ရန်ကုန်တိုင်း၊ဗဟန်းမြို့နယ်၊ရွှေတောင်ကြား(၂) ရပ်ကွက်တွင် လမ်းဘေးသစ်ပင်အား Light Truck ကားဝင်တိုက်မိခဲ့မှု ဒီဇင်ဘာ ၂၁ ရက်(ယနေ့)နံ နက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဗဟန်းမြို့နယ်အရန်မီးသတ်တပ်ရင်းရုံးမှ သိရသည်။
ယနေ့နံနက် ၈ နာရီ ၁၀ မိနစ်ခန့်က ဗဟန်းမြို့နယ်၊ရွှေတောင်ကြား(၂)ရပ်ကွက်၊ဓမ္မစေတီလမ်းရှိ စင်္ကာပူသံရုံးရှေ့တွင် အမျိုးသား၊အမျိုးသမီးများလိုက်ပါလာသည့် Light Truck ကားသည် လမ်းဘေးရှိသစ်ပင်အားဝင်တိုက်မိခဲ့သည်။
ဖြစ်စဉ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၉ ဦး (စုစုပေါင်း ၁၂ ဦး)တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“သတင်းရတဲ့အချိန်သွားပြီးကူညီပေးခဲ့ပါတယ် ကျောရိုးထိခိုက်မိတဲ့လူတွေလည်းရှိတဲ့အတွက် အ ရေးပေါ်မြေပြင်ကုသမှုတွေလုပ်ပေးခဲ့ရပါတယ်” ဟု ဖြစ်စဉ်အားကူညီပေးခဲ့သည့် လူမှုကူညီရေးအ သင်းဝင်တစ်ဦးကပြောသည်။
ဖြစ်စဉ်၌ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၂ ဦးအား လူမှုကူညီရေးအသင်းများက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Photo-ဗဟန်းမြို့နယ်အရန်မီးသတ်တပ်ရင်းရုံး


