ဗိုလ်တထောင်စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်၌ ကျင်းပခဲ့သည့် (၄၁(ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ၏ ရေစက်ချမင်္ဂလာအား ယနေ့ နိုဝင် ဘာ ၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။
ဧည့်ပရိသတ်များက ဗိုလ်တထောင်စေတီတော်သြဝါဒါစရိယ၊ နိုင်ငံတော် သြဝါဒါစရိယဆရာတော်ထံမှ ငါးပါး သီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များမှ အန္တရာယ်ကင်းပရိတ်တရားတော်များကိုရွတ်ပွားချီးမြှင့်တော်မူကာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် အလှူရှင်များက လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဗိုလ်တထောင်စေတီတော်သြဝါဒါစရိယ၊ နိုင် ငံတော်သြဝါဒါစရိယဆရာတော်ထံမှ အနုမောဒနတ ရားနာယူပြီး လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချ အ မျှပေးဝေခဲ့ကြသည်။
