Friday, May 23, 2025

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၀)ကျော်ရှိ ရပ်ရွာလူထုနှင့်...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၅)မြို့နယ်ရှိ ရပ်ရွာလူထုနှင့် ကလေးများအနေဖြင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်အား သိရှိသတိပြုမိစေရန် အသိပညာပေးခြင်းအစီအစဉ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို...

ရုရှားနှင့်အကျဉ်းသားလဲလှယ်ရေးပြင်ဆင်ဆောင်ရွက်နေ–ယူကရိန်း

ကိဗ်၊မေ ၂၂ ယူကရိန်းသမ္မတဇယ်လန်းစကီးက ရုရှားနှင့် အကျဉ်းသား (၁,၀၀၀) လဲလှယ်ရန်အတွက် ပြင်ဆင်ရန်အစည်းအဝေးကျင်းပခဲ့ကြောင်း ကြာသပတေးနေ့တွင် ကြေငြာလိုက်သည်။ အဆိုပါအစည်းအဝေးအပြီး၌ ယူကရိန်းသမ္မတက ကာကွယ်ရေးဝန်ကြီးသည် မေလ ၁၆...

MNL League Cup-2025 ပြိုင်ပွဲ...

ရတနာပုံ FC အသင်းသည် MNL League Cup-2025 အုပ် စုပွဲစဉ် (၃)ပွဲကစားပြီးနောက် ရမှတ်(၉)မှတ်ဖြင့် Quarter Final အဆင့်သို့...

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့တွင် ကျောင်းအပ်နှံသူ...

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့ဖြစ်သည့် ယမန်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျောင်းအပ်နှံသူဦးရေ ၁,၂၄၈,၁၂၃ ဦးရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ ၂၀၂၅ -၂၀၂၆...
HomeNewsLocal Newsဗိုလ်ချုပ်ရုပ်တုများ အပေါ် ကာတွန်းဆရာ...

ဗိုလ်ချုပ်ရုပ်တုများ အပေါ် ကာတွန်းဆရာ ရွှေမင်းသားရဲ့ အမြင်

Shwe-Min-Thar

မြန်မာနိုင်ငံသားများရဲ့ လေး စားဖွယ်ရာ လွတ်လပ်ရေး ဖခင်ကြီး တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုများကို မြန်မာနိုင်ငံရှိ ရန်ကုန် မြို့တွင်းသာမက တခြားမြို့ကြီးများ မှာလည်း ထုလုပ်ထားရှိပြီး ရုပ်တုများ မှာ ဗိုလ်ချုပ်မြင်းစီးနေဟန်၊ ဗိုလ်ချုပ် ခုံပေါ်မှာ ထိုင်နေဟန်၊ ဗိုလ်ချုပ် မတ်တတ်ရပ်ပြီး မိန့်ခွန်းပြောဆိုနေ ဟန်နဲ့ အောင်ဆန်း အက်တလီ စာ ချုပ်ချုပ်စဉ်ကအတိုင်း အင်္ကျီအိတ် အတွင်း လက်နှိုက်အနေအထားဟန် စတဲ့ဟန်အသွင်အပြင်နဲ့ ရုပ်တုများပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ ဗိုလ်ချုပ် ရုပ်တုများထဲမှ လက်ရာမြောက်တဲ့ ရုပ်တုရှိသလို လိုအပ်ချက်များ ပေါ် လွင်နေတဲ့ ရုပ်တုများလည်း တွေ့ရပြီး ဗိုလ်ချုပ်ရုပ်တုများကို ထားရှိရမယ့် နေရာနဲ့ ပတ်သက်ပြီးလည်း ဝေဖန် မှုများ ရှိခဲ့ပါတယ်။ အဆိုပါ အကြောင်းအရာ များနဲ့ ပတ်သက်ပြီး ကာတွန်းဆရာ ကြီး ဦးရွှေမင်းသားက သူ့ရဲ့အမြင်ကို ပြောပြခဲ့တာက…..

“ဦးကိုယ်တိုင် ငယ်ငယ်လေး ကတည်းက သတိထားပြီး လေ့လာ ကြည့်တဲ့အခါကျတော့ အခုကန် တော်ကြီးစောင်းမှာ လက်ရှိထားတဲ့ ကြေးရုပ်ပေါ့။ ပန်းပုဆရာက ပန်းပု ထုတာ ကောင်းတယ်။ ဗိုလ်ချုပ်ရဲ့ မျက်နှာ ပေါက်၊ ဟန်ပန်တွေက အစ ကောင်းပါတယ်။ အလားတူပဲ ဗိုလ်ချုပ်နဲ့ အတူ ကျဆုံးခဲ့တဲ့ အာဇာနည် ၉ ဦးရဲ့ အကြောင်းအရာကို ပန်းပုထုကြတယ်။ ပန်းပု ထုကြတဲ့အထဲမှာ ပန်းပု ဆရာ ဦးဘတင့်ဆိုတာပါ တယ်။ ကျွန်တော်တို့ရဲ့ ဆရာပါ။ သူထုတဲ့ ပန်းပုတွေဆိုလည်း တူတယ်။ အရမ်းလည်း ကောင်းပါ တယ်။ နောက်ပြီး တောင်ကြီးက ဦး စံဖေ ပန်းချီဆရာ၊ ပန်းပုဆရာ။ သူ လည်း ဗိုလ်ချုပ်ရုပ်တုထုတယ်။ ကောင်းတယ်။ သူတို့ထုတဲ့ ဗိုလ်ချုပ် ရုပ်တုတွေက တူတယ်။ ဗိုလ်ချုပ် ကာရိုက်တာကို ပေါ်လွင်စေပါတယ်။ အခု ခေတ်မှာလည်း တော်တော် များ များ ထုကြတယ်။ ပန်းပုဦးစိုးတင့် ဆိုတာရှိတယ်။ သူက ဂျာမနီပြန်။ မကွေးမှာရှိတဲ့ ဗိုလ်ချုပ်မြင်းစီး ကြေးရုပ်ကို သူထုတယ်။ အဲဒီရုပ်တု လည်း ကောင်းတယ်။ အပြစ်ပြော စရာ မရှိဘူး။ ရုပ်တုထုတိုင်း တူတယ် လို့တော့ ပြောလို့ မရဘူးပေါ့။ တချို့ ရုပ်တုတွေက ဗိုလ်ချုပ်နဲ့ ဆင်သလို ဖြစ်ပေမယ့် တကယ်တော့ မတူဘူး။ ဗိုလ်ချုပ်အစစ် မဖြစ်ဘူးပေါ့။ အဲဒါ ကြောင့် ဗိုလ်ချုပ်ရုပ်တု လုပ်မယ်ဆို ရင် မြို့ နယ်တစ်ခုက ဦးစီးဦးဆောင် ပြီး ပန်းပုဆရာ၊ ပန်းချီဆရာ ဓာတ်ပုံ ဆရာ စတဲ့ပညာရှင်တွေနဲ့ တူမတူ အကဲဖြတ်ဖို့ အဖွဲ့ရှိ သင့်ပါတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ စည်ကားတိုင်း လည်း ထားလို့မဖြစ်ဘူး။ မရိုမသေ ပြုမှာလည်း စိုးရိမ်ရတယ်။ ဗိုလ်ချုပ် ရုပ်တုကို လူသွားလူလာများတဲ့ ထိုက် သင့်တဲ့ နေရာတွေမှာ ထားစေချင်ပါ တယ်” လို့ ပြောခဲ့ပါတယ်။

ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071