ဗီယက်နမ်၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများကို ချိတ်ဆက်ပေးသည့် မဂ္ဂါဝပ် ၂,၀၀၀ ရှိသော ကမ်းလွန်လေအားလျှပ်စစ်စီမံကိန်းသည် ၂၀၃၄ ခုနှစ်တွင် ပထမအဆင့်ပြီးစီးရန် မျှော်လင့်ထားကြောင်း မလေးရှားစွမ်းအင်ဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် ပြောကြာခဲ့သည်။
လျှပ်စစ်ဓာတ်အား ၇၀၀ မဂ္ဂါဝပ်ကို မလေးရှားပြည်တွင်း၌ အသုံးပြုနိုင်မည်ဖြစ်ပြီး ကျန် ၁,၃၀၀ မဂ္ဂါဝပ်ကို စင်ကာပူသို့ တင်ပို့မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး ဖာဒဲလာယူဆွတ်က လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဒုတိယအဆင့်တွင် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနိုင်ငံတို့မှတဆင့် ကုန်းလမ်းကြောင်းများမှနေ၍ ဗီယက်နမ်မှ မလေးရှားကျွန်းဆွယ်အထိ မြောက်ဘက်သို့ သွယ်တန်းမည့် ဓာတ်အားလိုင်းများပါဝင်မည်ဖြစ်ကြောင်း ဖာဒဲလာက ပြောဆိုသည်။
“ပထမအဆင့် အလုံးစုံပြီးမြောက်တဲ့နောက်မှာ ဒီစီမံကိန်းကို စွမ်းအင်လိုအပ်ချက်နဲ့ စီးပွားရေးအရ အကဲဖြတ်မှု တွေအပေါ်ထည့်သွင်းစဉ်းစားသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
