(၇၈)နှစ်မြောက် ကျရောက်မည့် အာဇာနည်နေ့ အထိမ်းအမှတ် အထူးပြခန်းပြသရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် ပြတိုက်ကိုအထွေထွေ မွမ်းမံပြင်ဆင်ခြင်းမြင်ကွင်းအချို့ ဖြစ်သည်။
လက်ရှိတွင် အာဇာနည်နေ့အတွက် အထူးပြခန်းပြုလုပ်နိုင်ရန် ဗိုလ်ချုပ်ပြတိုက်ကို ယာယီပိ-တ်ထားသည်။
ပိတ်ရက်သည် ဇွန်လ(၁၇)ရက်မှ ဇူလိုင်(၁၈)ရက်အတွင်းခေတ္တပိ-တ်ထားမည်ဖြစ်ကာ ဇူလိုင်လ(၁၉) ရက်တွင် ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်သည်ဟု သိရသည်။
ထို့အပြင် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို အများပြည်သူ ဝင်ရောက်လေ့လာနိုင်ရန် အခမဲ့ဖွင့်လှစ်ပေးထားမည် ဖြစ်သည်ဟုလည်း သိရသည်။
ဗိုလ်ချုပ်ပြတိုက် (သို့မဟုတ်) ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သည် ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သောနေအိမ်ကို ပြတိုက်အဖြစ် ခင်းကျင်းပြသထားခြင်းဖြစ်ပြီး အမှတ်(၂၅)၊ ဗိုလ်ချုပ်ပြတိုက်လမ်း(ယခင်တာဝါလိန်းလမ်း)၊ ဗိုလ်ချို(၁)ရပ်ကွက်၊ ဗဟန်းမြို့နယ်တွင်တည်ရှိသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစုနှင့်အတူ ယင်းအိမ်တွင် ၁၉၄၅-ခုနှစ်၊ မေလမှ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ လုပ်ကြံခံရသည့်နေ့အထိ နေထိုင်ခဲ့ခြင်းဖြစ်ပြီး နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်တွင် ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်ဘဝပုံရိပ်များကို ပြသထားကြောင်း သိရသည်။