နှစ်နိုင်ငံအကြား လက်နက်နှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကိုနက််ရှိုင်း စေ ရေးလုပ်ငန်း၏တစ်စိတ်တစ် ဒေသအဖြစ် အိန္ဒိယတပ်မတော်ကို စတာလင်ပေါင်သန်း ၃၅၀ (စင်ကာပူဒေါ်လာ ၆၀၆ သန်း) ဖိုးခန့်ရှိ ဗြိတိန်ထုတ် အပေါ့စား ဒုံးကျည်များ ကိုရောင်းချပေးမည့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု အောက်တိုဘာလ ၉ ရက် နေ့တွင် ဗြိတိန်က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဗြိတိန်ဝန်ကြီးချုပ် စတားမာသည် မွမ်ဘိုင်းတွင် ဝန်ကြီးချုပ် နာရင်ဒြာမိုဒီကို သွားရောက်တွေ့ဆုံခဲ့ပြီးနောက် ယခုသဘောတူညီချက်ကို ကြေညာခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်နှစ်ဦးသည် ၎င်းတို့၏ လနှင့်ချီကြာခဲ့ပြီဖြစ်သော ကုန်သွယ်ရေးသဘောတူညီချက်မှ ပေါ်ထွက်လာသော ကုန်သွယ်မှုဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်ချက်များ၏ အလားအလာကို ချီးကျူးခဲ့ကြသည်။
ကာကွယ်ရေးသဘောတူညီချက်ဆိုင်ရာ ထုတ်ပြန်ချက်တွင် မြောက်အိုင်ယာလန်ရှိ ထေးလ်စ် က ထုတ်လုပ်သော အပေါ့စား ဘက်စုံသုံးဒုံးကျည်များ ထောက်ပံ့ပေးရေး စာချုပ်သစ်သည် စက်ရုံတွင် အလုပ်အကိုင် ၇၀၀ ခန့်ကို ရရှိစေလိမ့်မည်ဟု ဗြိတိန်အစိုးရက ပြောကြားခဲ့သည်။ အဆိုပါ စက်ရုံသည် လက်ရှိတွင် ယူကရိန်းအတွက် အလားတူ လက်နက်များ ကိုထုတ်လုပ်ပေးနေခဲ့သည်။
“ယခုသဘောတူညီချက်သည် လက်ရှိတွင် အစိုးရနှစ်ရပ်အကြား ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်သည့် ပိုမိုကျယ်ပြန့်သော လက်နက်များဆိုင်ရာ ဆက်ဆံရေးအတွက် လမ်းခင်းပေးသည်” ဟု ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။
ထို့အပြင် ရေတပ်သင်္ဘောများအတွက် လျှပ်စစ်စွမ်းအင်သုံးအင်ဂျင်များ ကိုထောက်ပံ့ ဖြည့်တင်းရေးတွင် အိန္ဒိယနှင့် မှတ်တိုင်သစ်တစ်ခုကို ရောက်ရှိခဲ့ပြီး ကနဦး ပေါင်သန်း ၂၅၀ တန်ဖိုးရှိ သဘောတူညီချက်၏ နောက်တဆင့်အတွက် နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း ဗြိတိန်က အောက်တိုဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
