Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeNewsLocal Newsဗန်းမော်ဆရာတော်​ကြီး​နောက်ဆုံးပြခဲ့သည့်တရားသ​ဘောနှင့် ပုထုဇဥ်ဘုံတွင်ကုသိုလ်နှင့်ကျင်လည်ပြခြင်း

ဗန်းမော်ဆရာတော်​ကြီး​နောက်ဆုံးပြခဲ့သည့်တရားသ​ဘောနှင့် ပုထုဇဥ်ဘုံတွင်ကုသိုလ်နှင့်ကျင်လည်ပြခြင်း

နဝမမြောက် ဗန်းမော်ဆရာတော်ကြီးသည် မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်၊မဟာနွယ်စဥ်ရပ်ကွက်ရှိ ဗန်းမော်ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူစဥ် မေ ၂၅ ရက် ည ၁၁ နာရီ ၁၁ မိနစ်က ပျံလွန်တော်မူသွားခဲ့သည်။

ပျံလွန်တော်မူသွားခဲ့သည့် နဝမမြောက် ဗန်းမော်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနသဘင်အခမ်းအနားအား နိုင်ငံတော်အဆင့်ဖြင့် ဇွန် ၆ ရက်မွန်းလွဲပိုင်းကကြီးကျယ်စွာဆင်ယင်ကျင်းပခဲ့ပုံမှာလည်း မန္တ​လေးရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊မန္တ​လေးသူ/သားများ၏ အားစိုက်ပူဇော်မူကို အထင်းသား​တွေ့မြင်ရသည်။

ဆရာတော်ကြီး ၏ ရုပ်ကလာပ်တော်အား မီးပူဇော်ပြီးနောက် ကြွင်းကျန်ရစ်တော်မူသည့် အရိုးဓာတ်တော်များအား ဖူးတွေ့ရသည့်အခိုက်တွင်လည်း ဓါတ်ကြီး ၄ပါးဖြင့်ဖွဲ့စည်းထားသည့် ရုပ်တို့တွင် ​နောက်ဆုံး ပထဝီဓါတ်လွန်ကဲသော ဥတုဇရုပ်သာ ကြွင်းကျန်​သော်လည်း ရုပ်နာမ်တွဲစပ်စဥ် ​ထုတ်လွှတ်ခဲ့သည့်မေတ္တာလှိုင်းက​တော့ သတ္တဝါအားလုံးအ​ပေါ် ​ကော စကြာဝဠာအနှံ​ကော ရှိ​နေမှာဖြစ်လို့ ကျန်ရစ်သူ ဒကာ၊ဒကာမများက ခံစားနိုင်​အောင်ကြိုးစားကြရုံသာပင်။

ပျံလွန်တော်မူသွားခဲ့သည့် ဗန်းမော်ဆရာတော်ကြီးအကြောင်းအား တိပိဋက​ရေစကြိုဆရာ​တော်ကြီးနှင့်မြို့လှမဟာဂန္ဓာရုံဆရာ​တော်ဦး​တေဇနိယတို့မှ ပေါ်ပြူလာနယူးစ်သို့ မိန့်ကြားတော်မူခဲ့သည်များကို ရေးသားဖော်ပြလိုက်ရပါသည်။

“ဗန်း​မော်ဆရာတော်ကြီးရဲ့အန္တိမအဂ္ဂိဇာပနကို နိုင်ငံတော်အဆင့်ကျင်းပတာဆိုတော့ ကြီးကျယ်တာ​ပေါ့။ ဘုန်းကြီးတို့ကိုလည်း တိပိဋက တကဏ္ဍအ​နေနဲ့ မန္တ​လေးမှာ ​ရောက်​နေပါတယ်။ မင်းကွန်းဆရာတော်ကြီးတုန်းက​တော့ တနိုင်ငံလုံးကပရိတ်သတ်​တွေလာကြတာ၊သ​​င်္ဘော​တွေဆိုခရီးသည်​တွေကို အခမဲ့ပို့​ဆောင်ကြတာ၊အဲ့ဒါက​တော့ ပရိတ်သတ်အစည်ဆုံးပေါ့ “ဟု  တိပိဋက​ရေစကြိုဆရာ​တော်ကြီးက မှတ်ချက်ပြုမိန့်ကြားခဲ့သည်။

ဗန်း​မော်ဆရာတော်ကြီးက ဘုန်းကြီးအပါဝင် မော်ကျွန်း၊မြင်းမူ၊မြင်းခြံ၊စွန်းလွန်း၊စစ်ကိုင်း၊ရခိုင် တိပိဋက ၇ ပါး‌ကို ပဌာန်းပို့ချဖူးပါတယ်။ သကျသီဟ စာမေးပွဲမှာ စာသင်တန်းနဲ့စာချတန်းအောင်လို့ ဝဋံသကာ ဘွဲ့ရတာ။အဲ့အသင်းမှာ မင်းကွန်းဆရာ​တော်ကြီးကအစပြုလို့ ၈ ပါးပဲရှိတယ်လို့သိထားတယ်။ ဓမ္မစရိယစာမေးပွဲမှာ ပါဠိဘာသာနဲ့ဖြေပြီး(၉)ကျမ်းလုံးကို တစ်နှစ်ထဲပြီးသွားတာ။ ၉ ကျမ်းလုံးပြီးရင် သိ​ရောမဏိ၊ပါဠိနဲ့ပြီးလို့ ပါဠိသိရောမဏိဘွဲ့ရခဲ့ရ​တွေက ဝိ​သေသအထူးကြီး​တွေ​ပေါ့။

ပညာရေးအနေနဲ့ ဘယ်သူမှမ​ရေး​သေးတဲ့ ရဟန္တာအမျိုးသမီးတွေအကြောင်းကို ဆရာတော်ကြီးကထေရီ အပါဒါနဒီပနီ ဖွင့်ခဲ့တယ်။​ရဟန္တာ​ထေရီမကြီး​တွေအ​ကြောင်းအဋ္ဌကထာဖွင့်တာကို မစိုးရိမ်ဆရာ​တော်ကြီးနဲ့မင်းကွန်းဆရာ​တော်ကြီးတို့က ဒီပနီလို့ပဲတပ်ဖို့ သြဝါဒ​ပေးခဲ့တာဟု ​ရေစကြိုဆရာ​တော်ကြီးက မိန့်ကြားခဲ့သည်။

ထို့ပြင် မြို့လှမဟာဂန္ဓာရုံဆရာ​တော်ဦး​တေဇနိယမှလည်း ဗန်းမော်ဆရာတော်ကြီးအကြောင်းအား

၁၊ မင်းကွန်း တိပိဋကဆရာတော်ကြီးနဲ့ အတူလက်တွဲ၍ တိပိ ဆရာတော်လောင်းလျာများကို ဝိနည်း၊ပဋ္ဌာန်းစသည့် တိပိဋကသင်ရိုးကျမ်းစာများကို ပို့ချသင်ပေးခဲ့၍ နောက်ပေါ်တိပိဋကဓရဆရာတော်ကြီးများ၏ ဆရာဖြစ်ခြင်းအာစရိယဂုဏ်

၂၊ သက်ရှိထင်ရှားရှိစဉ်က နေ့စဉ်ဂုဏ်တော်၊ပဋ္ဌာန်းစသည်ကို ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ခြင်း ဓမ္မဂုဏ်

၃၊ မြန်မာနိုင်ငံတော်တွင် သံဃဥသျှောင် သံဃနာယက ဥက္ကဋ္ဌဂုဏ်

၄၊ ပရိယတ္တိနယ်ပယ်တွင် အထင်ကရ အားထားလေးစားရသော စာပေပရိယတ္တိ တတ်မြောက် ကျွမ်းကျင်ခြင်း ပရိယတ္တိဗဟုသုတဓရဂုဏ်

၅၊ တပါးသူ အပြစ်မပြောခြင်း၊မာန်မာနကင်းခြင်း၊ရိုးသားခြင်းဂုဏ်

၆၊ ရဟန်းသံဃာ၊မင်းနှင့်ပြည်သူတို့၏ သာသနာအပေါ် ထူးကဲစွာကြည်ညိုကြခြင်း သဒ္ဓါဂုဏ်

စတာတွေကြောင့် သံဃနာယက ဥက္ကဋ္ဌဆရာ တော်တွေထဲမှာ ကြီးကျယ်ခန်းနားလှစွာ အပူ​ဇော်ခံရသည်ဟု ယူဆမိ​ပါတယ်ဟု ပေါ်ပြူလာနယူးစ်သို့မိန့်ကြားတော်မူခဲ့သည်။

Photo-KWM

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် ဆန်အိတ်ရေ ၃၀၀ ကျော် ရောင်းချပေးခဲ့

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို နှစ်ပတ်အတွင်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အိမ်ထောင်စု အရေအတွက် စုစုပေါင်း (၂၆၇) ခုကို ရက် (၉၀) ဆန် ၅၉ အိတ်၊ ရွှေဘိုပေါ်ဆန်း ၁၉၀ အိတ်၊ ဧည့်မထဆန်၂၄ အိတ်၊ ဧရာဝတီပေါ်ဆန်း ကြားပျံ (ဆန်သစ်) ၂၉ အိတ်၊...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျ-က်ဆီးနိုင်ခဲ့

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁ ခုနှစ်တွင် ၁၀၆၈ ဒသမ ၆၆ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၈၈ ဒသမ ၈၂၈ ဘီလီယံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၁၆၃ ဒသမ ၆၄၈ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ်တွင် ၉၇၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071