Sunday, July 13, 2025

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး...

စင်ကာပူ တာတိုဖလား ကနူး /...

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက...

ရလဒ်များကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးကြိုးစားသွားရန်...

ပြီးခဲ့သည့် ပြိုင်ပွဲများတွင် ကြုံတွေ့ခဲ့သည့် ရလဒ်ဆိုးများကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးယှဉ် ပြိုင်ကြိုးစားသွားရန် အမျိုးသမီးဘောလုံး ကော်မတီဥက္ကဌ ဒေါ် ခင်စံပယ်ကြည် က...
HomeNewsLocal Newsဗဟိုဘဏ်မှတရားဝင်ခွင့်ပြုထားခြင်းမရှိသည့် Mobile Pay/Mobile...

ဗဟိုဘဏ်မှတရားဝင်ခွင့်ပြုထားခြင်းမရှိသည့် Mobile Pay/Mobile Wallet လုပ်ငန်းလုပ်ဆောင်နေသူများအား စစ်ဆေးတွေ့ရှိပါက အရေးယူသွားမည်

ဗဟိုဘဏ်မှတရားဝင်ခွင့်ပြုထားခြင်းမရှိသည့် Mobile Pay/Mobile Wallet လုပ်ငန်းလုပ်ဆောင်နေသူများအား စစ်ဆေးတွေ့ရှိပါက အရေးယူသွားမည်

ဗဟိုဘဏ်မှတရားဝင်ခွင့်ပြုထားသည့်ဘဏ်၊ငွေ ရေးကြေးရေးအဖွဲ့အစည်းများနှင့်ကုမ္ပဏီများ စာ ရင်းအား ဗဟိုဘဏ်၏တရားဝင် Website ဖြစ်သည့် www.cbm.gov.mm တွင်ဖော်ပြထားသည်။

လက်ရှိအချိန်တွင် တရားဝင်ခွင့်ပြုထားခြင်းမရှိသည့် Mobile Pay/Mobile Wallet နှင့်ငွေပေးချေမှုဝန်ဆောင်မှုပေးသည့် လုပ်ငန်းများမှတစ်ဆင့် သုံးစွဲသူများအချင်းချင်းငွေလွှဲပြောင်းခြင်း၊ကုန် စည်ဝယ်ယူခြင်းများဆောင်ရွက်နိုင်ကြောင်း Social Media Platform များတွင် ကြေညာနေ သည်အား တွေ့ရှိရသည်ဟု ဗဟိုဘဏ်မှ ဇွန် ၁၀ ရက်တွင်ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ Mobile Pay/Mobile Wallet နှင့်ငွေပေး ချေမှုဝန်ဆောင်မှုပေးသည့် လုပ်ငန်းများသည် စ နစ်တကျကြီးကြပ်ကွပ်ကဲမှုအောက်တွင်မရှိသ ဖြင့် ပြည်သူများအနေဖြင့် ဆုံးရှံးမှုများဖြစ်ပေါ်နိုင်သဖြင့် ယင်းလုပ်ငန်းလုပ်ကိုင်နေသူများအား ဗဟိုဘဏ်မှ စစ်ဆေးတွေ့ရှိရပါက ငွေရေးကြေး ရေးအဖွဲ့အစည်းများဥပဒေပုဒ်မ -၁၇၂ အရ ထောင်ဒဏ်(သို့)ငွေဒဏ်(သို့)ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဟု ဗဟိုဘဏ်မှထုတ်ပြန်ကြေ ညာခဲ့သည်။

ဗဟိုဘဏ်မှ ဘဏ်များနှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများအား ဗဟိုဘဏ်ဥပဒေပုဒ်မ-၄၀ နှင့် ၇၉ ၊ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုဒ် မ-၅၊ ၁၂၉ နှင့် ၁၃၀၊မိုဘိုင်းငွေရေးကြေးရေးဝန် ဆောင်မှုဆိုင်ရာစည်းမျဉ်း၊မိုဘိုင်းဘဏ်လုပ်ငန်းဆိုင်ရာညွှန်ကြားချက်၊အီလက်ထရောနစ်ကတ်ဖြင့်ပေးချေမှုဆိုင်ရာညွှန်ကြားချက်တို့နှင့်အညီ လုံခြုမှုနှင့်ထိရောက်သည့် ငွေပေးချေမှုများဆောင်ရွက်နိုင်ရန်ခွင့်ပြုပေးထားသည်။

ထို့သို့ ခွင့်ပြုပေးရာတွင် မိုဘိုင်းဘဏ်လုပ်ငန်းဆောင်ရွက်ရန်ဘဏ် ၁၈ ဘဏ်၊အင်တာနက်ဘဏ်လုပ်ငန်းဆောင်ရွက်ရန် ဘဏ် ၁၀ ဘဏ်၊မိုဘိုင်းငွေပေးချေမှု(Mobile Pay)ဆောင်ရွက်ရန် ဘဏ် ၈ ဘဏ်၊မိုဘိုင်းငွေရေးကြေးရေးဝန် ဆောင်မှုလုပ်ငန်းဆောင်ရွက်ရန်အဖွဲ့အစည်း ၅ ခု ၊ Transportation Card နှင့် Shopping Card စသည့် ကတ်ပေးချေမှုလုပ်ငန်းများဆောင်ရွက်ရန် အဖွဲ့အစည်း ၇ ခုနှင့်ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရန် ကုမ္ပဏီ ၄ ခုတို့အား ခွင့်ပြု၍ကြီး ကြပ်ထိန်းကျောင်းပေးလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး စိတ်(၁)သိန်းကို စိုက်ထည့်ပေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှလည်း ငါးမျိုးစိတ်များကိုစိုက်ထည့်ပေးခဲ့သည်။ ယနေ့တွင် ရေဆင်းဆည်အတွင်းသို့ (၂)လက်မအရွယ် ရွှေဝါငါးချင်းကောင်ရေ(၅,၀၀၀)၊ ငါးမြစ်ချင်းကောင်ရေ(၄၅,၀၀၀)၊ ငါးခုံးမကြီးကောင်ရေ (၅၀,၀၀၀)(စုစုပေါင်း ငါးမျိုးကောင်ရေ (၁၀၀,၀၀၀)ကို /စိုက်ထည့်ပေးခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ရေ ဆင်းဆည်အတွင်းသို့ ငါးမျိုးစိတ်စိုက်ထည့်မှု (၁၀) ကြိမ်နှင့် ယခုအကြိမ်အပါအဝင်(၁၁)ကြိမ်၌...

စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာ‌ ရွှေသုံးခု ၊ ‌ငွေတစ်ခု ၊‌ ကြေးသုံးခုရရှိထား

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup)၌ မြန်မာနိုင်ငံကိုယ်စားဝင်ရောက်ယှဉ်ပြိုင်သည့် လှေလှော်အားကစားအဖွဲ့‌မှာ ရွှေသုံးခု ၊ ‌ ငွေတစ်ခု ၊ ကြေးသုံးခု ဆွတ်ခူးရရှိထား‌ကြောင်းသိရသည်။ အဆိုပါ ပြိုင်ပွဲတွင် U17 + U18 ကယက် တစ်ယောက်လှော် မီတာ ၁၀၀၀ ပြိုင်ပွဲ၌‌ မြန်မာမှ ဇေယျာထွန်းက ပထမ(ရွှေတံ...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင် ဆင်ထား

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ပြောသည်။ လက်ရှိ တောင်ငူမြို့ စစ်တောင်းမြစ်ရေသည် ယနေ့ နံနက် ၆နာရီခွဲအချိန်၌ ၄၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၄ နာရီအတွင်း ၆၅ စင်တီမီတာ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။ တောင်ငူမြို့ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ၆၀၀ စင်တီမီတာတွင်ရှိသည်ဟုဆိုသည်။ " ကျွန်တော်တို့ မိတ်ဖက်အဖွဲ့တွေ ပူး ပေါင်းပြီး စုဖွဲ့ပြင်ဆင်တာရှိသလို အချို့ အသင်းအဖွဲ့တွေလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071