Friday, May 23, 2025

အလွန်ပါး‌သော Galaxy S25 Edge...

ဆမ်ဆောင်းအီလက်ထရွန်းနစ်၏ အပါးလွှာဆုံးစမတ်ဖုန်းအသစ်ဖြစ်သော Galaxy S25 Edge သည် ၅.၈ မီလီမီတာပရိုဖိုင်ရှိပြီး ပေါ့ပါးသော ဒီဇိုင်းဖြင့် ၁၆၃ ဂရမ်သာ လေးသည်။...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၀)ကျော်ရှိ ရပ်ရွာလူထုနှင့်...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၅)မြို့နယ်ရှိ ရပ်ရွာလူထုနှင့် ကလေးများအနေဖြင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်အား သိရှိသတိပြုမိစေရန် အသိပညာပေးခြင်းအစီအစဉ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို...

ရုရှားနှင့်အကျဉ်းသားလဲလှယ်ရေးပြင်ဆင်ဆောင်ရွက်နေ–ယူကရိန်း

ကိဗ်၊မေ ၂၂ ယူကရိန်းသမ္မတဇယ်လန်းစကီးက ရုရှားနှင့် အကျဉ်းသား (၁,၀၀၀) လဲလှယ်ရန်အတွက် ပြင်ဆင်ရန်အစည်းအဝေးကျင်းပခဲ့ကြောင်း ကြာသပတေးနေ့တွင် ကြေငြာလိုက်သည်။ အဆိုပါအစည်းအဝေးအပြီး၌ ယူကရိန်းသမ္မတက ကာကွယ်ရေးဝန်ကြီးသည် မေလ ၁၆...

MNL League Cup-2025 ပြိုင်ပွဲ...

ရတနာပုံ FC အသင်းသည် MNL League Cup-2025 အုပ် စုပွဲစဉ် (၃)ပွဲကစားပြီးနောက် ရမှတ်(၉)မှတ်ဖြင့် Quarter Final အဆင့်သို့...
HomeCelebrities' Newsဗီဒီယိုဈေးကွက်ပျက်ချိန် ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ သရုပ်ဆောင်တို့ရဲ့အလားအလာ...

ဗီဒီယိုဈေးကွက်ပျက်ချိန် ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ သရုပ်ဆောင်တို့ရဲ့အလားအလာ အကြောင်း လူငယ် ဒါရိုက်တာ လွင်ဗိုပြော

လူငယ်ဒါရိုက်တာလွင်ဗိုကတော့ လက်ရှိမှာ ‘ချစ်ခြင်းစတုဂံ’ ရုပ်သံဇာတ်လမ်းတွဲကို သရုပ်ဆောင် ခါရာ၊ မင်းမြတ်စိုးစံ၊ ထက်ထက်ထွန်း၊ နန္ဒာလွင်စတဲ့ သရုပ်ဆောင်များနဲ့အတူ ရိုက်ကူးပုံဖော်နေကြောင်း သိရပါတယ်။”မင်းသားက လူဆိုးဂိုဏ်းထဲကို ဝင်ပြီး မူယစ်ဆေးဂိုဏ်းကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့ ပုံစံလေးပါ။ အဲဒီလိုဖြစ်တာကနေပြီးတော့ ကြားထဲမှာ အချစ်တွေ၊ ဟာသတွေ၊ ဝမ်းနည်းစရာတွေ စတဲ့ရသမျိုးစုံခံစားမယ့် ဇာတ်လမ်းတွဲတစ်ခုပါ။” လို့ ပြောပြခဲ့ပါတယ်။ ခုလို ဗီဒီယိုဈေးကွက် ပျက်နေချိန်မှာရုပ်သံဇာတ်လမ်းတွဲတွေရိုက်လာကြတဲ့အပေါ် လူငယ်ဒါရိုက်တာတစ်ယောက် အနေနဲ့ အနုပညာလောကအတွက် ဘယ်လို ကောင်းကျိုးတွေ ဖြစ်စေလဲလို့ မေးမြန်းခဲ့ရာ  ” ဗီဒီယိုဈေးကွက် ပျက်နေချိန်မှာ ခုလိုရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးလာကြတာ ကတော့ ကျွန်တော်တို့ အနုပညာလောကသားတွေအတွက် ကောင်းပါတယ်။

ပရိ သတ်သိပြီးသား အနုပညာရှင်တွေ ဇာတ်ပို့၊ ဇာတ်ရံတွေဆိုလည်း အလုပ်လုပ်ကြရတယ်။ တက်သစ်စ သရုပ်ဆောင်လေးတွအတွက်လည်း အခွင့်အလမ်းတွေရှိတယ်။ နောက်ပြီး ဇာတ်လမ်းတွဲ ကြည့်ရတယ်ဆိုတာကလည်း ပုံစံတစ်မျိုးဖြစ်သွားတယ်။ ဗီဒီယို အနေနဲ့ တစ်ကားတည်း အပြီးကြည့်ချင်တဲ့ပရိသတ်ရှိသလို ဇာတ်လမ်းတွဲအရှည်ကြီးကို ဇာတ်အိမ်ကျယ်ကျယ်နဲ့ ကြည်ချင်တဲ့ပရိသတ်တွေအတွက်ရုပ်သံဇာတ်လမ်းတွဲတွေက လည်း ညစဉ်ဖျော်ဖြေမှု တစ်ခုတော့ဖြစ်နေမှာပါ။  ဗီဒီယိုဆိုတာလည်း ရှိသင့်သလို ဇာတ်လမ်းတွဲရှိနေတဲ့အတွက်လည်း သရုပ်ဆောင်အသစ်တွေ ထွက်ပေါ်လာနိုင် မယ်။ နောက်ပြီးတခြားအနုပညာရှင်တွေ အတတ်ပညာရှင်တွေလည်း ထွက်ပေါ် လာလိမ့်မယ်။ အနုပညာရှင် တွေ အတွက်လည်း အမြဲ အလုပ်ရှိနေမယ်လို့ မြင်မိပါ တယ်” လို့ ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071