Thursday, December 5, 2024

တရုတ်တက္ကသိုလ်များ၌ ချစ်မှုရေးရာသင်ခန်းစာများသင်ကြားရန်တောင်းဆို

နိုင်ငံတွင် မွေးဖွားနှုန်းကျဆင်းနေမှုကို မြှင့်တင်နိုင်ရေးကြိုးပမ်းချက်အဖြစ် လက်ထပ်ထိမ်းမြားခြင်း၊ ချစ်ချင်းမေတ္တာ၊ မျိုးပွားခြင်း နှင့် မိသားစု တို့နှင့်ပတ်သက်၍ အပေါင်းလက္ခဏာဆောင်သော အမြင်များကို အလေးပေးစေရေးအတွက် တက္ကသိုလ်၊...

အမေရိကအစိုးရသစ်ကနှစ်နိုင်ငံပြေလည်‌စေမည်ဟုယုံကြည်–ဝမ်ယိ

ပေကျင်း၊ဒီဇင်ဘာ ၄ နောက်တက်မည့်အမေရိကန်အစိုးရသစ်သည် တရုတ် - အမေရိကန်ဆက်ဆံရေးကို တည်ငြိမ်အောင် ကိုင်တွယ်နိုင်လိမ့်မည်ဟုယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိကပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ်ယိသည် သမ္မတနှင့် အမေရိကန်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ...

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး နှုတ်ထွက်စာတင်

ဆိုးလ်၊ဒီဇင်ဘာ ၄ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ကင်မ်ယိုဟန်က နိုင်ငံသားများကိုတောင်းပန်ခဲ့ပြီး သမ္မတယွန်းထံ နုတ်ထွက်စာတင်ထားသည်ဟု ပြောကြားခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနကဖော်ပြခဲ့သည်။ အာဏာရပါတီ၏ အဓိကအတိုက်အခံဖြစ်သည့် ဒီမိုကရက်တစ်ပါတီက ကာကွယ်ရေး ဝန်ကြီးကို အရေးပေါ်...

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုမြှင့်တင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဟနွိုင်းမြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ နစက ဥက္ကဋ္ဌမှ...
HomeInternationalဗြိတိန်သံတမန်တစ်ဦးနှင့် နိုင်ငံခြားသားအများအပြားကို သူလျှိုအဖြစ်...

ဗြိတိန်သံတမန်တစ်ဦးနှင့် နိုင်ငံခြားသားအများအပြားကို သူလျှိုအဖြစ် ဖမ်းဆီးထားသည်ဟု အီရန်ရုပ်သံ ကြေငြာ

ဗြိတိန်သံတမန်တစ်ဦးနှင့် နိုင်ငံခြားသားအများအပြားကို သူလျှိုအဖြစ် ဖမ်းဆီးထားသည်ဟု အီရန်ရုပ်သံ ကြေငြာ

ဒူဘိုင်း၊ ဇူလိုင် ၆ ရက်

တီဟီရန်မြို့ရှိ ဗြိတိန်၏ ဒုတိယအကြီးတန်း သံတမန်အပါအဝင် နိုင်ငံခြားသား အများအပြားကို ကန့်သတ်နယ်မြေများ၌ မြေနမူနာယူခြင်းကြောင့် သူလျှိုလုပ်သည် ဆိုကာ အီရန်တော်လှန်ရေးအစောင့်တပ်များက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ဇူလိုင် ၆ ရက် ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။

ဖမ်းဆီးခံရချိန်၊ ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားခြင်း ရှိမရှိကိုမူ အသေးစိတ် ဖော်ပြထားခြင်းမရှိချေ။

အဆိုပါ ဖမ်းဆီးထားခံရသူများသည် တော်လှန်ရေးအစောင့်တပ်များ၏ အာကာသဆိုင်ရာ ဒုံးကျည်လေ့ကျင့်မှုပြုလုပ်သည့် အီရန်အလယ်ပိုင်းကန္တာရ၌ မြေနမူနာယူခဲ့သည်ဟု နိုင်ငံပိုင်ရုပ်သံက ဆိုသည်။

အီရန်အလယ်ပိုင်း၌ ဗြိတိန်သံတမန် ဂျိုင်းလ်စ် ဝတ်တီကာနှင့် ၎င်း၏မိသားစု ရောက်ရှိနေသည့် ဗီဒီယိုကို အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားတွင် ပြသခဲ့သည်။ အစောင့်တပ်များမှ ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်နေကျ နေရာသည် အီရန်အလယ်ပိုင်း အနီးတစ်ဝိုက်တွင် တည်ရှိပြီး ဝတ်တီကာ သည်လည်း ထိုနေရာမှ မြေနမူနာယူခဲ့ပုံရသည်။

သို့ရာတွင် ဗြိတိန်နိုင်ငံခြားရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူက အီရန်တွင် ဗြိတိန်သံတမန်တစ်ဦး ဖမ်းဆီးခံရခြင်း အစီရင်ခံစာများသည် လုံးဝမှားယွင်းနေသည်ဟု ဆိုသည်။

နောက်ထပ်ဖမ်းဆီးခံရသူများတွင် အီရန်ရှိ ဩစတြီးယား ယဉ်ကျေးမှု သံတမန်၏ ခင်ပွန်းဖြစ်သူနှင့် ပိုလန်နိုင်ငံမှ တက္ကသိုလ်ပါမောက္ခ မာချီ ဗယ်လ်ချာတို့ပါဝင်သည်။

သြစတြီးယားတာဝန်ရှိသူများအား အဆိုပါကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန်အတွက် ဆက်သွယ်၍ မရ​သေး​ပေ။

အီရန်တော်လှန်ရေးအစောင့်တပ်များသည် မကြာသေးမီနှစ်များအတွင်း ၎င်း၏နိုင်ငံသားနှစ်ဦးနှင့် နိုင်ငံခြားသား ဒါဇင်ပေါင်းများစွာကို သူလျှိုလုပ်မှုနှင့် လုံခြုံရေးဆိုင်ရာ စွဲချက်များဖြင့် ဖမ်းဆီးခဲ့သည်။

Source: Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်တက္ကသိုလ်များ၌ ချစ်မှုရေးရာသင်ခန်းစာများသင်ကြားရန်တောင်းဆို

နိုင်ငံတွင် မွေးဖွားနှုန်းကျဆင်းနေမှုကို မြှင့်တင်နိုင်ရေးကြိုးပမ်းချက်အဖြစ် လက်ထပ်ထိမ်းမြားခြင်း၊ ချစ်ချင်းမေတ္တာ၊ မျိုးပွားခြင်း နှင့် မိသားစု တို့နှင့်ပတ်သက်၍ အပေါင်းလက္ခဏာဆောင်သော အမြင်များကို အလေးပေးစေရေးအတွက် တက္ကသိုလ်၊ ကောလိပ်များတွင် ချစ်မှုရေးရာသင်ခန်းစာများ ကို ထည့်သွင်းသင်ကြားပေးရန် တရုတ်က တိုက်တွန်းခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ၂ နှစ်ဆက်တိုက် လူဦးရေကျဆင်းမှုကို ကြုံတွေ့ခဲ့ရပြီးနောက် ရင်သွေးယူကြရေးအတွက် လူငယ်ဇနီးမောင်နှံများကို ပိုမိုဆွဲဆောင်နိုင်ရန် ပေကျင်းက အစီအမံအမျိုးမျိုးကို ချမှတ်ဖော်ဆောင်နေခဲ့သည်။ တရုတ်နိုင်ငံသည် လူဦးရေ ၁ ဒဿမ ၄ ဘီလျံဖြင့် ကမ္ဘာပေါ်တွင် ဒုတိယမြောက်လူဦးရေအများဆုံးနိုင်ငံဖြစ်သော်လည်း သက်ကြီးရွယ်အိုဦးရေ...

အမေရိကအစိုးရသစ်ကနှစ်နိုင်ငံပြေလည်‌စေမည်ဟုယုံကြည်–ဝမ်ယိ

ပေကျင်း၊ဒီဇင်ဘာ ၄ နောက်တက်မည့်အမေရိကန်အစိုးရသစ်သည် တရုတ် - အမေရိကန်ဆက်ဆံရေးကို တည်ငြိမ်အောင် ကိုင်တွယ်နိုင်လိမ့်မည်ဟုယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိကပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ်ယိသည် သမ္မတနှင့် အမေရိကန်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အမျိုးသားကော်မတီအမှုဆောင်အရာရှိချုပ် ဆူဆန်အေးလီးယက်ထ် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ်ယခု ကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ အပြန်အလှန်လေးစား‌ရေး၊ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့်နှစ်ဘက်အကျိုးရှိစေမည့်ပူးပေါင်းဆောင်ရွက်မှုအခြေခံမူများနှင့်အညီ အမေရိကန်ပြည်ထောင်စုနှင့်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် အမြဲဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။ တရုတ်၏ရည်ရွယ်ချက်ဖြစ်သည့် နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်‌စေရေးနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်‌ရေး သည် ဘိုင်ဒင်နှင့်ရှီတို့‌တွေ့ဆုံစဥ်ကတိပြုခဲ့သည့်အတိုင်းပြောင်းလဲသွားမည်မဟုတ်ကြောင်းလည်း ဝမ်ကထပ်လောင်းပြောကြားခဲ့သည်။ အလားတူပင် အမေရိကအနေဖြင့်လည်း အဆိုပါကတိကို မဖောက်ဖျက်ဘဲ ထိန်းသိမ်းစေလိုကြောင်းဝမ်ကပြောကြားခဲ့ပြီး လာမည့်အစိုးရသစ်သည်လည်း နှစ်နိုင်ငံဆက်ဆံ‌ရေးတည်ငြိမ်စေရန် ကိုင်တွယ်နိုင်လိမ့်မည်ဟုယုံကြည်ကြောင်း ပြောကြားခဲ့သည်။ Source : ရှင်းဟွာ

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး နှုတ်ထွက်စာတင်

ဆိုးလ်၊ဒီဇင်ဘာ ၄ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ကင်မ်ယိုဟန်က နိုင်ငံသားများကိုတောင်းပန်ခဲ့ပြီး သမ္မတယွန်းထံ နုတ်ထွက်စာတင်ထားသည်ဟု ပြောကြားခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနကဖော်ပြခဲ့သည်။ အာဏာရပါတီ၏ အဓိကအတိုက်အခံဖြစ်သည့် ဒီမိုကရက်တစ်ပါတီက ကာကွယ်ရေး ဝန်ကြီးကို အရေးပေါ် စစ်အုပ်ချုပ်ရေးကြောင့် မငြိမ်မသက်မှုများဖြစ်ခဲ့ရခြင်းနှင့်ပတ်သက်၍ စွပ်စွဲပြစ်တင်‌မှု အဆိုတင်သွင်းသဖြင့် ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဝန်ကြီးချုပ်ဟန်ဒက်ဆိုးနှင့် အာဏာရ People Power ပါတီ ခေါင်းဆောင်များသည် အတိုက်အခံပါတီက စွပ်စွဲပြစ်တင်မှု ဥပဒေကြမ်းတင်ထားသဖြင့် တောင်ကိုရီးယားသမ္မတနှင့်တွေ့ဆုံရန်ရှိနေကြောင်းသိရသည်။ အင်္ဂါနေ့ညကထုတ်ပြန်လိုက်သည့် အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့်ကြောင့် ဖြစ်ပေါ်လာသည့် နောက်ထပ်နိုင်ငံရေးမတည်ငြိမ်မှုများအတွက် တောင်ကိုရီးယားအတိုက်အခံပါတီက သမ္မတယွန်အားစွပ်စွဲပြစ်တင်‌ေရး အဆိုတင်ခဲ့ကြသည်။ တောင်ကိုရီးယားသမ္မတသည် အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေကို လွှတ်တော်တွင်မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မှုများခဲ့သဖြင့်ဗုဒ္ဓဟူးနေ့အစောပိုင်းကရုပ်သိမ်းပေးခဲ့ရခြင်းဖြစ်သည်။ အဆိုပါပြဿနာ၏ နောက်ဆက်တွဲအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071