ဗုံးခွဲခံရသည့် မော်လမြိုင် – ရန်ကုန်လမ်းပိုင်းရှိ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြား ရထားလမ်းပိုင်းကို ယနေ့ နိုဝင်ဘာ (၈)ရက် ညနေပိုင်းတွင် အပြီးသတ် ပြင်ဆင်သွားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ သိရသည်။
ထို့ကြောင့် နိုဝင်ဘာ (၉)ရက်၌ မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် (၈၂) အစုန်ရထားအား ရိုးရိုး (AAR)တွဲဆိုင်းဖြင့် နံနက် (၈) နာရီခွဲတွင် အချိန်မှန်ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ယနေ့အတွက် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် (၈၂) အစုန် ရထားနှင့် ရန်ကုန်ဘူတာကြီးမှထွက်ခွာမည့် အမှတ် (၈၁) အဆန်ရထား ခရီးစဥ်များအားnယာယီဖျ-က်သိမ်းထားပြီး ဝယ်ယူထားသော ရိုးရိုးတန်း၊အထက်တန်း လက်မှတ်များအား မော်လမြိုင်ဘူတာကြီး နေ့ချင်းလက်မှတ်ရုံ၌ ပြန်အမ်းငွေများအား နံနက် (၇)နာရီ မှ (၁၀) အချိန်အထိ ပြန်အမ်းပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
နိုဝင်ဘာ (၇)ရက်က သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား မိုင်တိုင် ၁၂၅/ ၁၈- ၁၉အကြား၌ အမှတ် (၆၈၆) အစုန်ကျောက်ရထားဖြတ်သန်းစဥ် မိုင်းထောင်ဖျ-က်ဆီးခံရခြင်းဖြစ်ကာ ရထားသံလမ်း ၂ ဆက်ခန့် ပျ-က်ဆီးသွားခဲ့ရခြင်းဖြစ်သည်။ထို့အပြင် အမှတ် (၆၈၆) အစုန်ကျောက်ရထား စက်ခေါင်းအပါအဝင် တွဲ၄တွဲ လမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
