
လက်ရှိမှာကျဆင်းနေတဲ့ ဗီဒီယို လောကကို ပြန်လည်မြှင့်တင်ဖို့ဆိုရင် အားလုံးဝိုင်းဝန်း လုပ်ဆောင်ကြရမှာဖြစ် ပြီး ခိုးကူးခွေကိုပြည်သူတွေအနေနဲ့ လုံးဝ အားမပေးကြဖို့၊ ခိုးကူးတဲ့သူတွေကိုလည်း ထိထိရောက်ရောက်အရေးယူနိုင်ဖို့ ဥပဒေတွေလည်း ရှိဖို့လိုကြောင်း ဟာသ သရုပ်ဆောင်ဦးညီဂျော်က ပြောပါတယ်။
အခုလိုလုပ်ဆောင်မှုတွေအပြင် ထိပ်သီး အနုပညာရှင်တွေအနေနဲ့က လည်း အနုပညာကြေးနဲ့ ပတ်သက်လို့ လျှော့ချပေးဖို့လိုကြောင်း သူ့ရဲ့အမြင်ကို ဆက်လက်ပြောပြပါတယ်။
“အဲဒါကတော့ ၄၊၅ ယောက် လောက်ပဲ ရှိပါတယ်။ ဗီဒီယိုဇာတ်ကား တစ်ကားဈေးနှုန်းက တော်တော်လေးမြင့် တယ်။ သူတို့လည်း လျှော့ချပေးဖို့လိုတယ်။ ဗီဒီယိုဈေးကွက်နဲ့ကိုက်တဲ့ ဈေးနှုန်း ကိုလျှော့ချပေးဖို့တော့ လိုတယ်။ ကျန်တဲ့ သူတွေရဲ့ ယူနေတဲ့ ဗီဒီယိုဇာတ်ကားဈေး နှုန်းတွေကတော့ ပုံမှန်ပါပဲ။ ပြီးတော့နယ် ကိုယ်စားလှယ်တွေကလည်း ဝိုင်းဝန်းပြီး တော့ လုပ်ဆောင်ပေးဖို့ လိုပါတယ်။ ကိုယ် စားလှယ်တွေကလည်း သင့်တင့်တဲ့ဈေး နှုန်းနဲ့ ဖြန့်ပေးရမယ်။ ကိုယ်စားလှယ် တွေကို လုပ်ကျွေးနေရတာ လည်းဖြစ်နေတယ်။ အကြွေးယူပြီးတော့ နောက် မှဖြည်းဖြည်းပေးကြတယ်။ ချက်ချင်းပြန်မရဘူး။ အဲဒီ တော့ ထုတ်လုပ်သူတွေမှာလည်း နည်းနည်း အဆင်မပြေဘူး။ ဒါ ကြောင့်မို့ ဗီဒီယိုဈေးကွက်က တော်တော်ကြီးကိုထိုးစိုက်ပြီးတော့ ကျဆင်းနေတာပေါ့။ အခုထပ်ပေါ်နေတဲ့ပရီနဲ့ မူပိုင်ဆိုတာက လည်း နှစ်ခုက တချို့က မူပိုင်နဲ့ဖြန့်တယ်။
တချို့က ပရီနဲ့ဖြန့်တယ်။ အဲဒါကိုလည်း ဈေးနှုန်းသက်သာတဲ့ နှုန်းနဲ့လျှော့ချဖို့လုပ်နေတယ်။ အဲဒါက လည်း လွန်ဆွဲနေတုန်းပါပဲ။ မပြတ်သား သေးဘူးဖြစ်နေတယ်။ တချို့က တစ် ခွေက ကျပ် ၃၅ဝနှုန်း လောက်ထိကို လျှော့ချ ပြီးတော့ ရောင်းချင်တယ်။ ရောင်းမယ် ဆိုရင်လည်း ပြေတီဦး၊ နေတိုး တစ်ခွေကို ကျပ် ၃၅ဝနှုန်းနဲ့ ရောင်းရင် အချပ်ပေါင်း ၃သောင်းလောက် ရောင်းရင်တောင် အရင်းမရဘူး။ အဆင် မပြေသေးဘူးပေါ့။ အခုအချိန်က ကျဉ်း တည်းကြပ်တည်း အတော်လေး ရောက် နေတဲ့အချိန်ပေါ့” လို့ ဗီဒီယိုဈေးကွက် ပြန်လည်ဦးမော့လာစေဖို့ ဦးညီဂျော်က သူ့ရဲ့အမြင်ကို ပြောပြပါတယ်။ လက်ရှိမှာ တော့ ဗီဒီယိုဈေးကွက်ကပျက်မလိုဖြစ်နေ ပြီး စရိတ်တအားသက်သာတဲ့ ဇာတ်ကားပဲ အဆင်ပြေနေကြောင်း၊ ဖလင်နဲ့ မရိုက် ကူးရတော့တဲ့ ကာလကစပြီး ရုပ်ရှင်ဇာတ် ကားတွေ ရိုက်ကူးမှုများလာကြောင်း၊ ရုပ်ရှင်မှာလည်း သေချာကောင်းမွန်စွာ ရိုက်ကူးပြီး ရုံရှင်ကြိုက်မှသာ ကိုယ့် ဇာတ်ကားရုံတင် ပြသခွင့်ရမယ့် အနေ အထား ဖြစ်လာတယ်လို့ ဦးညီဂျော်က ပြောပြပါတယ်။
လင်းအက္ခရာ
