Sunday, January 25, 2026

ရွေးကောက်ပွဲ အပိုင်း (၃) စတင်ပြီ

ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပရန် သာကေတမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ အမှတ်(၇)ရပ်ကွက်(အနောက်) မဲရုံအမှတ်(၁)မဲရုံမြင်ကွင်းများဖြစ်ပါသည်။ ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ကျင်းပနေသည့် ရွေးကောက်ပွဲ အပိုင်း (၃)၌ ရန်ကုန်တိုင်းဒေသကြီးတွင်...
HomeNewsLocal Newsဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းနှင့်...

ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းနှင့် ရွှေကူအထိ ရေလမ်းကြောင်းဖွင့်ထားစဉ် ‌အမြန်ထွက်ခွာကြရန် ကယ်‌ဆယ်ရေးအဖွဲ့များ ထပ်မံသတိပေး

တိုက်ပွဲများ ဖြစ်ပွားနေသည့် ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းကျေးရွာနှင့် ရွှေကူမြို့အထိ ရေလမ်းကြောင်းဖွင့်ထားစဉ် ‌အမြန်ဆုံးထွက်ခွာထားကြရန် ဒေသတွင်း ကူညီကယ်‌ဆယ်ရေးအဖွဲ့များ ယနေ့တွင် ထပ်မံသတိပေးထားသည်။

“အခုအချိန်မှာ ရသလောက် စင်းခန်း သို့မဟုတ် ရွှေကူမြို့လောက်ထိ ရေလမ်းထွက်လို့ရနေတုန်းမို့ ထွက်ထားကြပါရန် ထပ်ကာ ထပ်ကာ ဆော်ဩနေပါတယ်။ အသက်အန္တရာယ်အရေးကြီးနေချိန်မို့ အခြားအရာအားလုံးထက် ပထမဦးစား‌ပေးစဉ်းစားပေးကြဖို့ တိုက်တွန်းပါရစေ။” ဟု ဆိုသည်။

ယမန်နေ့က စင်းခန်းကျေးရွာသို့ ရောက်ရှိနေသော ဒေသခံစစ်ရှောင် (၃၀) ကျော်အား သွားရောက်ကယ်ထုတ်လာသည့် ဒေသတွင်း ပူးပေါင်းကူညီကယ်ဆယ်ရေးအဖွဲ့ ယာဉ်(၃)စီးသည် ယနေ့ မန္တလေးမြို့သို့ ထပ်မံ ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် ၎င်းတို့၏ နေထိုင်တည်းခိုရေးအတွက် နယ်ပယ်အသီးသီး အဖွဲ့အစည်းအသီးသီးမှ ဝိုင်းဝန်းကူညီပေးကြရန်နှင့် အခြေခံလိုအပ်ချက်များကို ထောက်ပံ့ကူညီပေးကြရန် မြေပြင်ကယ်ဆယ်ရေးအဖွဲ့များက အကူအညီတောင်းခံထားသည်။

လက်ရှိတွင် မန္တလေးမြို့သို့ ပရဟိတအသင်းများကားဖြင့်ရော မိမိအစီအစဉ်ဖြင့်ပါ ဗန်းမော်စစ်ဘေးရှောင်များ ဆက်တိုက်ရောက်ရှိနေကြသကဲ့သို့ ထပ်မံရောက်ရှိရန်လည်းရှိနေသေးပြီး နေထိုင်ရေးအခက်အခဲကြုံတွေ့နေကြရကြောင်း သိရသည်။

ယနေ့အချိန်အထိ ဗန်းမော်မြို့အတွင်းအချို့နေရာများတွင် တပ်မတော်နှင့် KIOတို့ နှစ်ဘက်ထိတွေ့တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်ဟု သိရပြီး၊ ရက်ပေါင်း (၂၀)ကြာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071