မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ဗန်းမော်ကျောင်းတိုက်ကြီးတွင် ဗန်းမော်ဆရာတော် ဘုရားကြီး၏ အထိမ်းအမှတ်ပြတိုက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အထိမ်းအမှတ်ပြတိုက်တွင် ဗန်းမော်ဆရာတော်ဘုရားကြီး စုဆောင်းပူဇော်ခဲ့သော ဓာတ်တော် မွေတော်များ၊ ကိုးကွယ်ခဲ့သော ဗုဒ္ဓဆင်းတုတော်များ၊ ဘုရားခြေတော်ရာ၊ ပြည်တွင်းပြည်ပအလှူရှင်များ ဆက်ကပ်လှူဒါန်းထားသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ၊ ဆရာတော်ဘုရားကြီး၏ ပုံတူရုပ်တုနှင့် မှတ်တမ်းဓာတ်ပုံများ၊ ဆရာတော်ဘုရားကြီးမှ လှူဒါန်းထားသော ဂုဏ်ပြုလွှာများကို ပြတိုက်အင်္ဂါရပ်နှင့်အညီ ခင်းကျင်းပြင်ဆင်ထားရှိမည် ဖြစ်သည်။
ဗန်းမော်ဆရာတော်ဘုရားကြီးသည် ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန မဟာနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိလည်း ဖြစ်သည်။
ဗန်းမော်ဆရာတော် ဘုရားကြီးသည် ၂၀၂၃ ခုနှစ်၊ မေလ (၂ ၅) ရက်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကာ ပျံလွန်တော်မူချိန်တွင် သက်တော် (၉၄) နှစ် ရှိပြီ ဖြစ်သည်။