နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ အချက်များကို လိုက်နာမှုမရှိသည့် Money Changer (၂ ) ခုကိုထပ်မံအရေးယူထားကြောင်း ဗဟိုဘဏ်ကထုတ်ပြန်ထားသည်။
နိုင်ငံခြားငွေဈေးကွက်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန်အတွက် Money Changer များကို ရှောင်တခင်ဝင်ရောက် စစ်ဆေးလျက်ရှိကာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ အချက်များကို လိုက်နာမှုမရှိသည့် Money Changer (၂) ခုကို မေလ ၃ ရက်တွင် ထပ်မံအရေးယူခဲ့ခြင်းဖြစ်သည်။
အဆိုပါ Money Changer ၂ ခုမှာ Money King Co.,ltd ၊ Wakhema Co.ltd ကို Money Changer လိုင်စင်အား ခြောက်လ ဆိုင်းငံ့ခဲ့ကြောင်း ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ်အနေဖြင့် Money Changer ၂ ခုကိုထပ်မံအရေးယူထားပြီး နှစ်လအတွင်း Money Changer ၅၀ ခုအထိ အရေးယူထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။