ဗဟိုဘဏ်မှ နိုဝင်ဘာ ၁၃ ရက်တွင် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် အမေရိကန်ဒေါ်လာ ၅၀၂,၀၃၇ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံသို့ ထုတ်ရောင်းပေးခဲ့သည်။
FX Trading တွင် ဆောက်လုပ်ရေးပစ္စည်း၊ တိရစ္ဆာန်အစာ၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ကတ္တရာ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်း၊ စက်မှုကုန်ကြမ်း၊ တိရစ္ဆာန်အစာ၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ထုတ်ပိုးမှုပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ သံမဏိ၊ စားသုံးကုန်စည် တင်သွင်းသည့် Importer များမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
FX Trading Platform တွင် အမေရိကန်ဒေါ်လာငွေလဲနှုန်း ၃၆၄၄ ကျပ် ဖြင့်ဗဟိုဘဏ်မှ သတ်မှတ်ရောင်းဝယ်ခဲ့ကြောင်း သိရသည်။
ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၇ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။
ပြည်ပမှစက်သုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များ အဆင်ပြေစေရန်နှင့် စက်သုံးဆီဈေးနှုန်းတည်ငြိမ်စေရန် ဗဟိုဘဏ်မှ ဒေါ်လာများ ထုတ်ရောင်းပေးလျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၈ ရက်ကလည်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးထားသည်။
