ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၃ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၁,၇၃၆,၂၇၇.၅၀ အား စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ဒီဇင်ဘာ ၃ ရက်က ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် FX Trading တွင်လည်း စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ကား/ဆိုင်ကယ်အပိုပစ္စည်း ၊ ဓာတ်မြေဩဇာ ၊ ဂျုံ ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်း ၊ စက်မှုကုန်ကြမ်းပစ္စည်းများ ၊ အီလက်ထရောနစ်ပစ္စည်းများ၊ စားသုံးကုန်စည် ၊ လူသုံးကုန်ပစ္စည်းများ ၊ ထုပ်ပိုးစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများတင်သွင်းသည့် Importer များမှ နိုင်ငံခြားငွေဝယ်ယူရရှိခဲ့ကြောင်းလည်း သိရသည်။
FX Trading တွင်တစ်ဒေါ်လာ ၃၆၄၇ ကျပ်၊ တရုတ်ယွမ်တစ်ယွမ်လျှင် ၅၅၆ ကျပ်၊ ထိုင်းဘတ်တစ်ဘတ်လျှင် ၁၂၄ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
