Wednesday, May 13, 2026

ကမ္ဘာ့ပထမဆုံး လူစီးနင်းလိုက်ပါနိုင်ပြီး ပုံစံပြောင်းလဲနိုင်သည့် စက်ရုပ်ကို...

လူသားများသည် အရွယ်အစားကြီးမားပြီး ခြေနှစ်ချောင်းထောက် လမ်းလျှောက်နိုင်သော စက်ရုပ်ကြီးများကို မောင်းနှင်သည့် စိတ်ကူးသည် "Pacific Rim" ကဲ့သို့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကားကြီးများထဲတွင်သာ ရှိခဲ့သည်မှာ...

မည်သည့်အတွက် ကြောင့် တရုတ်-အမေရိကန်ဆက်ဆံရေးတည်ငြိမ်ရန်အရေးကြီးလာသနည်း

ပေကျင်း၊ မေလ ၁၃ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် စတင်ချိန်တွင် နှစ်နိုင်ငံအကြား အရေးပါသော၊ ရှိသော၊ တည်ငြိမ်သော တရုတ်-အမေရိကန်...

ပူတင်၏ တရုတ်ခရီးစဉ်သည် ရုရှား-တရုတ်-အမေရိကန် ဆွေးနွေးပွဲအတွက်...

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ တရုတ်နိုင်ငံခရီးစဉ်သည် ရုရှား-တရုတ်-အမေရိကန် သုံးပွင့်ဆိုင်ဆွေးနွေးမှုအတွက် သမိုင်းဝင်အခွင့်အလမ်းတစ်ရပ်ကို ဖန်တီးပေးမည်ဖြစ်ကြောင်း၊ အကြောင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပူတင်၏ခရီးစဉ်မတိုင်မီ တရုတ်နိုင်ငံသို့ လာရောက်မည်ဖြစ်သောကြောင့်ဖြစ်ကြောင်း...

ရှမ်း(တောင်)ဒေသ အာလူးဈေးနှုန်းကျဆင်းနေသော်လည်း ဈေးကွက်အလားအလာကောင်းများရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အာလူးစျေးကွက်မှာဈေးနှုန်းကျဆင်းနေသော်လည်း ဈေးကွက်အလားအလာကောင်းများရှိနေကြောင်း အာလူးစိုက်တောင်သူများ၏ ပြောကြားချက်အရ သိရသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)သည် မြန်မာနိုင်ငံအတွင်း အာလူးထွက်ရှိမှုအများဆုံး ဒေသများထဲမှ တစ်ခုဖြစ်ပြီး အထူးသဖြင့် ဟဲဟိုး၊ အောင်ပန်း၊...
HomeMoviesဗီယက်နမ်သင်္ဘောကိုဖြတ်သန်းခွင့်ပေးရန်ယူအက်စ်ရေတပ်ကို တောင်းဆို

ဗီယက်နမ်သင်္ဘောကိုဖြတ်သန်းခွင့်ပေးရန်ယူအက်စ်ရေတပ်ကို တောင်းဆို

      
အီရတ်ရေနံတင်ဆောင်လာသော ရေနံစိမ်းတင်သင်္ဘောတစ်စင်းကို အရှေ့အလယ်ပိုင်းပင်လယ်ကွေ့ရှိ ရေတပ်၏ ပိတ်ဆို့တားဆီးထားမှုကို ဖြတ်ကျော်ခွင့်ပြုရန် ဗီယက်နမ်နိုင်ငံပိုင် ရေနံကုမ္ပဏီ၏ ကုန်သွယ်ရေးဌာနခွဲက အမေရိကန်ရေတပ်ကို တောင်းဆိုခဲ့သည်။ အဆိုပါသင်္ဘောသည် ဗီယက်နမ်ရေနံချက်စက်ရုံအတွက် အရေးကြီးသော ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရန်ဖြစ်ကြောင်းလည်း ပက်ထရိုဗီယက်နမ်ရေနံကော်ပိုရေးရှင်း(PVOIL) က အင်္ဂါနေ့က တောင်းဆိုချက်စာတစ်စောင်တွင် ပြောကြားထားသည်။
       
တရားမဝင်ကုန်ပစ္စည်းများဟု ယူဆသော ကုန်သင်္ဘောများအပါအဝင် အမေရိကန်စစ်တပ်သည် အီရန်အပေါ် သင်္ဘောသွားလာမှုဆိုင်ရာ ပိတ်ဆို့မှုကို တိုးချဲ့ခဲ့သော်လည်း ပင်လယ်ကွေ့မှ အခြားရေနံတင်ပို့မှုများကိုမူ လွတ်လပ်စွာဖြတ်သန်းသွားလာနိုင်ကြောင်း ပြောကြားခဲ့ည်။
      
မော်လ်တာအလံလွှင့်ထူထားသော ရေနံစိမ်းစည်နှစ်သန်းတင်ဆောင်ထားသည့် Agio Fanourios I ရေနံတင်သင်္ဘောကြီးသည် မေလ ၁၀ ရက်နေ့တွင် ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာခဲ့ကာ အိုမန်ပင်လယ်ကွေ့တွင် ခုတ်မောင်းနေခဲ့ပြီးနောက် မေလ ၁၁ ရက်နေ့တွင် ဂငယ်ကွေ့ပြန်လှည့်သွားခဲ့ကြောင်း သင်္ဘောခြေရာခံဒေတာများက အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။
        
အီရန်အပေါ် ပိတ်ဆို့ထားမှုကို ဆက်လက်အကောင်အထည်ဖော်ရန် သင်္ဘောကို လမ်းကြောင်းပြန်လှည့်စေခဲ့သည်ဟု ရေနံတင်သင်္ဘောနှင့် ပတ်သက်သည့် ရိုက်တာသတင်းဌာန၏ မေးမြန်းချက်အပေါ် တုန့်ပြန်သည့်အနေဖြင့် အမေရိကန်စစ်တပ် ဗဟိုကွပ်ကဲမှုဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။
      
တောင်းဆိုချက်အရ အမေရိကန်ရေတပ်သည် သင်္ဘောကို ဗီယက်နမ်သို့ ဆက်လက်ထွက်ခွာခွင့်ပြုမည်လားဆိုသည်ကိုမူ ထုတ်ပြန်ချက်တွင် ရှင်းလင်းစွာ မဖော်ပြခဲ့ပေ။
      
အီရန်အစိုးရတစ်ပိုင်း တပ်စ်နင်း သတင်းဌာန၏ အဆိုအရ သင်္ဘောသည် ဟော်မုဇ်ရေလက်ကြားရှိ ရေနံတင်သင်္ဘောများအတွက် သတ်မှတ်ပေးထားသော ရေလမ်းကြောင်းကို အသုံးပြု၍ တနင်္ဂနွေနေ့တွင် ဖြတ်သန်းသွားခဲ့ကြောင်း ဆိုခဲ့သည်။

Ref အေရှားဝမ်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာ့ပထမဆုံး လူစီးနင်းလိုက်ပါနိုင်ပြီး ပုံစံပြောင်းလဲနိုင်သည့် စက်ရုပ်ကို တရုတ်နိုင်ငံ Unitree ကုမ္ပဏီက ထုတ်ဖော်ပြသ

လူသားများသည် အရွယ်အစားကြီးမားပြီး ခြေနှစ်ချောင်းထောက် လမ်းလျှောက်နိုင်သော စက်ရုပ်ကြီးများကို မောင်းနှင်သည့် စိတ်ကူးသည် "Pacific Rim" ကဲ့သို့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကားကြီးများထဲတွင်သာ ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ သို့သော် ယခုအခါတွင်မူ သိပ္ပံစိတ်ကူးယဉ် စိတ်ကူးစိတ်သန်းနှင့် လက်တွေ့အင်ဂျင်နီယာလောကအကြား နယ်နိမိတ်မျဉ်းမှာ လျင်မြန်စွာ ပျောက်ကွယ်လာနေပြီ ဖြစ်သည်။ အနာဂတ်နောက်ခံ ရုပ်ရှင်နမူနာတစ်ခုအတွင်းမှ မြင်ကွင်းကဲ့သို့ပင် Unitree Robotics ကုမ္ပဏီ၏ စီအီးအို ဝမ်ရှင်းရှင်း(Wang Xingxing) သည် အမြောက်အမြား ထုတ်လုပ်ရန် အသင့်ဖြစ်နေသည့် ကမ္ဘာ့ပထမဆုံး လူစီးနင်းလိုက်ပါနိုင်သော စက်ရုပ်အဖြစ်...

မည်သည့်အတွက် ကြောင့် တရုတ်-အမေရိကန်ဆက်ဆံရေးတည်ငြိမ်ရန်အရေးကြီးလာသနည်း

ပေကျင်း၊ မေလ ၁၃ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် စတင်ချိန်တွင် နှစ်နိုင်ငံအကြား အရေးပါသော၊ ရှိသော၊ တည်ငြိမ်သော တရုတ်-အမေရိကန် ဆက်ဆံရေးတစ်ရပ်ကို တည်ဆောက်ရန် အခွင့်အလမ်းတစ်ရပ် ပေါ်ပေါက်လာနေသည်။ ဤခရီးစဉ်သည် လွန်ခဲ့သော ကိုးနှစ်နီးပါးကာလအတွင်း အမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံးသော တရုတ်နိုင်ငံ ခရီးစဉ်လည်း ဖြစ်သည်။ အပြောင်းအလဲမြန်သည့် အခြေအနေများရှိသော်လည်း ယေဘုယျအားဖြင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်သော နှစ်နိုင်ငံဆက်ဆံရေး ကို ပြန်လည်သုံးသပ်ချက်များအရ ထိပ်သီးခေါင်းဆောင်များ၏ သံတမန်ရေးရာ ဆောင်ရွက်မှုများသည် အမြဲတစေ အကျိုးပြုခဲ့သည်။ ၎င်းသည် အစားထိုးမရနိုင်သော...

ပူတင်၏ တရုတ်ခရီးစဉ်သည် ရုရှား-တရုတ်-အမေရိကန် ဆွေးနွေးပွဲအတွက် အခွင့်အလမ်းပြတင်းပေါက်တစ်ခု ဖန်တီးပေးနိုင်ဟုဆို

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ တရုတ်နိုင်ငံခရီးစဉ်သည် ရုရှား-တရုတ်-အမေရိကန် သုံးပွင့်ဆိုင်ဆွေးနွေးမှုအတွက် သမိုင်းဝင်အခွင့်အလမ်းတစ်ရပ်ကို ဖန်တီးပေးမည်ဖြစ်ကြောင်း၊ အကြောင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပူတင်၏ခရီးစဉ်မတိုင်မီ တရုတ်နိုင်ငံသို့ လာရောက်မည်ဖြစ်သောကြောင့်ဖြစ်ကြောင်း ရှန်ဟိုင်းနိုင်ငံတကာလေ့လာရေးတက္ကသိုလ်မှ ပရော်ဖက်ဆာ ယန်ချန်း (Yang Cheng) ကပြောကြားသည်။ ဗလာဒိုင်းကလပ်(Valdai Club) ၏ အလယ်အာရှညီလာခံ ဘေးထွက်ဆွေးနွေးပွဲတွင် သူက "အမေရိကန်သမ္မတရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ ပူတင်ရဲ့ခရီးစဉ်မတိုင်ခင် ဖြစ်လာမှာပါ။ ဒါဟာ သမိုင်းဝင် အခွင့်အလမ်းပြတင်းပေါက်တစ်ခုကို ဖန်တီးပေးလိုက်တာပါပဲ။ ဒီနိုင်ငံသုံးနိုင်ငံကြား တိုက်ရိုက်ဆွေးနွေးမှုမျိုး မဟုတ်ခဲ့ရင်တောင်မှ၊ သွယ်ဝိုက်တဲ့နည်းနဲ့ ဆွေးနွေးမှုအချို့ကတော့ ဖြစ်ပေါ်လာမှာပါ" ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071