံ၌ BIMSTEC Centre of Excellence for Agriculture တည်ထောင်ရန်နှင့် ဘင်္ဂလားဒေ့ရှ်နှင့် နီပေါနိုင်ငံတို့အနေဖြင့် သင်တန်းနှင့် အစည်းအဝေးများ ကျင်းပသွားရန် အစီအစဉ်များကို ကြိုဆိုကြောင်း၊ ကင်ဆာရောဂါ ကုသမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့် သင်တန်းများနှင့် e-medical ဗီဇာတို့နှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံမှ ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ကျေးဇူးတင်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ ဘင်းမ်စတက်နိုင်ငံများရှိရာဒေသသည် ရာသီဥတုပြောင်းလဲမှု ဒဏ်ကို အများနည်းတူ ခံစားရပြီး ယာဂီမုန်တိုင်း၏ ပြင်းထန်သည့် ရိုက်ခတ်မှုကြောင့် ရေကြီးရေလျှံသည့် ဒဏ်ကို မြန်မာနှင့် ထိုင်းစသည့် အရှေ့တောင်အာရှနိုင်ငံ အချို့က ခံစားခဲ့ရသဖြင့် ဘင်းမ်စတက် သဘာဝဘေးဒဏ်စီမံခန့်ခွဲရေး ဌာန ထူထောင်ရန် အိန္ဒိယနိုင်ငံက အဆိုပြုမှုသည် လွန်စွာချိန်ခါသင့်ပါကြောင်း ပြောကြားခဲ့သည်

ထို့ပြင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ အတွင်းရေးမှူးချုပ်ရုံးတို့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို ထပ်လောင်းအတည်ပြုကြောင်းစသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေး၌ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် စွမ်းအင်ဖူလုံရေး၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊ ရာသီဥတုပြောင်းလဲမှုစသည့် သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာ ကိစ္စများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား ပေါင်းစည်းဆက်နွှယ်ချိတ်ဆက်မှု မြှင့်တင်ရေး၊ ပင်လယ်ရေကြောင်း ပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ၊ ကျန်းမာရေး၊ လူငယ်ကဏ္ဍအားပေး မြှင့်တင်ရေးနှင့် ခရီးသွားလုပ်ငန်းအပါအဝင် ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အပူပိုင်းဒေသ (၁၃)ခရိုင်အတွင်း မိုးရာသီသစ်ပင်စိုက်ပွဲတွင် သစ်ပင် ၃သာင်းခွဲခန့် စိုက်ပျိုး

နိုင်ငံတော်အဆင့် ပထမအကြိမ်အဖြစ်အပူပိုင်းဒေသ(၁၃)ခရိုင်မှ မြို့နယ်(၂၉)မြို့နယ် တွင် ယနေ့ ဇူလိုင် ၁၁ ရက်နံနက်ပိုင်းက တစ်ပြိုင်တည်းပြုလုပ်သည့် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်ပေါင်း(၃၄,၉၅ဝ)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့၌ကျင်းပရာ နစက ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ လိန်တောကြိုးပြင်ကာကွယ်တောတွင်ပါဝင် စိုက်ပျိုးပေးခဲ့သည်။ နစက ဥက္ကဋ္ဌမှ မိတ္ထီလာဒေသအပါအဝင် အညာဒေ သ(၁၃)ခရိုင်သည် နှစ်စဉ်နှစ်တိုင်းရာသီဥတုပူပြင်းသည့်ဒဏ်ကိုခံစားကြရကာ ၂၀၂၄ ခုနှစ်တွင် ပုဂံ၊ ချောက်၊ ရေနံချောင်း၊ မင်းဘူးဒေသများမှာ ကမ္ဘာတွင်အပူဆုံးဒေသများအဖြစ်...

မိတ္ထီလာတွင် တပ်မတော်နှင့်နိုင်ငံပိုင်စက်ရုံများလည်ပတ်လျက်ရှိ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ)နှင့် အမှတ် (၃)ဘိလပ်မြေစက်ရုံ(တန် ၁၂ဝဝ)တို့လည်း လည် ပတ်လုပ်ကိုင်လျက်ရှိရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယ နေ့ ဇူလိုင် ၁၁ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ) စက်ရုံတွင် ချည်အမျိုးမျိုး၊ အထည်နှင့် ချုပ်ထည်အမျိုးမျိုး၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက်လိုအပ်သည့်ဝတ်စုံများ၊ ကျောင်းဝတ်စုံများ၊ နေ့စဉ်သုံးချည်ထည်ပစ္စည်းများကိုထုတ်လုပ် ပေးလျက်ရှိသည်။ နစက ဥက္ကဋ္ဌမှ ချည်ထည်များထုတ်လုပ်ရာတွင် အရေအတွက်ထက် အရည်အသွေးကို ပိုမိုဦးစားပေးရန်၊ ပြည်တွင်းရှိ အထည်အလိပ်နှင့် ပတ်သက်သည့် SMEလုပ်ငန်းများ၌လိုအပ်သော ချည်မျှင်နှင့်...

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ဝါဆိုဦးအလှူ

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုသင်္ကန်းနှင့် စာသင်တိုက်များအတွက် ဗလာစာအုပ်နှင့်လှူဖွယ်ဝတ္ထုများကို ဇူလိုင် ၁၀ ရက်နှင့် ၁၁ ရက်တို့က လှူဒါန်းခဲ့ကြသည်။ ဇူလိုင် ၁၀ ရက်နံနက် ၉ နာရီက မြန်မာ-တရုတ်ချစ် ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အလှူ ရှင်များမှ သံလျင်မြို့၊ ဆုထူးပန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်းနှင့် ဝါဆိုဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပညာရေးပ ဒေသာပင်အတွက် အလှူငွေများ၊ ကျောင်းသား၊ ကျောင်းသူ(၅၂၅)ဦးအတွက် ဗလာစာအုပ်(၅၂၅) ဒါဇင်တို့ကိုလည်း လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ထို့အတူ ဇူလိုင် ၁၀ ရက်နေ့လည်ပိုင်းတွင်လည်း ရန် ကုန်တိုင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071