Saturday, February 15, 2025

CarsDB Showroom တွင် အရစ်ကျစနစ်များဖြင့်...

EV ကားများအပါအဝင် Brand New Cars Models အမျိုးအစားပေါင်းများစွာကို CarsDB Showroom တွင် အရစ်ကျစနစ်များဖြင့် ၀ယ်ယူနိုင်မည့် ကားအရောင်းပြပွဲကို...

HIV နှင့် တီဘီဆေးဝါးများ အလုံအလောက်ရှိဟု...

ပြည်တွင်း၌ HIV နှင့် တီဘီရောဂါ ဆေးဝါးများ ပြတ်လပ်ခြင်းမရှိဘဲ အလုံအလောက်ရှိနေကြောင်း ကျန်းမာရေးဝန် ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးကပြည်တွင်းသတင်းမီဒီယာအချို့မှ အသိပေးပြောကြားထား...

တာချီလိတ်မြို့နယ်တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့်...

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံသားများအပါအဝင် (၂၉)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ဖေဖော် ဝါရီ...

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကို ပိုမိုမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကိုပိုမိုမြှင့်တင်ရန် နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ တရုတ်ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ၊...
HomeInternationalဗြိတိန်က ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့် ၊ယူကရိန်းအတွက်...

ဗြိတိန်က ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့် ၊ယူကရိန်းအတွက် အကူအညီအသစ်ကြေငြာ

ဝါဆော၊ဧပြီ ၂၄

ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနက်ခ်သည် အင်္ဂလန်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကိုတိုးမြှင့်ကာ ယူကရိန်း ကို ကူညီရေးအစီအစဉ်အသစ်ကိုလည်း ပိုလန်နိုင်ငံ ဝါဆောမြို့သို့အလည်အပတ်ရောက်ရှိစဉ်က ကြေငြာခဲ့ကြောင်းသိရသည်။

ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တက်စ်ခ်နှင့် နေတိုးအကြီးအကဲ ဂျင်စတော်တန်ဘာ့ခ်တို့နှင့်တွေ့ဆုံဆွေးနွေးစဉ် ဗြိတိန်သည် ကိဗ်အတွက် နောက်ထပ် စစ်ရေးရန်ပုံငွေ ပေါင် သန်း ၅၀၀ (အ မေရိကန်ဒေါ်လာ ၆၂၂ သန်း) ပေး‌နေသည်ဟုလည်း ဆူးနက်ခ်ကပြောကြားခဲ့သည်။

လန်ဒန်သည် ကာကွယ်ရေးအသုံးစရိတ်အား ၂၀၃၀ ပြည့်နှစ်တွင် ဂျီဒီပီ ၏ ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ တဖြည်းဖြည်းတိုးမြင့်လာမည်ဖြစ်ကြောင်းလည်း၎င်းကပြောကြားခဲ့သည်။

ယခင် ကာကွယ်ရေးအသုံးစရိတ် ၂ ဒသမ ၃ ရာခိုင်နှုန်းမှ ယခုကဲ့သို့တိုးမြှင့်သုံးစွဲမှုကြောင့် ယူကေသည် အမေရိကပြီးပါက အဖွဲ့ဝင် ၃၂ ဦးပါသည့် နေတိုးကာကွယ်ရေးမဟာမိတ်အဖွဲ့များအနက် ကာကွယ်ရေးအတွက် အသုံးစရိတ်ကိုအများဆံုး သုံးသည့် နိုင်ငံဖြစ်လာစေမည်ဟုလည်း ဗြိတိန်အစိုးရကပြောကြားခဲ့သည်။

အထူးသဖြင့် ရုရှားနှင့်အရှေ့အလယ်ပိုင်းတွင် မြင့် တက် လာနိုင်သည့် ကမ္ဘာ့ခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်ရချိန်တွင် နေတိုးနိုင်ငံများသည် ကာကွယ်ရေးအသုံးစရိတ်ကိုမြှင့်တင်ရန် ဖိအားများနှင့်ရင်ဆိုင်နေရသည်။

“ကျွန်တော်တို့နိုင်ငံ၊အကျိုးစီးပွားနှင့်တန်ဖိုးတွေကို ကာကွယ်ဖို့ ပိုလုပ်ရမယ်လို့ယုံကြည်ပါတယ်” ဟု ဆူးနက်ခ်ကပြောကြားခဲ့ပြီး အသုံးစရိတ်များတိုးမြှင့်ခြင်းသည် “မျိုးဆက်တစ်ခုအတွက် နိုင်ငံတော် ကာကွယ်ရေး၏ အကြီးမားဆုံးခိုင်မာမှုတစ်ခုပင်ဖြစ်သည်” ဟုလည်းပြောကြားခဲ့သည်။

ဆိုလိုသည်မှာ ဗြိတိန်သည် ၂၀၃၀ ပြည့်နှစ်မှ ၂၀၃၁ ခုနှစ်အတွင်း ကာကွယ်ရေးအတွက် ပေါင် ၈၇ ဘီလျံ သုံးစွဲရန်မျှော်လင့်ထားပြီး လက်ရှိသုံးစွဲမှုထက် ပေါင် ၂၃ ဘီလျံတိုးလိုက်ခြင်းလည်းဖြစ်သည်။

ထို့အတူ ဆူးနက်ခ်သည် ရုရှားကို တန်ပြန်တိုက်ခိုက်ရန် ယူကရိန်းစစ်ပွဲအတွက် နောက်ထပ်ရန်ပုံငွေ ပေါင် သန်း ၅၀၀ ကိုလည်းထပ်‌တိုးကူညီရန်ကြေငြာခဲ့သေးသည်။

Source : အေအက်ဖ်ပီ/အေတီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

CarsDB Showroom တွင် အရစ်ကျစနစ်များဖြင့် ၀ယ်ယူနိုင်မည့် ကားအရောင်းပြပွဲ

EV ကားများအပါအဝင် Brand New Cars Models အမျိုးအစားပေါင်းများစွာကို CarsDB Showroom တွင် အရစ်ကျစနစ်များဖြင့် ၀ယ်ယူနိုင်မည့် ကားအရောင်းပြပွဲကို ရတနာလမ်း နှင့် ဆိပ်ကမ်းသာလမ်းထောင့်၊ ရတနာအိမ်ရာ၊ဒဂုံဆိပ်ကမ်းမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက် (စနေနေ့) မှ ၁၆ ရက် (တနင်္ဂနွေနေ့) အထိ မနက် (၉) နာရီမှ ညနေ (၅)နာရီ အတွင်း အဆိုပါ အရောင်းပြခန်း၌ လာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။ " အရစ်ကျစနစ်...

HIV နှင့် တီဘီဆေးဝါးများ အလုံအလောက်ရှိဟု ဆို

ပြည်တွင်း၌ HIV နှင့် တီဘီရောဂါ ဆေးဝါးများ ပြတ်လပ်ခြင်းမရှိဘဲ အလုံအလောက်ရှိနေကြောင်း ကျန်းမာရေးဝန် ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးကပြည်တွင်းသတင်းမီဒီယာအချို့မှ အသိပေးပြောကြားထား သည်။ လက်ရှိ၌ အမေရိကန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးရေးရန်ပုံငွေ (USAID) က နိုင်ငံတကာထံ အကူအညီများ ရပ်ဆိုင်းထားသောကြောင့် မြန်မာနိုင်ငံ၌ HIV(အိပ်ချ်အိုင်ဗွီ)၊ တီဘီနှင့် ငှ က်ဖျား စသည့် ရောဂါများအတွက် သောက်သုံးနေရသည့် ဆေးဝါးများ ပြတ်လပ်မည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။ “ကျွန်တော်တို့ NGO အဖွဲ့ဆီမှာလည်း ဒီဆေးတွေနဲ့ ပတ်သက်ပြီး နောက် (၈)...

တာချီလိတ်မြို့နယ်တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံ သားများအပါအဝင် (၂၉)ဦးဖမ်းမိ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံသားများအပါအဝင် (၂၉)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ဖေဖော် ဝါရီ ၁၂ ရက်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(က) ရပ်ကွက်ရှိ ထိုင်းနိုင်ငံတွင်နေထိုင်သူ ဝယ်ဆန် ငှားရမ်းထားသည့်နေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးရာ Online လောင်းကစားတာဝန်ခံ မင်းကျော်နှင့် စကားပြန်၊စာရင်းကိုင် ရီရီဖြိုးတို့အပါ အဝင် အမျိုးသား(၁၁)ဦးနှင့် အမျိုးသမီး(၅)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဖေဖော်ဝါရီ ၁၃ ရက်ည နေပိုင်းတွင် ယင်း ရပ်ကွက်၌နေထိုင်သည့် ထိုင်းနိုင်ငံသားအမျိုးသား(၇)ဦးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071