ဟနွိုင်း၊ နိုဝင်ဘာ ၂၀
ဗီယက်နမ်နိုင်ငံအလယ်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံ၍ သေဆုံးသူ ၁၆ ဦးအထိ ရှိလာပြီး လူ ၅ ဦး လည်း ပျောက်ဆုံးနေကြောင်း ဗီယက်နမ် သဘာဝဘေးအန္တရာယ်နှင့် ရေကြီးရေလျှံမှု စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အိမ်ခြေ ၄၃,၂၀၀ ကျော် သည် ရေနစ်မြုပ်ခဲ့ပြီး ၉၁ လုံး မှာမူ ပျက်စီးခဲ့ကြောင်းသိရသည်။
ရေကြီးမှုကြောင့် စပါးနှင့် အခြားသီးနှံစိုက်ခင်း ဟက်တာ ၁၀,၀၀၀ ကျော် သည် ရေနစ်မြုပ်ခဲ့ပြီး တိရစ္ဆာန်အကောင်ရေ ၆,၅၀၀ ကျော် သေဆုံးခဲ့ကြောင်းသိရသည်။
လက်ရှိအချိန်တွင် အိမ်ထောင်စု ၅၅၃,၂၀၀ ကျော် သည်ဓာတ်အား ပြတ်တောက်မှုနှင့်ကြုံတွေ့ နေရကြောင်း သိရသည်။
Ref: ရှင်းဟွာ
