ကျိုက်ထီးဆောင်းဆံတော်ရှင် စေတီတော်မြတ်ကြီးပရိဝုဏ်အတွင်း ” ဗုဒ္ဓဂယာမဟာဗောဓိ စေတီတော်မြတ်ကြီး” နှင့် ” “ဆံတော်ရှင်စေတီတော်မြတ်ကြီး” ပုံတူပုံပွား (၁၈) ဆူတို့ကို တည်ထားကိုးကွယ်ပူးဇော်မည်မည်ဖြစ်ကြောင်း သိရသည်။
သာသနာတော်နှစ် – ၂၅၆၉ နှစ်၊ ကောဇာသက္ကရာဇ် – ၁၃၈၇ နှစ် သုဝဏ္ဏဘူမိ(သုဓမ္မာ)ဂိုဏ်းဝင် ဆံတော်ရှင်စေတီတော်များ ပဝါရဏာအုပ်စု ဆံတော်ရှင် ကျိုက်ထီးဆောင်းဘုရားကြီးကျောင်းတိုက်မှ ထီးခရိုင်ဗဟိုမဏ္ဍိုင်ပြု၍ တောစဉ်တောင်တန်း (၆၉)ဌာနတို့အား တကျော့ပြန်သာသနာဖွင့်ဖော်ပွင့်လင်းတော်မူခဲ့သော ကျေးဇူးတော်ရှင် ကျိုက်ထီးဆောင်းအဘိုးဆရာတော်ဘုရားကြီး အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓမ္မပါရဂူ ဒေါက်တာဘဒ္ဒန္တပညာဒီပ ဆရာတော်ရှင်သူမြတ်ကြီး၏ ဩဝါဒမိန့်မှာကြားချက် ဆန္ဒတော်နှင့်အညီ ဆရာတော်ဘုရားကြီး၏ ပညာ့အမွေ၊ သာသနာ့အမွေကို ဆက်ခံထိန်းသိမ်းတော်မူသော အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ကမ္ဘာ့ငြိမ်းချမ်းရေး ဂုဏ်ထူးဆောင် ဒေါက်တာဘဒ္ဒန္တနာဂဒီပ၏ ဦးဆောင်လမ်းညွန်မှုဖြင့် တည်ထားကိုးကွယ်ပူဇော်မည်ဖြစ်သည်။
အဆိုပါ ” ဗုဒ္ဓဂယာမဟာဗောဓိစေတီတော်မြတ်ကြီး” နှင့် မဟာဓာတုဝင်၊ မဟာထေရ်ဝင်၊ မဟာဂန္ထဝင်၊ မဟာရာဇဝင် အစရှိသော ” ဆံတော်ရှင်စေတီတော်မြတ်ကြီး ပုံတူပုံပွား (၁ ၈) ဆူတို့အားပင်မ ပဓာန နာယက ဒါယကာဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ၊ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့်ဇနီး သီရိသုဓမ္မသိင်္ဂီ ဒေါ်စန်းစန်းကြွယ် သား၊ သမီး၊ မြေးမိသားစုတို့မှ ပင်မဒါယကာပြု၍ မတည်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
