Sunday, January 25, 2026

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomeCelebrities' Newsဗီဒီယိုဈေးကွက် ပျက်နေတာကြောင့် ရပ်တည်မူ...

ဗီဒီယိုဈေးကွက် ပျက်နေတာကြောင့် ရပ်တည်မူ တစ်ခုအနေနဲ့ အရင်လောက် အဆင်ပြေမှု မရှိပါဘူး သရုပ်ဆောင် ရဲမွန်

ဇာတ်ပို့ သရုပ်ဆောင်တစ်ဦး ဖြစ်တဲ့ ရဲမွန်ကတော့ လတ်တလော မှာ ဒါရိုက်တာ ဂျိုး ရိုက်ကူးတဲ့ ‘ဒိုင်ယာရီ’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒီ ဇာတ်ကားမှာ သူကတော့ မင်းသားရဲ့ သူငယ်ချင်း ဇာတ်ရုပ်နေ ရာကပါဝင် သရုပ်ဆောင်ထားတယ်လို့ဆိုပါတယ်။ ဇာတ် ပို့ သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ သူကတော့ ကာရိုက်တာပိုင်းနဲ့ ပတ်သက် ပြီး အများကြီး ရွေးချယ်မှုမရှိဘဲ ကိုယ်ဆီ လာတဲ့ ဇာတ်ကားတိုင်း လို လိုရိုက်ကူးဖြစ်ကြောင်း သိရပါတယ်။ သူအနေနဲ့ မိဘသဘောတူပြီး မင်း သမီးက သူ့ကိုမကြိုက်တဲ့ ကာရိုက် တာကို အများ ဆုံးရိုက်ကူးဖြစ် ကြောင်းလည်း ပြောပြခဲ့ပါတယ်။ လက်ရှိမှာ Video ဈေး ကွက်ပျက်နေတာကြောင့် ရပ်တည်မှု တစ်ခု အနေနဲ့ (Video ဈေးကွက် ကောင်းချိန်)အရင် လောက် အဆင်ပြေမှု မရှိပါ ဘူးလို့ပြောလာတဲ့ ရဲမွန်က …

 “ဒီဘက်ခေတ်မှာတော့ Video  ရိုက်ကူးမှုက အရမ်း နည်းသွားပါပြီ။ ရုပ်ရှင်ဇာတ်ကားတွေပဲ ရိုက်ကူးကြတယ်။ ဇာတ်လမ်းတွဲ တွေရိုက်ကူးမှုများလာတယ်။ ခုလို Video ဈေးကွက် ပျက်နေချိန်မှာ ဇာတ်လမ်း တွဲတွေ ရိုက်ကူးလာကြတာ ကလည်း ကောင်းပါတယ်။ ကျွန်တော် တို့လောကသား တော်တော် များများ အလုပ်လုပ်ရတယ်။ အဆင် ပြေကြတယ်ပေါ့။ ရုပ်ရှင်ဇာတ်ကား တွေဆိုလည်း အခု နောက်ပိုင်း တော်တော်များများ ဂရုတစိုက်နဲ့ရိုက် ကူးလာကြတယ်။ အဲဒီလို ဖြစ်လာတာ ကတော့ ကျွန် တော်တို့အနေနဲ့အရင်တုန်းကလောက် ဇာတ်ကားရိုက် ကူးမှုမများတော့ဘူးပေါ့။ ဇာတ်ကားရိုက်ကူးမှုတွေ နည်းပါးသွားတယ်။ ဒါပေမဲ့ ဇာတ်ကားကောင်း လေးတွေတော့ ရိုက်ကူးရပါတယ်။ ဇာတ်ပို့သရုပ် ဆောင် တစ်ယောက်အနေနဲ့ ရပ်တည်မှု ကတော့ Video ဈေးကွက် ကောင်းတုန်းကလောက် အဆင် ပြေမှု မရှိပါဘူး။ဒါပေမဲ့ ဇာတ်ကား ရိုက်ကူး မှုပိုင်း မှာရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးရရင်တော့ မဆိုးပါဘူးအဆင်ပြေပါတယ်” လို့ ပြောခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071