ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ယနေ့ အောက်တိုဘာ ၆ ရက်တွင်ကျရောက်သည့် သီတင်းကျွတ်လပြည့်နေ့ ညနေ ၅ နာရီခွဲမှစတင်၍ ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ရုံးအဖွဲ့မှုး၊ ဒု-ရုံးအဖွဲ့မှူးများ၊ ဌာနကြီးမှူးများ၊ ဌာနမှူးများ၊ ဝန်ထမ်းများနှင့် ဝေယျာဝစ္စအသင်းအဖွဲ့များနှင့် ဘုရားဖူးလာသူများက ဆီမီး(၉၀၀၀)ထွန်းညှိပူဇော်ခဲ့ကြသည်။
