ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ (၅၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ယနေ့ ဒီဇင်ဘာ ၄ ရက်(နတ်တော်လပြည့်နေ့)နံနက် ၅ နာရီက စေတီတော်မြတ်ကြီးအား ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်အမှူးပြုသည့် ဆရာတော်၊ သံဃာတော်(၉၀) ပါးမှ ဗုဒ္ဓပူဇာအဖြစ် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ ဆရာတော်ကြီးထံမှ ဧည့်ပရိသတ်များက ငါးပါး သီလခံယူဆောက်တည်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကိုဆက်ကပ်လှူဒါန်း၍ စွန်းလွန်းဂူဝိပဿနာကျောင်းဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
