Friday, November 7, 2025

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများကိုဆွေးနွေး

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး(UNOPS) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Mr. Sanjay Mathur...

ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများခန့်အပ်တာဝန်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ ယ နေ့ နိုဝင်ဘာ ၆ ရက်က အမိန့်အမှတ် ၄၈ /၂၀၂၅ ဖြင့် ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း...

ပဲခူးတန်ဆောင်တိုင်ပွဲတော် ပထမနေ့တွင် နေ့အရုပ်မီးပုံးပျံ (၇)...

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရား၏ ယာဥ်ရပ်နားဝင်းအတွင်း၌ ယနေ့ နိုဝင်ဘာ ၆ ရက်မှစတင်ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော် (ပထမနေ့) ညနေ ၄ နာရီတွင်...

ကံတလူတိုးဂိတ်အနီးတွင် ယာဥ်တို-က်မှုဖြစ် (၁)ဦးဒ-ဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကံတလူတိုးဂိတ်အနီးတွင် ယနေ့ နိုဝင်ဘာ ၆ ရက်နေ့လည် ၃ နာရီကျော်ခန့်က ယာဥ်တို-က်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးသွားကားလမ်းမကြီး၏...
HomeNewsLocal Newsဗုဒ္ဓသာသနာတော်ကြီးခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန် ရည်ရွယ်၍...

ဗုဒ္ဓသာသနာတော်ကြီးခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန် ရည်ရွယ်၍ “မာရဝိဇယ”ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားနေခြင်းဖြစ်

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးတည်ထားကိုးကွယ်ရေးလုပ်ငန်းတိုးတက်မှုအခြေအနေအား နစက ဥက္ကဋ္ဌ၊ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ ၃ ရက်‌ နေ့မွန်းလွဲပိုင်းက ကြ‌ည့်ရှုစစ်ဆေးခဲ့သည်။

နစက ဥက္ကဋ္ဌသည် ဆရာတော်ကြီးများထံမှ ဩဝါဒများခံယူလျှက် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးတည်ဆောက်​နေမှု၊ ပိဋကတ်ကျမ်းစာတော်များရေးထိုးပူဇော်နေမှု၊ကျောက်စာရုံများတည်ဆောက်နေမှု မှတ်တမ်းအားကြည့်ရှုပြီး ခင်းကျင်းပြသထားသည့် အဆောက်အဦးပုံစံငယ်များနှင့်ကမ္ဘာပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ဖြန့်ဝေရန် ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့် ရိုက်နှိပ်ထားသော ပိဋကတ်ကျမ်းစာအုပ်နမူနာများကို ကြည့်ရှုခဲ့ကြသည်။

နစက ဥက္ကဋ္ဌမှ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည် ဆောက်ပူဇော်ဆောင်ရွက်ရာတွင် ပွင့်လင်းရာသီရောက်လာပြီဖြစ်၍ ပတ်ဝန်းကျင်စိမ်းလမ်းသာယာမှုဆောင်ရွက်ရေးနှင့်လုပ်ဆောင်ရန်ကိစ္စများကို စနစ်တကျတွက်ချက်ဆောင်ရွက်ရန် အသေး စိတ်မှာကြားခဲ့သည်။

“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံ၌ ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီးခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုဖြစ်စေရန်၊နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူဖြစ်စေရန်တို့အတွက် ရည်ရွယ်၍ တည်ထားကိုးကွယ်ရန်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်း သာသနာရေးဆိုင် ရာအခမ်းအနားကြီးများ ကျင်းပပြုလုပ်နိုင်မည့် သံဃာအပါး ၁၂၀၀ နှင့်လူပရိတ်သတ်များ ဝင်ဆံ့နိုင်သည့် သာသနာ့ဗိမာန်တော်ကြီး၊သုဓမ္မာဇရပ်များနှင့်မုစလိန္ဒာအိုင်တို့အပါအဝင် အခြားသာသနိကအဆောက်အဦများစွာကိုလည်း ထည့်သွင်းတည်ဆောက်လျက်ရှိသည်။

ထို့ပြင် ဆရာတော်ကြီးများ၏ ဩဝါဒမိန့်ကြားချက်များအရ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို ကမ္ဘာကပါသိရှိနိုင်ရန် စကျင်ကျောက်ချပ်များပေါ်၌ စက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ တည်ထားနိုင်ရန်လည်းဆောင်ရွက်လျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများကိုဆွေးနွေး

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး(UNOPS) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Mr. Sanjay Mathur တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ နိုဝင်ဘာ ၆ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ UNOPS ၏ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ် Ms. Sara Austin Netzer တို့တက်ရောက်ခဲ့ကြသည်။ 

ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများခန့်အပ်တာဝန်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ ယ နေ့ နိုဝင်ဘာ ၆ ရက်က အမိန့်အမှတ် ၄၈ /၂၀၂၅ ဖြင့် ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ ဗိုလ် ချုပ်အောင်မျိုးသန့်အား ကာကွယ်ရေးဝန်ကြီးဌာန၊ ဦးသန့်စင်လွင်အား ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဦးသိုက်စိုးအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့၏ ဒု-ဝန်ကြီးများအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။

ပဲခူးတန်ဆောင်တိုင်ပွဲတော် ပထမနေ့တွင် နေ့အရုပ်မီးပုံးပျံ (၇) ခုလွှတ်တင်ပူဇော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရား၏ ယာဥ်ရပ်နားဝင်းအတွင်း၌ ယနေ့ နိုဝင်ဘာ ၆ ရက်မှစတင်ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော် (ပထမနေ့) ညနေ ၄ နာရီတွင် နေ့အရုပ်မီးပုံးပျံများကို လွှတ်တင်ပူဇော်ခဲ့ကြသည်။ နွား၊ သိန်းငှက်၊ ကြက်၊ ဆင်၊ ငန်း၊ ဘဲ စသည့်နေ့အရုပ်မီးပုံးပျံ (၇) ခုအားလွှတ်တင်ပူဇော်ခဲ့ကြပြီး ညပိုင်းတွင်လည်း မီးစင်္ကြာလှည့်လည်ပူဇော်ပွဲ၊ တန်ဆောင်တိုင်ဖွင့်ပွဲ၊ မီးပုံးပျံအကြီး၊ အသေးလွှတ်တင်ပူဇော်ခြင်းနှင့် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများဖြင့်ကျင်းပလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071