တနင်္သာရီတိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ကြည်း ၃၁၃၇၅ ဗိုလ်မှူးကြီးမင်းမင်းလတ်အား အစားထိုး ခန့်အပ်ကြောင်း နစက မှ အမိန့်အမှတ် ၇၅/၂၀၂၃ ဖြင့် သြဂုတ် (၁၅) ရက်က ထုတ်ပြန် ကြေညာ ထားသည်။
ယခင်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ခန့်အပ်တာဝန်ပေးထားသည့် တနင်္သာရီတိုင်း လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်း၏ နေရာတွင် ဗိုလ်မှူးကြီး မင်းမင်းလတ်အား အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ အစားထိုးခန့်အပ်ခြင်းအား နစက အတွင်းရေးမှူး ဒု – ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက် မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။