Sunday, December 14, 2025

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...
HomeCelebrities' Newsဗီဒီယိုဇာတ်ကားတွေ ထက်...

ဗီဒီယိုဇာတ်ကားတွေ ထက် ဇာတ်လမ်းတွဲ ပို ရို က် ကူး ချ င် တ ယ် မေဘရဏီသော်

အခုလတ်တလောမှာ Miss Universe 2015 မေဘရဏီသော်က သရုပ်ဆောင်အလုပ်ကိုလည်း လုပ်ကိုင်လာ တာကိုတွေ့ရပါတယ်။ သူ့ရဲ့ပထမဦးဆုံး ဇာတ်လမ်းတွဲအဖြစ် သရုပ်ဆောင်ပိုင်ဖြိုးသုနဲ့အတူ  “ပန်းနှစ်ပွင့် စီးချင်း” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားကြောင်းလည်း သိရပါတယ်။ အဆိုပါဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီးတော့ မေဘရဏီသော်က….

“ညီမ ပန်းနှစ်ပွင့်စီးချင်း ဇာတ်လမ်းတွဲမှာ ရှေ့နေမလေးမေခတ်နာ နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရှေ့နေမလေးတစ်ယောက်ရဲ့ ကာရိုက်တာက ကြည့်ရင်လွယ်တယ်လို့ ထင်ရပေမယ့် တကယ်တော့ တအားခက်တယ်။ အဲဒီကာရိုက်တာကို သရုပ်ဆောင်တော့မှပဲ ရှေ့နေတွေကို ပိုလေးစားလာတယ်။ ညီမသရုပ်ဆောင်ထားတဲ့ နေရာမှာ လည်း အစိမ်းသက်သက်ကြီး ဖြစ်နေတယ်။ ဒီဇာတ်လမ်းတွဲ ဘက်ကလည်း ညီမရဲ့ ပထမဦးဆုံးဇာတ်လမ်းတွဲဆိုတော့ ကြောက်တာတော့ရှိတယ်။ ဒါပေမဲ့ အကောင်းဆုံးတော့ ကြိုးစားထားပါတယ်”လို့ ပြောပါတယ်။

မေဘရဏီသော်က ဇာတ်လမ်း တွဲတွေ ကမ်းလှမ်းလာရင် လက်ခံသွားဖို့ ရှိပေမယ့် ဇာတ်လမ်းရွေးချယ်မှုတွေ ပြုလုပ်ဖို့ရှိကြောင်းကိုတော့…

” ညီမအနေနဲ့ နောက်ထပ်ဇာတ်လမ်းတွဲတွေ ကမ်းလှမ်းလာတာမျိုးရှိရင် လက်ခံဖြစ်မှာပါ။ ဒါပေမဲ့ ဇာတ်လမ်း ကိုတော့ သေချာကြည့်ချင်တယ်။ ဒါက ညီမဇာတ်လမ်းရွေးချယ်တာတော့ မဟုတ်ဘူး။ ကိုယ်မလုပ်နိုင်မှာ စိုးလို့ပါ။ သရုပ်ဆောင်အနေနဲ့ ဘယ်အခန်းဆို ရိုက်ကူးသင့်တယ် ဆိုတာကို သိပေမယ့် ညီမက သရုပ်ဆောင် အသစ်ဖြစ်တဲ့အတွက် ကိုယ်မလုပ်နိုင်ဘူးဆိုရင် တခြားလူတွေအတွက် အဆင်မပြေဖြစ်မှာစိုးရိမ်တယ်။ ကိုယ်ပိုင်နိုင်တဲ့ဇာတ်လမ်းကို အရင်ရိုက်ကူးပြီးမှ နောက်ပိုင်း အသစ်အဆန်းလေးတွေကို ထပ်ရိုက်ကူးဖို့ ရှိပါတယ်။ ညီမရိုက်ကူးချင်တာ ဗီဒီယိုဇာတ်ကားတွေထက် ဇာတ်လမ်းတွဲကို ပိုရိုက်ကူးချင်တယ်”လို့ မေဘရဏီသော် က ဆိုပါတယ်။

 ချယ်ရီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071