(Unicode)
ဗဟန်းမြို့နယ်မှာ အမျိုးသားတစ်ယောက်နေအိမ်အတွင်း သေနတ်နဲ့ပစ်ခတ်ခံရ
ဗဟန်းမြို့နယ်၊ကျိုက္ကဆံရပ်ကွက်၊ပတ္တမြားလမ်းမှာ နေထိုင်တဲ့ ကိုမျိုးအောင်သော်ဟာ နိုဝင်ဘာ ၁၅ ရက်မနက် ၈ နာရီလောက်ကနေအိမ်ထဲမှာရှိနေစဥ် သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
“သေနတ်သံသုံးချက်ကြားလိုက်လို့ ထွက်ပြီးစုံ စမ်းကြည့်တော့ ကိုမျိုးအောင်သော် တို့အိမ်ကဆိုတာကိုသိရတယ် ပစ်ခံရတဲ့နေရာမှာပဲသေသွားတယ် သူကစစ်ကောင်စီသတင်းပေးတစ်ယောက်ပါ”လို့ရပ်ကွက်နေသူတစ်ယောက်ကပြောပါ တယ်။
ကိုမျိုးအောင်သော်ကိုသေနတ်နဲ့ပစ်သတ်ခဲ့သူတွေက ဘယ်အဖွဲ့အစည်းကဆိုတာမသိရသေးသလို ထုတ်ပြန်တာတွေလည်းမရှိသေးပါဘူး။
ဖြစ်စဥ်ဖြစ်ပြီးချင်း လုံခြုံရေးအဖွဲ့တွေက ရပ် ကွက်အတွင်းဝင်စစ်တာတွေ လမ်းတွေကိုပိတ်စစ်ဆေးတာတွေ လုပ်ခဲ့ကြပါတယ်။
(Zawgyi)
ဗဟန္းၿမိဳ႕နယ္မွာ အမ်ိဳးသားတစ္ေယာက္ေနအိမ္အတြင္း ေသနတ္နဲ႔ပစ္ခတ္ခံရ
ဗဟန္းၿမိဳ႕နယ္၊က်ိဳကၠဆံရပ္ကြက္၊ပတၱျမားလမ္းမွာ ေနထိုင္တဲ့ ကိုမ်ိဳးေအာင္ေသာ္ဟာ ႏိုဝင္ဘာ ၁၅ ရက္မနက္ ၈ နာရီေလာက္ကေနအိမ္ထဲမွာရွိေနစဥ္ ေသနတ္နဲ႔ဝင္ေရာက္ပစ္ခတ္ခံရတာေၾကာင့္ ေသဆုံးသြားတယ္လို႔ ရပ္ကြက္ေနသူေတြဆီက သိရပါတယ္။
“ေသနတ္သံသုံးခ်က္ၾကားလိုက္လို႔ ထြက္ၿပီးစုံ စမ္းၾကည့္ေတာ့ ကိုမ်ိဳးေအာင္ေသာ္ တို႔အိမ္ကဆိုတာကိုသိရတယ္ ပစ္ခံရတဲ့ေနရာမွာပဲေသသြားတယ္ သူကစစ္ေကာင္စီသတင္းေပးတစ္ေယာက္ပါ”လို႔ရပ္ကြက္ေနသူတစ္ေယာက္ကေျပာပါ တယ္။
ကိုမ်ိဳးေအာင္ေသာ္ကိုေသနတ္နဲ႔ပစ္သတ္ခဲ့သူေတြက ဘယ္အဖြဲ႕အစည္းကဆိုတာမသိရေသးသလို ထုတ္ျပန္တာေတြလည္းမရွိေသးပါဘူး။
ျဖစ္စဥ္ျဖစ္ၿပီးခ်င္း လုံၿခဳံေရးအဖြဲ႕ေတြက ရပ္ ကြက္အတြင္းဝင္စစ္တာေတြ လမ္းေတြကိုပိတ္စစ္ေဆးတာေတြ လုပ္ခဲ့ၾကပါတယ္။