Wednesday, May 21, 2025

လိုင်စင်မဲ့ယာဥ်များစီးနင်းမှုကို ဖော်ထုတ်အရေးယူရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

လိုင်စင်မဲ့ယာဉ်များဖော်ထုတ်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် မှာကြားခဲ့ခြင်းဖြစ်သည်။ လိုင်စင်မဲ့မော်တော်ယာဉ်နှင့်...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄)...

ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄)သိန်းခွဲကျော်လုပ်ကိုင်လျက်ရှိသည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်သည် အကောင်းဆုံးဖြစ်ဟု နစက...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်ကိုထုတ်ယူသုံးစွဲခြင်းသည် အကောင်းဆုံးဖြစ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်က ဒုတိယနေ့အဖြစ်ဆက်လက်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့...

ရွေးကောက်ပွဲပြီးချိန်တွင် အနိုင်ရပါတီအားနိုင်ငံတော်တာဝန်များကိုပြန်လည်အပ်နှင်းပေးသွားမည်ဟု နစက ဥက္ကဋ္ဌပြော

ယခုနှစ် ဒီဇင်ဘာလအတွင်း၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီးချိန်တွင် ဆောင်ရွက်မည့်လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ယနေ့ မေ ၂၀ ရက်ကကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် နစက...
HomeNewsLocal News"ဗုံတီးမယ်" တေးသီချင်းဗီဒီယို ဖန်တီးထုတ်လွှင့်သူနှင့်...

“ဗုံတီးမယ်” တေးသီချင်းဗီဒီယို ဖန်တီးထုတ်လွှင့်သူနှင့် စီစဉ်သူများကို စိစစ်အရေးယူရန် ဆောင်ရွက်လျက်ရှိ

တေးရေး၊ တေးဆို အောင်ပါစေ ၏ “ဗုံတီးမယ်” တေးသီချင်း ဗီဒီယိုနှင့် ပတ်သက်၍ ဖန်တီးထုတ်လွှင့်သူနှင့် စီစဉ်သူများကို အမှုဖွင့် အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ မတ်လ (၁၉) ရက်တွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် ပြန်ကြားရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ) ပြဋ္ဌာန်းချက်ပါ အမိန့်ထုတ်ပြန်ခွင့်ကို ကျင့်သုံးပြီး ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုကာ ရုပ်ရှင်ကား ထုတ်လွှင့် ပြသခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့် အမိန့်ကို ထုတ်ပြန်ခဲ့ပြီး လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်များကို စိစစ် ထုတ်ပေးလျက်ရှိသည်ဟု ဆိုသည်။

သို့ရာတွင် တေးရေး/ တေးဆို “အောင်ပါစေ” သည် ဆက်သွယ်ရေး ကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် ရယူခြင်းမရှိဘဲ ၎င်း၏ လူမှုကွန်ရက်အမျိုးမျိုး၌ တေးသီချင်း ဗီဒီယိုများကို ထုတ်လွှင့် ပြသလျက်ရှိကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့အပြင် “ဗုံတီးမယ်” တေးသီချင်းဗီဒီယိုသည် မြန်မာလူမျိုးတို့၏ အမြတ်တနိုး တန်ဖိုးထားဂုဏ်ယူရသည့် မြန်မာ့တူရိယာဗုံနှင့် ပတ်မများကို ပြက်ရယ်ပြု စော်ကားသဖွယ်ဖြစ်နေသည့် သရုပ်ပျက် ကပြဖျော်ဖြေခြင်းနှင့် ညစ်ညမ်းသည့် အဓိပ္ပာယ် ပေါက်စေနိုင်သည့် အဓိပ္ပာယ်နှစ်ခွ သီချင်းစာသားများကို ဖန်တီးထားသည်ကို စိစစ်တွေ့ရှိရသည်ဟု ဆို သည်။

ထို့ကြောင့် တေးသီချင်း ဗီဒီယိုနှင့် ပတ်သက်၍ ဖန်တီးထုတ်လွှင့်သူ၊ စီစဉ်သူ၊ ပါဝင်သူများကို အမှုဖွင့် အရေးယူနိုင်ရန် စိစစ်လျက်ရှိသည်ဟုလည်း အသိပေးထားသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းကလည်း “အချစ်ခံကြည့်”၊ “စောင့်ပက်”၊ “စကားလေးတခွန်းပဲဖြေ ချစ်လား”၊ “ဘီယာဗိုက်” စသည့် တေးသီချင်း သီဆိုသူများနှင့် ပါဝင် သရုပ်ဆောင်သူများကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ (၃၃) (က) ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်ခဲ့‌သေးသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လိုင်စင်မဲ့ယာဥ်များစီးနင်းမှုကို ဖော်ထုတ်အရေးယူရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

လိုင်စင်မဲ့ယာဉ်များဖော်ထုတ်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် မှာကြားခဲ့ခြင်းဖြစ်သည်။ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များစီးနင်းနေမှုများကို ဖော်ထုတ်ရမည်ဖြစ်ကာ နံပါတ်ပြားအတုပြုလုပ်ခြင်း၊ လိုင်စင်အတုပြုလုပ်ခြင်းများကိုတွေ့ရှိရသဖြင့် တာဝန်ရှိသူများအနေဖြင့် ပါဝင်ပတ်သက်နေသူများအားလုံးကို စိစစ်ဖော်ထုတ်အရေးယူရမည်ဟု မှာကြားသည်။ " အဲဒီလိုစီးနင်းနေမှုတွေကြောင့် နိုင်ငံတော်အနေနဲ့ အခွန်အခတွေများစွာနစ်နာရသလို လုံခြုံရေးဆိုင်ရာကိစ္စတွေမှာလည်း အခက်အခဲတွေဖြစ်ပေါ်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းနဲ့ပြည်နယ်တွေအလိုက် လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေစီးနင်းမှုမရှိစေဖို့ကြပ်မတ်ဆောင်ရွက်ကြရပါမယ်"ဟု နစက ဥက္ကဋ္ဌက မှာကြားသည်။ ထို့အတူ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှလည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုထိခိုက်စေသည့် နယ်စပ်ဒေသများမှ တရားမဝင်ကုန်သွယ်မှုများမရှိစေရန်...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄) သိန်းခွဲကျော်လုပ်ကိုင်လျက်ရှိ

ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄)သိန်းခွဲကျော်လုပ်ကိုင်လျက်ရှိသည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအထောက်အကူပြုနိုင်သည့် အင်အားများမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများဖြစ်ပြီး ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်ရှိသည်ဟု ပြောသည်။ " အဲဒီအထဲကမှ(၄၃၀၀)ကျော်ကို SME Member ကတ်တွေထုတ်ပေးထားပြီးဖြစ်ပါတယ်။ အဲဒီ MSME လုပ်ငန်း(၈)သောင်းကျော်မှာ လုပ်သားဦးရေ(၄၆၄၀၀၀)ကျော်လုပ်ကိုင်နေကြပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် MSME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်နေပါတယ်"ဟု...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်သည် အကောင်းဆုံးဖြစ်ဟု နစက ဥက္ကဋ္ဌပြော

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်ကိုထုတ်ယူသုံးစွဲခြင်းသည် အကောင်းဆုံးဖြစ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်က ဒုတိယနေ့အဖြစ်ဆက်လက်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအ စည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ လျှပ်စစ်စွမ်းအင်မရှိပါက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုထိုက်သင့်သလောက်ဆောင်ရွက်နိုင်မည်မဟုတ်ဘဲ လျှပ်စစ်ဓာတ်အားဖူလုံစွာရရှိရေးအတွက် လျှပ်စစ် ဓာတ်အားပေးစီမံကိန်းများကို ယခင်ကာလများကပင်ချမှတ်ဆောင်ရွက်ခဲ့သော်လည်း ရှိရင်းစွဲလျှပ် စစ်ဓာတ်အားပေးစီမံကိန်းများကို အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်အကောင်အထည်ဖော်ဆောင်နိုင်မှုမရှိခဲ့သဖြင့် လျှပ်စစ်ဓာတ်အားဖူလုံမှုမရှိခြင်းဖြစ်သည်ဟု ပြောသည်။ " ထင်ရှားတဲ့ဥပမာတစ်ခုကိုပြရမယ်ဆိုရင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရပ်ဆိုင်းခဲ့ရမှုမရှိရင် မဂါဝပ် ၆ဝဝဝ ရရှိမှာဖြစ်ပါတယ်။ ရှိပြီးဖြစ်တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတို့ပေါင်းစပ်လိုက်မယ်ဆိုရင် လျှပ်စစ် ဓာတ်အားလိုအပ်ချက်ပြည့်မီရုံသာမက ကျော်လွန်တဲ့အနေအထားကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်"ဟု နစက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071